Earwax and Babies ကလေး နားဖါ


၁။ မင်္ဂလာပါဆရာ ကျွန်မကလေးက အသက် ၃ နှစ်ပြည့်ပါပြီရှင့်။ ကလေးကို နားဖာကလော်ပေးပြီး နောက်ရက်ကျ နားကိုကုပ်ပြီး ထထငိုပါတယ်ဆရာ။ နားကိုတခုခုဖြစ်မှာ စိုးရိမ်လို့ပါဆရာ။ အဲ့တာဘာလုပ်ပေးရမလဲသိချင်လို့ပါဆရာ။ ကျွန်မစာထဲမှာ စာအရေးအသားအမှားပါရင် ခွင့်လွှတ်ပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဆိုးရိမ်ကို စိုးရိမ်လို့ပြင်လိုက်တယ်။ တစ်ခုခုကို တခုခုလို့ပြင်လိုက်တယ်။ ဆောရီး။

သည်အတိုင်းထားလည်း စိုးရိမ်စရာ မရှိပါ။ နားထဲရေဝင်ရင် နားကိုက်တတ်တယ်။ အဲတာဖြစ်ရင် ပါရာစီတမောအရည်သာ ကလေးအသက်အရ တိုက်သင့်တယ်။

နည်းနည်းသာမြင်နေရတတဲ့နားဖါကို အဝတ်စလေးနဲ့သာသန့်ပေးသင့်တယ်။ ကိရိယာတွေ နားဖာကလောစရာတွေ မသုံးသင့်။ အထဲကို ပိုဝင်သွားစေနိုင်တယ်။

ရေနွေးစိုအဝတ်စလေးနဲ့ မြင်နေရတဲ့နားဖါကို ပျော်စေပါ။ အတွင်းထဲထိုးမထည့်မိအောင်သတိထားပါ။

Hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဆေးရည် ၁-၂ စက်နားထဲထည့်ပါ။ အမြှုပ်ထလာမယ်။ ခဏနေရင် အဝတ်စသန့်သန့်လေးနဲ့ သန့်ရှင်းပေးပါ။ အထဲထိုးထည့်တာ မဖြစ်စေပါနဲ့။ တနေ့ ၁ ကြိမ်၊ ၂-၃-၄-၅ ရက်လုပ်ပါ။ ကလေး ခေါင်းမထောင်နိုင်သေးတဲ့အရွယ်မှာ မသုံးရ။

လိုအပ်ရင် နားအထူးကုဆရာဝန်ပြပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ