Oily skin အဆီပြန်မျက်နှာ


ဆရာခင်ဗျား မျက်နှာမှာ အဆီပြန်ခြင်းကို ထိန်းသိမ်းနိုင်တဲ့ သို့မဟုတ် ပျောက်ကင်းသက်သာစေနိုင်မယ့် ဆေးဝါး နည်းလမ်းရှိရင် ညွှန်ပြပေးစေချင်ပါတယ်ခင်ဗျာ။ ပြုမူနေထိုင်ပုံ အစားအစာ ဆေးဝါး အားလုံး ကောင်းနိုးရာရာ အကြံပြုပေးပါဦးဆရာခင်ဗျာ။ မနက်ပိုင်းသနပ်ခါးထူထူလိမ်းထားပြီး နေ့လည်လောက်ကျရင် မျက်နှာပြောင်ကြီး ဖြစ်နေတာမျိုးပါခင်ဗျ။ အမျိုးသမီး။ အသက် ၂၆ ပါ။

ကနေ့လည်း (အသက်-ကျား-မ) ကို နောက်ဆုံးမှရေး မေးတာတွေလာတယ်။ နှစ်ခါစီဖတ်နေရတယ်။ အချိန်နှစ်ဆ ကုန်ရတယ်။ ဖြစ်တဲ့သူ (မေးတဲ့သူ မဟုတ်) က အမျိုးသမီးဆိုရင် ရာသီ-အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး ထည့်ရေးဘို့ မေးနည်း စည်းကမ်းမှာ ပါထားတယ်။ အချက်အလက်မစုံရင် အဖြေလည်းမစုံ။ လွဲနိုင်သေးတယ်။ ဥပမာ အခုဖြစ်တဲ့သူ ရာသီ မမှန်ဖြစ်နေသလား မသိပါ။ တားဆေးသောက်နေသလား မသိပါ။ မျိုးဥအိမ်အကျိတ် စစ် မစစ် မသိပါ။ ဟော်မုန်းမူမမှန်တာ မသိပါ။ ဝက်ခြံရှိ မရှိ မသိပါ။

မျက်နှာအဆီပြန်တာ ကုသနည်းများ
၁။ မျက်နှာသစ်တာ တနေ့ ၂ ကြိမ်ထက်မပိုစေရ။
၂။ ရေခပ်နွေးနွေးသုံးပါ။
၃။ မျက်နှာသုံးတာ သဘာဝထွက်ကအကောင်းဆုံးဖြစ်တယ်။
၎။ ရေများများသောက်ပါ။
၅။ Oil-free moisturizers and sun-screen အမျိုးအစားသာသုံးပါ။
၆။ တပတ် ၂ ကြိမ် ညင်ညင်သာသာ မျက်နှာက်ပွတ်တိုက်ပါ။
၇။ အစားအသောက်ထဲမှာ သကြား၊ ဆားနဲ့ ဆီကြော်တာ လျှော့စားပါ။
၈။ အစားအသောက် ကျန်းမာရေးနဲ့ညီညွတ်တာစားသောက်ပါ။
၉။ ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းလုပ်ပါ။
၁ဝ။ အိပ်ရေးမပျက်စေနဲ့။

အပိုဆောင်းနည်းများ
၁၁။ Lavender သို့ Hazel ဝက်ခြံများသူဆိုရင် ဒါမျိုးသုံးနိုင်။
၁၂။ Toner သို့ Astringent တုန်နာသုံးနိုင်တယ်။
၁၃။ Moisturize ရေဓါတ်ပေးလိမ်းဆေးပုံမှသုံးနိုင်တယ်။
၁၄။ Exfoliate တပတ် ၁-၂ ကြိမ်လုပ်နိုင်တယ်။
၁၅။ Facial masks လုပ်နိုင်တယ်။
၁၆။ Apple cider vinegar တွေသုံးနိုင်တယ်။
၁၇။ Massage နှိပ်နယ်တာလုပ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ