ဆေးလိပ်အန္တရာယ်များအကြောင်း ကလေးတွေကိုပြောခြင်းက မိဘတွေ ဆေးလိပ်ဖြတ်နိုင်စေ




မိဘတွေဟာ ဆေးလိပ်ရဲ့အန္တရာယ်တွေအကြောင်းကို ကလေးတွေနဲ့ဆွေးနွေးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ဆေးလိပ်ဖြတ်နိုင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ အမေရိကန် သုတေသနတစ်ရပ်က အကြံပြုပါတယ်။

ဆေးလိပ်ဖြတ်လိုက်သူဟောင်း ၇၀၀နဲ့ သူတို့ရဲ့ ကလေးငယ်တွေကို တစ်နှစ်ကြာ လေ့လာသုံးသပ်ခဲ့ပါတယ်။ သူတို့ထဲက တစ်ဝက်ကျော်ဟာ ဆေးလိပ်၊ ဆေးရွက်ကြီးရဲ့ အန္တရာယ်တွေအကြောင်း သင်ထောက်ကူပြုပစ္စည်းတွေနဲ့တကွ သူတို့ရဲ့ကလေးတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒီလိုရှင်းပြနေရင်းက ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူ ဖြစ်ခဲ့ကြပါတယ်။ ကျန်မိဘတွေကတော့ ဘာအကူအညီမှ မရခဲ့ပါဘူး။

တစ်နှစ်ကြာတဲ့အခါ ဆေးလိပ်မသောက်ဘဲ နေနိုင်ပြီဆိုပြီး အီးမေလ်ပို့ခဲ့တဲ့ မိဘအရေအတွက် နှစ်ဆ ရှိခဲ့ပါတယ်။

ဒီလို မိဘတွေက ကလေးတွေကိုရှင်းပြခြင်း အားဖြင့် ကိုယ်ကိုယ်တိုင်ဆေးလိပ်ဖြတ်ဖို့ အထောက်အကူရတဲ့ နည်းတူ အဲဒီ့ကလေးတွေဟာ လည်း ဆေးလိပ်မသောက်ဖြစ်တော့ပါဘူး။ အဲဒီ့ရည်ရွယ်ချက်နဲ့ ယခုလေ့လာမှုကို ပြုခဲ့တာဖြစ်ပြီး ဒီလိုရလဒ်မျိုး ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ နောက်ထပ်သုတေသနတွေ လုပ်ဖို့လိုအပ်သေးကြောင်း ဦးဆောင်သုတေသီ Christine Jackson က မှတ်ချက်ပြုပြောခဲ့ပါတယ်။

“ကျွန်တော်တို့ သုတေသနရပ်က အရေးပါပါတယ်။ သက်ကြီးပိုင်းတွေကို ကူညီပေးဖို့ရာ ချဉ်းကပ်မှုသစ်တစ်ရပ်ကို ညွှန်းနေလို့ပါ။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးတွေရှိတဲ့ မိဘတွေပေါ့။ သူတို့ ဆေးလိပ်ဖြတ်တာ အောင်မြင်ဖို့ရာ ချဉ်းကပ်မှုသစ်တစ်ရပ် အတွက်ပါ။” လို့ Jackson က ပြောပြခဲ့ပါတယ်။

ဒီ အကြံပြုချက်အတိုင်းဆိုရင် သူတို့ကလေးက ဆေးလိပ်သောက်တတ်တယ်ဆိုရင် မိဘလုပ်သူက ဆေးလိပ်ပြတ်တဲ့အချိန်မှာ ကလေးတွေလဲ လိုက်ပြတ်ဖို့ နှစ်ဆပိုသေချာသွားပါလိမ့်မယ် လို့ သူက ထပ်ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref:foxnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ