စိတ်ကျရောဂါပျောက်ဆေး Ketamine အကြောင်း သိကောင်းစရာ
တစ်ကမ္ဘာလုံး အတိုင်းအတာ အရစိတ်အခြေအနေမမှန်ခြင်းက အရွယ်ရောက်ပြီးသူတွေမှာ မစွမ်း မသန်ဖြစ်စေတဲ့အဓိကအချက်အဖြစ်ရပ်တည်နေပါတယ်။ ဒါ့အပြင်ရောဂါဖြစ်စေရတဲ့ နောက်ခံဇီဝကမ္မ ဖြစ်စဉ်တွေကိုနားလည်မှုနည်းနေတဲ့အတွက်ထိရောက်တဲ့ကုထုံးတွေဈေးကွက်မှာထွက်ပေါ်လာမှုကလည်း နည်းနေပါသေးတယ်။ အထူး သဖြင့် စိတ်ကျဝေဒနာကို ကုသတဲ့အဓိကဆေးတွေက monoaminergic စနစ်ကိုပစ်မှတ်ထားတဲ့ SSRIs ဆေးတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကရောဂါ လက္ခဏာ သက်သာဖို့ ပျမ်းမျှအချိန် ၆ ပါတ်ခန့်လိုအပ်သလိုအများစုက ဒီဆေးတွေမတိုးတော့ပါဘူး။
ဒီအချိန်မှာ Ketamine က ထိရောက်မှုမြန်ဆန်တဲ့စိတ်ကျရောဂါပျောက်ဆေး ဖြစ်လာပါတယ်။ Ketamine ရဲ့ကောင်းကျိုးတွေကတော့တစ်ကြိမ်ထဲနဲ့ပမာဏနည်းနည်းကိုအကြော ထဲထိုးရုံနဲ့ ရောဂါ လက္ခဏာတွေက နာရီပိုင်းအတွင်း သက်သာပြီး ရလဒ်ကိုနှစ်ပါတ်ခန့်အထိထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိကုထုံးတွေနဲ့ မသက်သာတဲ့လူနာတွေမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီအချက်တွေက စိတ်ကျဝေဒနာရှင် တွေအထူးသဖြင့်ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်များနေတဲ့သူတွေမှာ အလွန်အသုံးဝင်ပါတယ်။ ဒါပေ မယ့်ဘေးထွက်ဆိုးကျိုးတွေကလည်း ရေ ရှည်သုံးစွဲမယ်ဆို အများကြီးပါပဲ။ ဥပမာအားဖြင့် ယင်းဆေးက ထိန်း ချုပ်ဆေး ဖြစ်သလို အလွန်အကျွံသုံးစွဲနိုင်ခြေကလည်း များပါတယ်။ အထူးသဖြင့်ပါတီတွေမှာတော့ Special K ဆိုပြီးသိကြပါတယ်။ုKetamine ကိုပမာဏနဲနဲနဲ့ကာလ ကြာရှည်သုံးရင် မှတ်ဥာဏ် ထိခိုက်နိုင်တယ် ဆိုပြီး သုတေသနတွေလုပ်ခဲ့ပါတယ်။ ခုထိတော့တိကျတဲ့အဖြေမပေးနိုင်သေးပေမယ့် Ketamine က လက်ရှိစိတ်ကျရောဂါပျောက်ဆေးတွေနဲ့မတူညီတဲ့လမ်းကြောင်း က လုပ်ဆောင်ပေးပြီး ကုသရာမှာအထူးကြပ်မတ်စောင့်ကြည့်သင့်တဲ့ဆေးဖြစ်တယ်လို့အကြံပြုခဲ့ပါတယ်။
ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin