Ibuprofen သောက်သုံးမှုနှင့် နှလုံးခုန်ရုတ်တရက်ရပ်တန့် မှု ဆက်နွယ်နေ


အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သည့် Ibuprofen သည် နှလုံးခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေကို မြင့်မားစေသည့်အထောက်အထားများကို တွေ့ ရှိရပြီးနောက် ဒိန်းမတ်နိုင်ငံတွင် Ibuprofen ရောင်းချမှုကို တင်းကျပ်သောကန့် သတ်ထိန်းချုပ်မှုများ ထားရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။

ိန်းမတ်နိုင်ငံသုတေသီများက လူနာ ၃ သောင်းဦးထက်မနည်းကို ၁၀ နှစ်ကြာအောင် စူးစမ်း လေ့လာ ခဲ့ပြီးနောက် Ibuprofen ၏ နှလုံးအပေါ်သက်ရောက်စေသည့်ဆိုးကျိုးကို အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ Ibuprofen အမျိုးအစားဖြစ်သည့် Nurofen သို့ မဟုတ် Advil တစ်မျိုးမျိုးကို ရေရှည် မှီဝဲသောက်သုံး လာသူများ၏ ၃၁ ရာခိုင်နှုန်းတွင် နှလုံးခုန်ရုတ်တရက်ရပ်တန့် နိုင်ခြေမြင့်မားသည့် သာဓကများကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတွေ့ ရှိချက်က သြစတြေးလျအစိုးရကိုလည်း တုန်လှုပ်စေ ခဲ့ပြီး ဖော်ပြပါ အတိုင်း Ibuprofen အုပ်စုကို တားမြစ်ကန့် သတ်ချက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဒီလိုဆေးဝါးမျိုးကို ဆရာဝန်၇ဲ့ ဆေးညွှန်းစာမပါဘဲ ၀ယ်ယူခွင့်မပြုနိုင်တော့ပါဘူး။

လူနာတွေအနေနဲ့  လွတ်လပ်စွာဝယ်ယူပြီး ဝေဒနာသက်သာလိုဇောနဲ့  မဆင်မခြင်သောက်သုံးကြတဲ့ အတွက် နှလုံးခုန် ရုတ်တရက်ရပ်တန့် နိုင်ခြေ မြင့်မားလာတာကိုတွေ့ ရပါတယယ်။ ဒါကြောင့် Ibuprofen ကို အရင်လို လမ်းလျှောက်ဝင်ပြီးငွေပေးဝယ်တာမျိုး ခွင့်မပြုနိုင်တော့ဘဲ သေချာစွာစိစစ်ပြီးမှသာ ၀ယ်ယူ သုံးစွဲခွင့် ပြုမှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ၂၀၀၁ မှ ၂၀၁၀ အတွင်း နှလုံးခုန် ရုတ်တရက်ရပ်တန့် ခဲ့သူလူနာများကို စူးစမ်းလေ့လာကြည့်ရာဝယ် ibuprofen သောက်သုံးမှုနှင့် ဆက်နွယ်နေသည်ကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ၄င်းတို့ သောက်သုံးသည့် ဆေးဝါးများမှာ diclofenac, naproxen, ibuprofen, rofecoxib နှင့် celecoxib တို့ ဖြစ်ကြောင်း၊ လူနာ ၂၈၉၄၇ ဦးတွင် ၃၃၀၀ ဦးသည် ဖော်ပြပါဆေးဝါးတစ်မျိုးမျိုးကို အနည်းဆုံး ရက်ပေါင်း ၃၀ သောက်သုံး ခဲ့ကြောင်း၊ အများဆုံးက သောက်သုံးခဲ့ကြသည်မှာ Ibuprofen နှင့် Diclofenac ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ