Miscarriage Prevention ကိုယ်ဝန်မပျက်အောင်

(၁) ဆရာရှင့် သမီးအသက်က ၃ဝ ပါ။ သမီးအမျိုးသားအသက်က ၃၂ပါ။ အိမ်ထောင်သက်၃နှစ်ပြည့်ပါပြီ။ ကလေးမရသေးပါဘူး။ကလေးလိုချင်လို့ OG နဲ့ပြတော့ letroz-50mg ကို ရာသီလာတဲ့ဒုတိယညမှာစပြီး၅ရက်သောက်ခိုင်းပါတယ်။နောက်နှစ်လနေတော့ ကိုယ်ဝန်ရခဲ့ပါတယ်ဆရာ။ ကိုယ်ဝန် ၆ ပါတ်လောက်မှာ သွေးစဆင်းလာတယ်ဆရာ။ သမီးလဲစိတ်ပူပြီး OG ချက်ချင်းပြန်ပြပါတယ်။ OG ကသွေးဆင်းများလျှင်ပြန်ပြလို့ပြောပြီး ကိုယ်ဝန်ခိုင်ဆေးထိုးပေးပါတယ်။၃ရက်လောက်နေတော့ သွေးဆင်းတာ ပိုများလာပါတယ်။ နောက်နေ့ OG ပြန်ပြတော့ ကိုယ်ဝန်ပျက်ကျတာလား သေချာအောင် Ultrasound ရိုက်ခိုင်းပါတယ်။ Ultrasound ရိုက်ကြည့်တော့ Nearly Complete Misscarry လို့ အဖြေထွက်ပါတယ်။ သမီးကို သားအိမ်ခြစ်စရာ မလိုဘူးလို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း သမီးရာသီသွေးက ၂ ပတ်ခြားတစ်ခါ နဲနဲနဲ့ ရက်ကြာလာနေတယ် ဆရာ။ ၂ လလောက်ရှိပါပြီ။ ပုံမှန် ၃ ရက်လာနေကြကို ခု ၆ ရက်လောက်ကြာပါတယ်။ နာတာ ကိုက်တာတော့မရှိဘူးဆရာ။ သမီးလဲ စိုးရိမ်တာနဲ့ OG ပြန်ပြပြီး Ultrasound ထပ်ရိုက်ကြည့်ပါတယ်။ နောက်ဆုံးအဖြေကို ဆရာ့ဆီ ပို့လိုက်ပါတယ်ဆရာ။ အဲဒါ သမီးကိုအကြံပေးပါအုံး ဆရာရယ်။ သမီးသားအိမ်ခြစ်ဖို့ လိုအပ်တာလား နောက်ကလေးလိုချင်တာကြောင့် ဆောင်ရန်ရှောင်ရန် လဲသိပါရစေဆရာ။ ၂ ပါတ်တခါ ရာသီလာနေတာကရော စိုးရိမ်ရပါသလားဆရာ။ ဆရာညွှန်ထားတဲ့ blog တွေကို ဝင်ကြည့်ပါသေးတယ်။ ကြည့်လို့မရလို့ အားကိုးတကြီး အကြံတောင်းလိုက်တာပါ ဆရာ။
(၂) ဆရာ သမီးက ကိုယ်ဝန်ပျက်ကျတာ ၃ ခါရှိပါပြီ။ အကြိုနေ့ညကမှ ပျက်ကျလို့ ဆေးရုံမှာ သားအိမ်ခြစ်ထားပါတယ်။ ကလေးပျက်ကျတာများလို့ စိတ်လဲထိခိုက်ပါတယ်။ ဒါကြောင့် နောက်ထပ် ကလေးအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုမျိုး လုပ်ထားရမလဲဆိုတာ ရိုသေလေးစားစွာဖြင့် ဆရာကိုမေးတာပါ။ သမီးက အသက် ၃၇ ရှိပြီမို့ ကလေးပိုလိုချင်တာပါ။ အမျိုးသားနဲ့ အသက်ရွယ်တူတွေပါ။ အသက် ၃၅ မှ အိမ်ထောင်ပြုထားထာပါ။

(၃) ကျွန်တော့် အမျိုးသမီးက ၄ လကို ၁ ရက်မစွန်းပါဘူးဆရာ။ ၆ ကြိမ်ရှိပါပြီ။ အိမ်ထောင်သက် ၈ နှစ်ရှိပါပြီ။ ကိုယ်ဝန် ပျက်တာက သားအိမ်ချုပ်တာတောင် မရဘူး။

ကိုယ်ဝန်ပျတာ အများစုက ကုန်အောင်ဆင်းပါမယ်။ သားအိမ်ခြစ်ဘို့ လို-မလိုကို ကုသပေးတဲ့ OG က ပိုပြောနိုင်ပါတယ်။ပဌမမေးတဲ့သူမှာ မျိုးဥထွက်ဆေးတမျိုးတည်းနဲ့ ကိုယ်ဝန်ဆောင်တာဖြစ်လို့ အာရှိဘို့ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ဝန် ဆက်တည်ဘို့ လိုအပ်ချက်ရှိမလား မပြောနိုင်သေးပါ။ ဆရာရေးတာတွေဖတ်ဘူးမယ်ထင်ပါတယ်။ စိတ်ကိုအပြုသဘောဆောင်ပါ။ ပြနေကြ OG ကို တိုင်ပင်ပါ။ ဆက်ကြိုးစားပါ။

ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို ကိုယ့်ဖါသာကိုယ် မသိလိုက်သူတွေလဲ မနည်းပါ။ ဘာလို့ အဲလို အလိုလိုပျက်သလဲဆိုတဲ့ အကြောင်းတရားတွေက များတယ်။ တခါပျက်ပြီး နောက်ကိုယ်ဝန် အောင်မြင်ချင်လို့ မေးလာသူလဲ မနည်းပါ။

Miscarriage ဆိုတာ ကိုယ်ဝန် ၁၂ ပါတ်အတွင်း အလိုလိုပျက်ကျတာကို သတ်မှတ်တယ်။ ကိုယ်ဝန်မှန်သမျှရဲ့ ၁၅% လောက်ပျက်တယ်။ ၇၅% က ကိုယ်ဝန် ၁၂ ပါတ်အတွင်းမှာ ပျက်တယ်။ ကိုယ်ဝန် ရှိ-မရှိကို hCG အချင်းဟော်မုန်း စစ်ရတယ်။ အပေါင်းပြရင် ဆေးစာအရ Chemical Pregnancy ဓါတုနည်းနဲ့သေချာတဲ့ ကိုယ်ဝန်လို့ခေါ်တယ်။ (အာလ်ထွာဆောင်း) နဲ့ စစ်လို့ရလာရင်တော့ Clinical pregnancy ဆေးခန်းအတည်ပြု ကိုယ်ဝန်လို့ သတ်မှတ်တယ်။ ကိုယ်ဝန်ပျက်တာ အများစုက ဒီနောက်အဆင့်က ဖြစ်တယ်။

• Genetic (Chromosomal) အသက်ကြီးသူတွေမှာ ဒါမျိုးကို ပိုတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် ၂ ဆဖြစ်တယ်။ ၆ဝ%က မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ မျိုးဗီဇအခြေခံကြောင့်ဆိုရင်တော့ ဆရာဝန်လဲ မတတ်နိုင်ပါ။
• Uterine abnormalities သားအိမ်ကချို့ယွင်းတာထဲမှာ မွေးရာပါ သားအိမ်အခန်း ၂ ခုဖြစ်နေတာ၊ သားအိမ် နှစ်ခုတွဲ ဖြစ်နေတာတွေအပြင် Fibroid tumors သားအိမ်အလုံးက နေရာမတော်တာမှာရှိနေခြင်းလဲပါတယ်။ လိုအပ်ရင် ခွဲစိတ်ပြုပြင်ရမယ်။ Cervical incompetence သားအိမ်အဝ (ခေါင်း) မလုံသူဆိုရင် လစေ့တဲ့အထိ မတည်နိုင်လို့ ဆရာဝန်ကနေ ချုပ်ပြီးပြင်ပေးနိုင်တယ်။
• Medical conditions ကျန်းမာရေး အကြောင်းခံတွေထဲမှာ Diabetes mellitus ဆီးချို၊ Thrombophilia သွေးရောဂါနဲ့ Tyroid တိုက်ဖွိုက်ရောဂါတွေ ပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြော ရောဂါတွေကို ထိန်းနေရမယ်။
• Immunological causes ခုခံအားချို့ယွင်းမှုထဲမှာ Antiphopholipid Antibody Syndrome, Reproductive Autoimmune Failure Syndrome တွေပါတယ်။ ခဏခဏကိုယ်ဝန်ပျက်သူဆိုရင် Immunological Issues စဉ်းစားရမယ်။

ကိုယ်ဝန်ပျက်တာထဲမှာ အများဆုံးဖြစ်တဲ့ ရာသီခွင်ကို Luteal Phase ခေါ်တယ်။ ရာသီလာပြီးနောက် မျိုးဥ မထွက်ခင် ကာလကို ခေါ်တယ်။ အဲဒီကာလမှာ ချို့ယွင်းရင် ခဏခဏကိုယ်ဝန်ပျက်တတ်တယ်။ ဒီကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။

• Follicle stimulating hormone ထွက်လာမယ်။ မျိုးဥအိမ်ထဲက အကောင်းဆုံး Follicle (ဖေါ်လီကယ်) တခုကိုရွေ့းပြီး မျိုဥထွက်ဘို့ ပြင်တင်တော့မယ်။
• Luteinizing hormone ကနေ မျိုးဥထွက်ဘို့ နိုးဆွပေးမယ်။
• Corpus luteum ဆိုတာဖြစ်လာမယ်။ သူကနေ Progesterone ဟော်မုန်းထုတ်ပေးပေးမယ်။
• ဒီကာလက ၁၄ရက်ကြာတယ်။
• Progesterone နဲ့ Estrogen တွဲပြီး သာအိမ်နအတွင်းဆုံးနံရံ Endometrium ကိုပြင်ပေးကြမယ်။
• ဒါမှသာ Embryo သန္ဓေသားက Implantation တွယ်ကပ်မှုဖြစ်စေနိုင်တယ်။

ဒီဆင့်ကဲဖြစ်စဉ်မှာ ချို့ယွင်ရင် ကိုယ်ဝန်ပျက်တာကို LPD လို့ခေါ်တယ်။ သွေးစစ်ပြီး သိနိုင်တယ်။ မျိုးဥထွက်ပြီး ၇ ရက်မှာ စမ်းရင် 10-14 ng/mL နည်းနေတာရှိသူကို Luteal phase defect လို့ခေါ်တယ်။ Endometrial biopsy သားအိမ် အတွင်းဆုံးလွှာ အသားစဖြစ်ယူစစ်တာလဲလုပ်နိုင်တယ်။ Ultrasound အာလ်ထွာဆောင်းရိုက်ပြီး (ဖေါ်လီကယ်) ကို တိုင်းနိုင်တယ်။ သေးနေတယ်သူတွေကို Clomiphene Citrate (Clomid, Milophene or Serophene) မျိုးဥကြွေဆေး ပေးရမယ်။ LPD ဖြစ်နေသူကို Progesterone (Crinone or Prometrium) ဟော်မုန်းဆေးပေးမယ်။ မျိုးဥ ထွက်ချိန်ကနေ ကိုယ်ဝန် ၁ဝ-၁၂ ပါတ်အထိ ဆေးပေးတယ်။ တခါမက ပျက်သူဆိုရင် လိုမှာအမှန်ဘဲ။

ကိုဝန်မပျက်အောင် ကိုယ်ဝန်မရခင်ကတည်းကနေ စသင့်တယ်။ ကျန်းမာရေး ကောင်းနေသူတွေ ကိုယ်ဝန်ပျက်ရတာ နည်းတယ်။ ဒါကြောင့် အစာအာဟာရ မျှတလုံလောက်အောင်စားတာနဲ့ ကိုယ်လက်လှုပ်ရှားမှု (လေ့ကျင့်ခန်း) လုပ်တာက အခြေခံလိုအပ်ချက် ဖြစ်တယ်။ စိတ်ဖိအားမများစေဘို့လဲ (ဖေါလစ်အက်စစ်) သောက်ဘို့ လိုပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစား ပြင်းထံတာကိုလဲ ရှောင်ရမယ်။ ဓါတ်မှန် အရိုက်မခံပါနဲ့။ OG နဲ့အပ်ထားရမယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ရှောင်ရှာပြီး၊ (ကေဖင်း) များတာ (ကော်ဖီနဲ့ ကိုလာ) လျှော့သောက်ရပါတော့မယ်။

Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်း
• University of Warwick (ဝါးဝစ်) တက္ကသိုလ်က သုတေသီတွေက တွေ့ရှိချက်သစ်တခုကို ၁၂-၉-၂ဝ၁၃ နေ့က ထုတ်ပြန်လိုက်ပါတယ်။
• Steroids (စတီရွိုက်) နည်းနေသူတွေမှာ ကိုယ်ဝန်ခဏခဏပျက်ရတယ်။
• ကိုယ်ဝန်ဆောင်အရေအတွက် ၇ယောက်မှာ ၁ ယောက်မက Miscarriage ပျက်ကျတယ်။ အင်္ဂလန်မှာ ကိုယ်ဝန် ၃ ကြိမ်ပျက်ဘူးသူ ၁% ရှိနေတယ်။
• ကိုယ်ဝန်ပျက်တဲ့ အမျိုးသမီးတွေရဲ့ သားအိမ်မှာ ခုခံအားစန်စ်နဲ့ဆိုင်တဲ့ NK cells တွေ ပိုများနေတာကို သိလာရတယ်။
• Steroids ဆေးပေးရင် ကိုယ်ဝန်ပျက်တာကို သက်သာစေတာကိုသိထားပေမဲ့ အရင်က ဘာလို့လဲဆိုတာ မရှင်းတတ်သေးဘူး။
• ၁၂-၉-၂ဝ၁၃ နေ့ Journal of Clinical Endocrinology and Metabolism ထဲမှာ ရေးလိုက်တာကတော့ Natural killer cells (NK cells) တွေကနေ သားအိမ် အတွင်းဆုံးလွှာမှာ ဆက်ဖြစ်တာတွေရှိတယ်။
• Steroid levels နည်းနေရင် သန္ခေကို သားအိမ်မှာလာတွယ်ကပ်ဘို့ ခက်ခဲစေတယ်။ ဒါကြောင့် ကိုယ်ဝန် မပျက်စေအောင် (စတီရွိုက်) နည်းနည်းပေးတာ အကျိုးများတယ်။

Prednisolone 25mg ကို လလယ်ရက် (၁၁-၁၄ မြောက်ရက်) ကနေစပြီး ကိုယ်ဝန်ရတယ်ဆိုရင် ၁၂ ပါတ်အထိပေးတယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုး မများလှပါ။ ကိုယ်အလေးချိန်တက်မယ်၊ စိတ်မူပြောင်းနိုင်တယ်၊ အိပ်ရေးပျက်နိုင်တယ်၊ အရေပြား နဲနဲအပြောင်းအလဲ ရှိနိုင်တယ်၊ သွေးဖိအား တက်နိုင်တယ်။ ဆေးကကလေးဆီကို နဲနဲလေးသာရောက်မယ်။

တချို့က -
- ကိုယ်ဝန်ရရင် Prednisolone ဆေးကို ၂ဆတိုးပြီးပေးတယ်။
- Progesterone ဆေးကို မျိုးဥထွက်ပြီး ၄ ရက်မှပေးသေးတယ်။
- Low molecular weight Heparin or Lovenox ထိုးဆေးကို ကိုယ်ဝန်ရလာရင် ထိုးပေးတာလဲရှိတယ်။
- Low dose Aspirin ကိုလဲပေးတယ်။
- Folic acid သောက်ရမယ်။

ကျန်းမာချမ်းသာပြီး သားသမီးရတနာတွေထွန်းကားကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ