Paronychia လက်စွယ်-ခြေစွယ် ငုပ်ခြင်း


၁။ ကျွန်တော့သမီး အသက် (၆)နှစ်ပါ။ လက်စွယ်ငုပ်ပြီး ပြည်တည်နေပါသည်။ အကြံပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည် ဆရာ။ မည်သို့ ကုသရမည်ကို ဖြေကြားပေးစေလိုပါသည်ခင်ဗျ။

၂။ ဆရာ့ ကျွန်မတူမလေးက အသက် ၁၀နှစ်ရှိပါပြီး။ တူမလေးရဲ့ညာဘက် လက်သန်းနဲ့ လက်သန်းကြွယ် လက်သည်းခွံ အောက်ခြေ လခြမ်းနားကနေ ပြည်တည်ပြီးယောင်နေပါတယ် ဆရာ။ ဖြစ်တာကတော့ တလလောက်ရှိပါပြီ။ အရင်တုန်းကလဲ ခဏခဏဖြစ်ဖူးပေမယ့် ခုလောက်လဲမဆိုးသလို ဘာဆေးမှမလိမ်း မသောက်ရပဲ သူ့အလိုလို ပြန်ပျောက်သွားဖူးပါတယ်။ ခုတကြိမ်တော့ အညှော်မိပြီးယောင်တယ်ထင်လို့ မောရိယ မန်းဆေး လိမ်းပေးနေတယ်ဆရာ။ သူ့အမေရဲ့ ညာဘက်လက်မှာလဲ ဒီလိုမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။ မျိုးရိုးကြောင့်များ ဖြစ်တတ်ပါသလားဆရာ။ ဒီရောဂါဘာကြောင့်ဖြစ်ရပါသလဲဆရာ။ ဘယ်ဆေးမျိုး လိမ်းသင့် သောက်သင့်ပါသလဲလို့ ညွှန်ကြားပေးစေလိုပါတယ်။ အောက်မှာ ပူးတွဲပါဓါတ်ပုံတွေကိုလဲပို့ပေးထားပါမယ်ဆရာ။

လက်သည်း-ခြေသည်းမှာ ပိုးဝင်ခြင်းကိုရေးပါမယ်။ ကျွန်တော်တို့က လြေစွယ်-လက်စွယ် ငုပ်တယ်လို့ပြောကြတယ်။ အဖြစ်များတယ်။ ဂရုစိုက်သင့်တယ်။ အရေပြား ဘယ်နေရာမှာ ပိုးဝင်ဝင် Staphylococci ခေါ် ဗက်တီးရီးယားကနေ ဖြစ်တာများတယ်။ Fungal ဖန်းဂတ်စ် ခေါ် မှိုပိုးလည်းဝင်တတ်တယ်။ ပျောက်ဘို့ကြာတယ်။ ဗိုင်းရပ်စ်ကနေ ပြည်တည်တာလည်း ဖြစ်တတ်တယ်။ အဲတာကတော့ လက်သည်းနားမှာ မဟုတ်ပါ။ Herpetic whitlow ခေါ်တယ်။

လက်သည်း-ခြေသည်းမှာ ပိုးဝင် နီမယ်။ နာမယ်။ ရောင်မယ်။ ပြည်တည်မယ်။ ပြည်အရောင် အမျိုးမျိုးဖြစ်နိုင်တယ်။ ပြည်ဆိုတာ ဘယ်နေရာမှာရှိရှိ ပြည်ကိုထွက်အောင်လုပ်ပေးရမယ်။ ထုံဆေးသုံးပြီး ဓါးနဲ့ခွဲပေးရတယ်။ ဆောရီး။

ရေနွေးထဲစိမ်တာ၊ အပူကပ်ပေးတာ သက်သာစေမယ်။ ပိုးသေဆေး + အနာသက်သာဆေးလိုမယ်။ Penicillin နဲ့ ampicillin တွေကို အများဆုံးသုံးတယ်။ S. aureus နဲ့ Bacteroides ပိုးတွေကတော့ ဆေးယဉ်ကြတယ်။ cephalosporins ပဌမမျိုးဆက်ဆေးတွေကိုလည်း ယဉ်နေပြီ။ Clindamycin (Cleocin) နဲ့ amoxicillin–clavulanate potassium (Augmentin) ဆေးပေးမှရတယ်။

Chronic paronychia နာတာရှည် ပြန်ပြန်ဖြစ်နေတာလည်းရှိတယ်။ ပြည်တည်ချင်မှသာ တည်မယ်။ အယ်လကာလီါ်ါတ် များတာနဲ့ ထိတွေ့ရရင် ဖြစ်တယ်။ သူနဲ့ မသင့်တာကိုယ်တွယ်ရလည်းဖြစ်တယ်။ ရေကိုင်ရ များသူတွေမှာလည်း ဖြစ်တယ်။ ဆီးချိုရှိသူ HIV ရှိသူ ပျောက်ခဲတယ်။
သုံးနိုင်တဲ့ Antibiotic ပိုးသေဆေးများ

Cloxacillin 50 to 100 mg/kg/day ကို တနေ့ ၄ ကြိမ်ခွဲသောက်ပါ။ တနေ့ 4 g/day ထက်မပိုစေရ။ ၅ ရက်ဆိုရမယ်။ လိုသေးရင် နောက်ထပ် ၂-၃ ရက်ဆက်တိုက်ပါ။ Flucloxacillin နဲ့ Dicloxacillin ကိုလည်းပေးနိုင်တယ်။

ဖန်းဂတ်စ် မှိုအတွက် Grisofulvin = 10 - 20 mg/kg/day တနေ့ တကြိမ်တိုက်ပါ။ တနေ့မှာ 1000 mg/day ထက် မများစေရ။ ဖန်းဂတ်စ် (မှို) အတွက်ဖြစ်တယ်။ ဖြစ်နေတာကြာလေ ရက်ကြာကြာလိုလေ။ ဥပမာ ၁၄-၂၁ ရက်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ