ရေခဲမုန့်စားမည့်အစား ဒိန်ချဉ်စားသုံးခြင်းက ကျန်းမာရေးအတွက် ပိုမိုသင့်တော်


ပူပြင်းတဲ့ နွေရာသီနေ့ရက်တွေမှာ ချိုမြတဲ့ ရေခဲမုန့်စားခြင်းထက် အေးခဲတဲ့ 

ဒိန်ချဉ်ကိုသောက်သုံးခြင်းက ကျန်းမာရေးအတွက် ပိုမိုသင့်လျော်တယ်လို့သိရပါတယ်။

ဈေးကွက်သုတေသနတွေအရ  ဒိန်ချဉ်ရောင်းချရမှုဟာ တစ်နှစ်ကို ၂၁% အထိ 

တိုးတက်လာတယ်လို့ သိရပါတယ်။ ဒိန်ချဉ်ရောင်းချတဲ့ ဆိုင်အရေအတွက်ဟာလည်း 

နှစ်ဆအထိတိုးတက်လာတယ်လို့ သိရပါတယ်။
 ၉၅% သော အမေရိကန်လူမျိုးတွေဟာ ဒိန်ချဉ်ကို ရေခဲမုန့်နေရာမှာ အစားထိုး 

စားသုံးလာကြတယ်လို့ သိရပါတယ်။ 

ဒိန်ချဉ်ဟာ pro biotic ဓာတ်များစွာ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် 

အထူးသင့်လျော်ပါတယ်။  ဒိန်ချဉ်ဟာ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေလို့ အစာစားပြီးတိုင်း 
အချိုပွဲ အနေနဲ့ အသားပေးစားသုံးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။

 ဒိန်ချဉ်ဟာ သွေးသားထဲမှာရှိတဲ့ အပုပ်အစပ်တွေကိုလည်း စုပ်ယူပေးတဲ့အတါက် 

အသားအရေလှပချင်တဲ့ ပျိုမေတွေဟာ သောက်လည်းသောက် လိမ်းလည်းလိမ်းသင့်တယ်လို့ 

အကြံပြုထားပါတယ်။ 

ဒိန်ချဉ်ဟာ ကယ်လိုရီတွေကြွယ်ဝစွာပါဝင်လို့  အစေ့တစ်မျိုးမျိုးနဲ့ တွဲဖက်စားသုံးရင် 

အထူးသင့်လျော်တယ်လို့ သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: CNN

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ