Fake Medicines ဖျက်ဆေးအတု


၁။ ဆရာကဆရာဝန်ဆိုတော့ ညီမက ကိုယ်ဝန်ဖျက်ချဆေးလိုချင်လို့ပါ။ ဝယ်ခဲ့မိပါတယ်။ ဒါပေမယ့် လူလိမ်တွေတွေ့လို့ပါ။ ဆေးကအတုကြီးဖြစ်နေတာ။ အခုအခက်တွေ့နေတာ။ ဆရာက အရင်မြန်မာပြည်မှာနေတာဆိုတော့ ဆေးကို ဘယ်မှာ ရောင်းလဲသိမှာပါ။ ညီမကိုနေရာလေးသိရင်ပြောပြပေးပါ။ ဆရာရဲအကူအညီအရမ်းလိုချင်ပါတယ်။ တကယ်ကို အခက်အခဲ ဖြစ်လို့ အကူအညီတောင်းတာပါ။ ဆရာဆေးပုံလေးပြပါလား သေချာအောင်ပါ။ ဆေးဆိုင်တွေမေးပြီးဝယ်လို့ရပါလား။

မေးတဲ့သူ အသက် မသိ။ ရာသီ-အိမ်ထောင်ရေး မသိ။ ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ယူထားလို့ စည်းကမ်း လိုက်နာပါတယ်။ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဆေးနည်းလဲမညွှန်ပါ။ ဆေးစာတွေသာစုံအောင်ရေးပါတယ်။ ဘလော့မှာ ဖတ်လိုကဖတ်ပါ။ ဆေးညွှန်းတယ်လို့ မယူဆပါနဲ့။ ဆေးဘယ်မှာဝယ်ရမလဲ၊ ဘယ်ဆေးခန်းကနေ လုပ်ပေးသလဲ မမေးပါနဲ့။

၂။ အမျိုးသမီး အသက်က ၂၁ ပါ ဆရာ။ Ecee2 နှစ်ခါစိတ်ပူလို့သောက်လိုက်မိတယ်ဆရာ။ ခုရာသီချိန်ကမမှန်လို့ မနက်က ဆီးစစ်တော့ အထက်ပါပုံအတိုင်းပြနေလို့ပါဆရာ။ ကိုယ်ဝန်ရှိနေပြီလားဆရာ။

ဆီးပိုင်ရှင်မှာ ကိုယ်ဝန်ရှိနေလို့ယူဆရ။ နောက် ၃-၄ ရက်မှာထပ်စစ်ရင် သေချာ။

ကျေးဇူးပါဆရာ။ ရာသီမလာလို့အရင် ၂၀ ရက်လောက်က ကေသီပန်တော့သောက်ထားတယ်။ ဆိုင်လောက်လားဆရာ။

အရပ်ဆေးတွေကို မသိပါ။

အရေးပေါ်တားဆေး၊ ကိုယ်ဝန်ဖျက်ဆေး အတုတွေရှိနေတယ်လို့ မေးခွန်းတွေအရ သိရ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ