ကလေးငယ်တွေရဲ့ Autism ဖြစ်ပွားနှုန်းဟာ မိဘတွေရဲ့ အသက်အရွယ် အပေါ် အခြေခံနေ




ဆယ်ကျေုာ်သက် အရွယ် မိခင်တွေနဲ့ အသက် ၄၀ ကျော်မိခင် တွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာ မွေးဖွားလာတဲ့ ကလေးငယ်ဟာ Autism(အထီးကျန်စိတ်ဝေဒနာ) ရောဂါရှင် လေးတွေ ဖြစ်နေတတ်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အသက် အရမ်းကွာတဲ့ မိဘ တွေ ဟာလည်း မိမိတို့ရဲ့ ကလေးငယ်ကို Autism (အထီးကျန်စိတ်ဝေဒနာ) ရောဂါရှင် တစ်ယောက်အဖြစ်ကြီးပြင်း လာစေနိုင်ပါတယ်။ 

မိဘတွေရဲ့ အသက်အရွယ်နဲ့ Autism ရောဂါကြားက ဆက်စပ်နေမှုကို လေ့လာဖော်ထုတ်ခဲ့တဲ့ ထိုလေ့လာမှုမှာတော့ နိုင်ငံပေါင်း ၅ နိုင်ငံက ကလေးငယ်ပေါင်း ၅.၇ သန်း ပါဝင်ခဲ့ပါတယ်။

ထိုလေ့လာမှု ရဲ့ အဖြေကတော့ အသက်အရွယ်ကြီးရင့်တဲ့ မိဘ တွေဟာ autism ဖြစ်နေတဲ့ ကလေးငယ်တွေရရှိဖို့ ပိုပြီး အခွင့်အရေးများတယ် ဆိုတာကို အတည်ပြုပြောပြလိုက်ပါတယ်။ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ ဖခင်တွေဟာ autism ကလေးငယ်တစ်ယောက်ကို မွေးဖွားစေဖို့ အခွင့်အရေး ပိုများနေပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ အသက်ကြီးတဲ့ ဖခင်တွေဟာ သူတို့ရဲ့ သုတ်ရည်ထဲမှာ မျိုးရိုးဗီဇ ဆိုင်ရာ သန္ဓေပြောင်းလဲမှု( Genetic Mutations) ရှိနေတဲ့အတွက် autistic spectrum disorder(ASD) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သုတေသီတွေဟာ ဒိန်းမတ် ၊ အစ္စရေး ၊ နော်ဝေး ၊ ဆွီဒင် နဲ့ သြစတြေးလျ အနောက်ပိုင်း တို့မှာရှိတဲ့ autism ရောဂါရှင် ၃ သောင်းအပါအ၀င် ကလေးငယ်ပေါင်း ၅.၇ သန်းကျော်ကို လေ့လာကြည့်ခဲ့ကြပါတယ်။

သုတေသီတွေတွေ့ရှိခဲ့ကြတာကတော့ အသက် ၅၀ ကျော်ဖခင်တွေက မွေးဖွားလာတဲ့ ကလေး ဟာ အသက် ၂၀ ကျော် ဖခင်က မွေးဖွားစေခဲ့တဲ့ ကလေးတွေထက် Autism ရောဂါ ဖြစ်ပွားမှုနှုန်း ၆၆ ရာခိုင်နှုန်း ပိုများပါတယ်။  အသက် ၄၀ ကျော် ဖခင်တွေက မွေးဖွားစေခဲ့တဲ့ ကလေးတွေကတော့ အသက် ၂၀ ကျော် ဖခင်တွေက မွေးဖွားစေခဲ့တဲ့ ကလေးတွေထက် Autism ရောဂါ ဖြစ်ပွားနိုင်နှုန်း ၂၈ ရာခိုင်နှုန်းပိုများနေပါတယ်။

အသက် ၄၀ ကျော်မိခင်တွေက မွေးဖွားတဲ့ကလေးငယ်တွေကတော့ အသက် ၂၀ ကျော် မိခင်တွေက မွေးဖွားတဲ့ ကလေးတွေထက် autism ဖြစ်ပွားနိုင်နှုန်း ၁၅ ရာခိုင်နှုန်း ပိုများနေပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် မိခင်တွေက မွေးဖွားတဲ့ ကလေးတွေဟာလည်း အသက် ၂၀ ကျော်မိခင်တွေက မွေးဖွားတဲ့ ကလေးတွေထက် autism ဖြစ်ပွားနိုင်နှုန်း ၁၈ ရာခိုင်နှုန်းပိုများနေပါတယ်။

မိဘ ၂ ယောက်လုံးက အသက်ကြီးသူတွေဖြစ်လေ autism ဖြစ်ပွားနိုင်နှုန်း ပိုမြင့်တက်လေပဲဖြစ်နေပါတယ်။ ဒါ့အပြင် မိဘ ၂ ယောက်ရဲ့ အသက်အရွယ် ကွာခြားမှုကလည်း autism ဖြစ်ပွားနိုင်နှုန်း ကို မြင့်တက်လာစေနိုင်ပါသေးတယ်။ ဖခင်က အသက် ၃၅ က နေ အသက် ၄၄ နှစ်ကြားမှာ ရှိပြီး မိခင်က ဖခင်ထက် ၁၀ နှစ်လောက် ငယ်နေတဲ့ အခါမျိုး ၊ မိခင်က အသက် ၃၀ ကျော်နေပေမယ့် ဖခင်တွေက မိခင်ထက် ၁၀ နှစ်လောက် ငယ်နေတဲ့ အခါမျိုးတွေမှာလည်း autism ဖြစ်ပွားနိုင်နှုန်း အမြင့်ဆုံး မှာ ရှိနေပါတယ်။

ဒီလေ့လာမှုကိုတော့ Molecular Psychiatry ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ