မျက်လုံးထဲသို့  ပင်စည်ဆဲလ်ထိုးသွင်းရာမှ အမျိုးသမီးသုံးဦး မျက်စိကွယ်သွားခဲ့


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၌ မျက်စိအာရုံကြောပျက်စီးသည့်ဝေဒနာကို ကုစားနိုင်ရန် မျက်လုံးထဲသို့  ပင်စည်ဆဲလ်ထိုးသွင်းမှုခံယူခဲ့သူအမျိုးသမီး (၃)ဦးမှာ မျက်စိကွယ်သွားခဲ့ရကြောင်း သိရ သည်။ ဆေးပညာက စမ်းသပ်မှုအောင်မြင်ခြင်းမရှိသေးသည့်၊ တရားဝင်အသုံးပြုခွင့်လည်းမပြုသေးသည့် စမ်းသပ် ဆေးဝါးကုထုံးကို ခံယူခဲ့ရာမှ ဖော်ပြပါအတိုင်း မျက်စိကွယ်သွားခြင်းဖြစ်ပြီး ထိုကဲ့သို့  မျက်လုံးထဲ အထိ ပင် စည်ဆဲလ်ထိုးသွင်းမှုခံယူရန်လည်း တစ်ဦးလျင် အမေ၇ိကန်ဒေါ်လာ ၅၀၀၀ ပေးသွင်းခဲ့ ရသေးကြောင်း သိရသည်။

 အဆိုပါအမျိုးသမီး (၃) ဦးအနက် (၂) ဦးမှာ အစိုးရ၏သုတေသနစီမံကိန်းတစ်ခုတွင် ပါဝင်ဆောင်ရွက်နေ သည်ဟု ထင်မှတ်နေခဲ့ကြောင်း၊ ပင်စည်ဆဲလ်ထိုးသွင်းမှုခံယူပြီးမှသာ အဆိုပါစမ်းသပ်မှုမှာ အစိုးရက အသိအမှတ်ပြုထားခြင်းမရှိသည့် အန္တရာယ်များလှသည့်စမ်းသပ်မှုသာဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ သို့ သော်လည်း အခါနှောင်းသွားခဲ့ပြီး မျက်စိလုံးဝကွယ်သွားခြင်းဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုကိုပြုလုပ်ခဲ့သည့်အဖွဲ့ အစည်းမှာ တရားဝင်မှတ်ပုံတင်ထားသည့်အဖွဲ့ အစည်းမဟုတ်ကြောင်း၊ လတ်တလောနှစ်များအတွင်း ပင်စည်ဆဲလ်အစားထိုးကုထုံးဖြင့် ခန္ဓာကိုယ်၏ ယိုယွင်းပျက်စီးနေသည့် အင်္ဂါအစိပ်အပိုင်းများကို ပြန်လည်ကောင်းမွန်လာစေသည့်သာဓကများကြောင့် ပင်စည်ဆဲလ်ကုထုံးကို ယုံကြည်မှုများလာခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းယုံကြည်မှုဖြင့်ပင် အဆိုပါအမျိုးသမီး ၃-ဦး ကလည်း မျက်လုံး ထဲသို့  ပင်စည်ဆဲလ်ထိုးသွင်းမှုခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့  စမ်းသပ်မှုတွေပြုလုပ်တဲ့အခါ လူနာဘေးကင်းဖို့ အထူးဦးစားပေးရပါ မယ်။ အခုလို လူသုံးယောက် မျက်စိကွယ်သွားရတဲ့ဖြစ်အင်မျိုးဟာ အလွန်ပေါ့လျော့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ စမ်းသပ်မှု တစ်ရပ်ကိုပြုလုပ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်ဟု မျက်စိကွယ်သွားသော အမျိုးသမီး ၃ ဦးအား စောင့်ရှောက်ကုသပေးနေသည့် မိုင်ယာမီတက္ကသိုလ်မှ ဆရာဝန်များက ပြောပြ သည်။

အဆိုပါအမျိုးသမီးများမှာ အသက် ၇၂ မှ ၈၈ အတွင်းဖြစ်ကြောင်း၊ ၄င်းတို့ ၏ခန္ဓာကိုယ်အတွင်းမှ အဆီ များကိုထုတ်ယူကာ ၄င်းအဆီများမှ ပင်စည်ဆဲလ်ကိုထုတ်ယူပြီး ပလာစမာနှင့်ပေါင်းစပ်ကာ မျက်လုံး နှစ်ဖက်လုံးထဲ သို့ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အမှန်တစ်ကယ်တွင် စမ်းသပ်မှုပြုလုပ်ရာ၌ မျက်လုံး တစ်ဖက်၌သာ ထည့်ရမည်ဖြစ်ကြောင်း၊ စမ်းသပ်မှုပြုလုပ်သည့်အဆင့်တွင်ပင် မျက်လုံးနှစ်ဖက်လုံး ထဲသို့ ပင်စည်ဆဲလ်များထိုးသွင်းခြင်းသည်ပင် ထိတ်လန့် ဖွယ်ကောင်းနေသည့် မှားယွင်းမှုဖြစ်သော ကြောင့် တာဝန်ရှိသူများကို သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ