ညပိုင်းတာဝန်ကျသော သူနာပြုများ နှလုံးရောဂါဖြစ်ပွားရန်အခွင့်အလမ်းပိုများ


ညပိုင်းတာဝန်ကျသော သူနာပြုများအနေဖြင့် ၅နှစ်တာကာလနှင့် အထက် ပုံမှန်တာဝန်ထမ်းဆောင်ရပါ က နှလုံးရောဂါဖြစ်ပွားရန်အခွင့်အလမ်းပိုများနေသည်ဟု သုတေသနအသစ်တစ်ခုမှ JAMA ဂျာနယ် တွင်ဖော်ပြထားပါသည်။ ညနေပိုင်း တာဝန်ချိန်များ ဆင်းရခြင်းကြောင့်ကိုယ်ခန္ဓာဇီဝဖြစ်စဉ်များ ကစဥ့်လလျားဖြစ်ခြင်းနှင့်လူမှုရေးပိုင်းဆိုင်ရာပျက်ကွက်မှုများ ဖြစ်လာစေနိုင်ပြီး နာတာရှည်ရောဂါများ ပိုမိုဖြစ်စေနိုင်ပါသည်။ The National SleepFoundation မှ ညပိုင်းတာဝန်ထမ်းဆောင်ရသောဝန်ထမ်းများ (ဥပမာကျန်းမာရေးဝန်ထမ်းများ) အနေဖြင့်ကင်ဆာရောဂါများ၊ အ၀လွန်ခြင်း အစာအိမ်အနာများ ၊ ဇီဝကမ္မဆိုင်ရာ ရောဂါများအပြင်နေ့ညလွဲမှားခြင်းကြောင့် စွမ်းဆောင်ရည်များ ကျဆင်း ခြင်း၊ စိတ်ကျရောဂါများတို့ကိုလည်းပိုမိုကြုံတွေ့ဖွယ်ရှိနေသည်ဟု ဆိုထား ပါသည်။ သုတေသနတွင်ကနဦး
ကျန်းမာရေးကောင်းမွန်သောအမျိုး သမီးဦးရေ ၁၈၉၁၅၈ ယောက်တို့ အား ရွေးချယ်ကာ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားမှုရှိမရှိကို ၂၄ နှစ်ကြာသည် အထိစောင့်ကြည့်လေ့လာ ခဲ့ခြင်းဖြစ်သည် ။ နေ့ညပုံမှန် တာဝန်ကျသော သူတစ်ယောက်တွင်တစ်လလျှင် ညပိုင်းတာဝန်ချိန် သုံးရက်နှင့်အထက်ဆင်းရခြင်းကိုအလှည့်ကျညပိုင်းအလုပ်လုပ်ရခြင်း ဟု သုတေသနပညာရှင်များ က သတ်မှတ်ခဲ့ကြသည်။ ရလဒ်များအရအလှည့်ကျညပိုင်းအလုပ်ပိုမိုလုပ်ရသောအချိန်ကာလများလေလေ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ရန်အခွင့်အလမ်းပိုများလေလေဖြစ်ပြီး အချိန်ကာလအားဖြင့် ၅ နှစ်သက်တမ်းအထိ ယင်းကဲ့သို့ ည ပိုင်းတာဝန်ကျခြင်းသည် နှလုံးသွေး ကြောဆိုင်ရာရောဂါများကို ပိုမဖြစ်စေသော်လည်း ၅ နှစ်ကာလကျော်လွန်သွားသောအခါနှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားမှုကိန်းဂဏန်းများမှာသိသိသာသာမြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ