Baby Milestones ကလေးများ၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ


ဆရာရှင့်။ သမီးလေးက အသက် ၁ နှစ်နဲ့ ၂ လရှိပါပြီ။ ၆ လအရွယ်ကတည်းက တနေ့ ၁ ကြိမ်(သို့) ၂ ကြိမ် gluecos တိုက်ဖြစ်ပါတယ်။ ဒီလိုတိုက်တဲ့အတွက် ဆိုးကျိုးရှိနိုင်ပါသလား။ အခုနောက်ပိုင်းမှာ gluecose ကို သံပုရာရည် နည်းနည်းလေးထည့်ပေးမှသောက်ပါတယ်။ နောက်တခုသိချင်တာက ခလေးတွေဟာဘယ်အရွယ်မှာ လမ်းစလျှောက်တတ်ပါသလဲ။ သမီးလေးက အခုထိလမ်းမလျှောက်သေးလို့ နောက်ကျတယ်ထင်မိလို့ပါ။

ကလေးလို့သာရေးရပါတယ်။ က ကလေးငယ်ချစ်စဖွယ်လို့ မြန်မာစာသင်ပုန်းကြီးမှာ သင်ပါတယ်။

မွေးလျင်မွေးချင်း
ကလေးငိုမည်။ အသက်ရှူမှုကိုဖြစ်ပေါ်စေသည်၊ အားပေးသည်။ ကိုယ်ခန္ခာတခုလုံးသို့ သွေးလှည့်နေမှုကို အားပေးသည်။ မွေးလျင်မွေးချင်း တုံ့ပြန်မှု (၃) မျိုးရှိရမည်။ (၁) နို့စို့တတ်မည်၊ လက်ထည့်က စုပ်မည်။ (၂) ပါးတဖက်အား လက်ဖြင့်ထိကြည့်ပါက ၄င်းလက်ဆီသို့ ဦးခေါင်း-ပါးစပ်က လှည့်လိုက်လာမည်။ (၃) ပက်လက်ထားစဉ် ကလေး သိပ်ထားသည့် ကုတင်-ကြမ်းပြင်-စားပွဲအားပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းတို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။

(၄) ပါတ် - စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ အူး-အား အသံထွက်မည်။
(၆) ပါတ် - ပြုံးတတ်မည်။ ကြည့်သူ၏နောက် လိုက်ကြည့်တတ်မည်။
(၈) ပါတ် - နီးကပ်သည့်အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။
(၃) လ - ဘူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။
(၄) လ - ကလေးအစာမာ စားတတ်လာမည်၊ ပက်လက်လှန်ထားလျင် မှောက်တတ်လာမည်။
(၅) လ - ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို သတိထားတတ်လာမည်။ မိခင်ကို ပြန်ဖက်တတ်လာသည်။
(၆) လ - အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည်မည်။
(၇) လ - သူ့ဖါသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ-ဆွဲယူတတ်လာမည်။
(၈) လ - ဝမ်းလျားထိုးတတ်လာမည်။ မဟုတ်-မရှိ ဆိုသည့်စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို လက်တဖက်မှ တဖက် ပြောင်းတတ်လာသည်။ ပါပါ-မာမာခေါ်တတ်လာသည်။
(၉) လ - ဝမ်းလျားထိုး ပို၍ကြွမ်းကျင်လာမည်။
(၁ဝ) လ - ကိုင်၍မတ်တပ်ရပ်မည်။ ကဗျာ-လင်္ကာဆိုပြပါက အလိုက်သင့်အမူအယာပြာလာမည်။ ဘိုင်ဘိုင် လုပ်တတ်လာသည်။ အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။
(၁၁) လ - စကားတလုံးစနှစ်လုံးစ ပြောတတ်လာမည်။
(၁၂) လ - ခြေတလှမ်းနှစ်လှမ်းလှမ်း တတ်လာမည်။
(၁၃) လ - မတတ်တတတ်၊ မခိုင့်တခိုင် သူ့ဖါသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ၉ လ မှာစလျှောက်တယ်။ တချို့က ၁၇ လအထိနောက်ကျတယ်။ ပျမ်းမျှ ၁၄ လ ဖြစ်တယ်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။ လက်အသုံးချတတ်မှု ပိုကြွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။
(၁၄) လ - သက်တောင့်သက်သာရှိခြင်းကို ပို၍ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။
(၁၅) လ - သူ့ပင်ကိုယ်သဘာဝကလေးများပြလာမည်။ စကားပိုကြွယ်လာမည်။ အသံ ၃ လုံးပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကိုသူသိမည်။ နောက်ပြန်လျောက်တတ်လာသည်။
(၁၆) လ - သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျင် ဖြေတတ်လာမည်။ ရီတတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။
(၁၇) လ - အဝတ်အစားဝတ်တတ်-ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ၆ လုံးထိ ပြောတတ်လာသည်။ မြင်းရုပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။
(၁၈) လ - ဘောလုံးကန်တတ်လာမည်။ ခလုပ်စသည်အား တွန်းခြင်း-လှည်ခြင်းလုပ်တတ်မည်။ ဂီတဖြင့် ကတတ်လာမည်။
(၁၉) လ - မှားပြော-မှားလုပ်ပြလျင် မှားမှန်းသိလာမည်။ ဇွန်း-ခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံး ပြစ်တတ်လာသည်။
(၂ဝ) လ - လှေကားတတ်တတ်လာမည်။ ပြေးတတ်လာမည်။ ကိုက်တတ်-တွန်းတတ်သည့် ကြမ်းတမ်းတတ်လာသည်။
(၂၁) လ -အိမ်အလုပ်များကူတတ်လာမည်။ စားပွဲ-ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။
(၂၂) လ - ဘယ်ရောညာပါ လက်များ အနုစိတ်ကိုင်တတ်လာမည်။
(၂၃) လ - စကားလုံးသုံးလုံးပါဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဖက်ပြောလျင် နားလည်လာမည်။ အခြား ကလေးများနှင့် တွဲကစားတတ်လာမည်။
(၂၄) လ - သူ့အကြောင်းသူပြောတတ်လာမည်။ သူမကြိုက်တာ-ကြိုက်တာပြောတတ်လာမည်။ ဘာ့လို့လဲဆိုသည်များ မေးတတ်လာမည်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ