Flu ကလေး ဖလူး


အအေးမိသလိုနဲ့ ကိုယ်ပူ၊ ချောင်းဆိုးနေတဲ့ကလေးတယောက် ဆရာဝန်ပြတော့ ပုံထဲမှာ ဆေးသုံးမျိုးညွှန်လိုက်တယ်။ ဖလူးလို့ ရောဂါအမည်တပ်တယ်။ တုပ်ကွေး။
Oxymetazoline အောက်ဆီမီတာဇိုလိုင်း ဆေးက နှာခေါင်းထဲထည့်ရတယ်။ အအေးမိတာ၊ ဆိုင်းနပ်စ်ဖြစ်တာ၊ အလာဂျီရတာ၊ ဗိုင်းရပ်စ်ကနေဖြစ်လို့ နှာစေး၊ နှာရည်ယိုတာအတွက်သုံးတယ်။ Decongestant အမျိုးအစားဆေးလို့ ခေါ်တယ်။ နှာခေါင်းထဲအစက်ချဆေး၊ ဖြန်းဆေး၊ သောက်ဆေးရည်နဲ့ ဆေးပြားတွေ။ အသက် ၆ နှစ်အောက် ကလေးတွေကို ပေးတယ်။ နှာခေါင်းထဲထည့်တာဆိုရင် နှာခေါင်းကို အသာအယာ ညှစ်ထုတ်ပြီးမှ သုံးရတယ်။ ခေါင်းမော့တား သို့ အိပ်လျက်နေပြီးထည့်ရတယ်။ ဆေးဗူးအဖျားပိုင်းကို တလက္မရဲ့ ၃ ပုံ ၁ ပုံထက်ပိုပြီး နှာခေါင်းထဲ မတည့်ရပါ။ နှာခေါင်းအတွင်းပိုင်းနဲ့ မထိစေရပါ။ အနေအထားကို ၂ မိန်စလောက်နေစေပါ။ နှာခေါင်းထဲ ဖြန်းရတာဆိုရင် တခါနဲ့တခါ ၁-၂ မိနစ်ခြားပြီး ၂ ခါဖြန်းပါ။ တနေ့ ၂ ကြိမ်သာလိုတယ်။ ဆေးကို ၃ ရက်ဆက်ထက် ပိုမသုံးသင့်ပါ။
Menthol Cough Suppressant ကတော့ ချောင်းဆိုးတဲ့သူတွေအတွက် ချိုချဉ်ဆေးဖြစ်တယ်။ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကို သက်သာစေမယ်။ ချိုချဉ်လိုပဲ ခဏခဏငုံနိုင်တယ်။ ပူရှိန်းရှိန်းနေမယ်။ ခံတွင်းထုံဆေးလို့ အမည်ပေးတယ်။
Robitussin ဆေးရည်ကတော့ ချောင်းဆိုး၊ အအေးမိအတွက်ပေးတယ်။ အသက် ၆ နှစ်အထက်သာပေးတယ်။ ၆ နှစ်ကနေ ၁၂ နှစ်အထိ 10 ml ကို ၄ နာရီတကြိမ်သောက်ရတယ်။ ၁၂ နှစ်အထက်ကို 20 ml ကို ၄ နာရီတကြိမ်သောက်ရတယ်။ စိတ်မူနည်းနည်းပြောင်းနိုင်တယ်။ ခြေလက်တုန်မယ်။ နှလုံးခုန်တာ ပြောင်းနိုင်တယ်။ မဆိုးပါ။
Humidifier ခေါ် အခန်းထဲရေငွေ့ဓါတ်ပေးတဲ့စက်ကလေးဖွင့်ထားရေးတာ အအေးမိတာ၊ တုပ်ကွေးမိတာ၊ နှာခေါင်း အလာဂျီရတာတွေအတွက် ကောင်းတယ်။ ရေထည့်ပြီး လျှပ်စစ်နဲ့ ပူပွက်ပြီး ရေငွေ့ထွက်တယ်။ ဖွင့်ထားလိုက် နားလိုက်လုပ်ရတယ်။
ကိုယ်ပူရင်တော့ Paracetamol ဖြစ်ဖြစ် Ibuprofen ဖြစ်ဖြစ် ကလေးအသက်အရတိုက်ရမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ