ရက်တိုပြင်းထန်ကုထုံးသစ်ဖြင့် ဆီးချိုအမျိုးအစား(၂)ကို ၃-လထက်မနည်း သက်သာပျောက်ကင်းစေနိုင်


ကနေဒါနိုင်ငံ၊ McMaster တက္ကသိုလ်မှ ဆေးသုတေသီများသည် ဆီးချိုအမျိုးအစား(၂)ဖြစ်ပွားနေသူများ ကို ရက်တိုပြင်းထန်ကုထုံးသစ်ဖြင့် စမ်းသပ်ကုသကြည့်ရာ လူနာ ၄၀ ရာခိုင်နှုန်းထက်မနည်းတွင် ဆီးချို ဝေဒနာကို ၃-လအတွင်း နောက်ကြောင်းပြန်စေနိုင်ခဲ့ကြောင်း သိရသည်။ ဆီးချိုအမျိုးအစား(၂) ကို နာတာရှည်ရောဂါအမျိုးအစားတွင်ထည့်သွင်းထားပြီး တစ်ကြိမ်စတင်ဖြစ်ပွားလျင် သက်သာပျောက်ကင်း နိုင်ခြင်းမရှိတော့ဘဲ ဆေးဝါးကုသမှုနှင့် နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတို့ ဖြင့်သာ ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း ၊ အခြေအနေဆိုးဝါးလာလျင် အစာအိမ်ကို နှစ်ပိုင်းခွဲကာ တစ်ပိုင်းကိုပိတ်ထား ရသည့် ခွဲစိပ်ကုသမှုခံယူရသည်များလည်းရှိကြောင်း၊ သို့ သော် ဆီးချိုဝေဒနာကို နောက်ကြောင်းပြန်စေနိုင် သည့် ထိရောက်မှုမျိုးမရှိဘဲ ထိန်းချုပ်ထားသည့်အဆင့်တွင်သာရှိကြောင်း၊ ယခု ကနေဒါသုတေသီများ၏ စမ်းသပ်ကုထုံးက ဆီးချိုဝေဒနာကို နောက်ကြောင်းပြန်စေရာတွင် အောင်မြင်မှု ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ဆီးချိုအမျိုးအစား(၂)ကို အမြဲတမ်းအတွက်မဟုတ်တောင် သတ်မှတ်ကာလတစ်ခုအတောအတွင်းမှာတော့ သက်သာပျောက်ကင်းနေအောင် ကုသလို့ ရနိုင်ပါတယ်။ ရေတိုပြင်းထန်ကုထုံးသစ်ကို ခံယူရမှာဖြစ်ပါ တယ်။ စမ်းသပ်မှုတွေမှာတော့ လူနာတွေရဲ့ ဆီးချိုဝေဒနာကို သိသိသာသာသက်သာပျောက်ကင်းစေခဲ့ ပါတယ်။ ဆေးလည်းသောက်ရပါမယ်။ အင်ဆူလင်လည်းထိုးရပါမယ်။ နေထိုင်မှုပုံစံကိုလည်း ပြောင်းပေး ရပါမယ်။ ဒီလိုအပြင်းအထန်ကုသမှုခံယူတာကို ၂လကနေ ၄လကြာတဲ့အထိ လုပ်ပေးမယ်ဆိုရင် နောက် ထပ် (၃)လ လောက်တော့ ဆီးချိုမရှိတဲ့အတိုင်း သာယာချမ်းမြေ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်ဟု McMaster တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည်။ ဆီးချိုအမျိုးအစား(၂)ကို နောက်ကြောင်းပြန်စေနိုင် မယ့်နည်းလမ်း ရှိနိုင်မယ်လို့  အရင်ကလည်း ယူဆခဲ့ ကြပါတယ်။ အခုတော့ လက်တွေ့ စမ်းသပ်မှု အောင်မြင်သွားပါပြီ ။

လတ်တလောမှာ လပိုင်းလေးပဲ သက် သာပျောက်ကင်းတယ်ဆိုပေမယ့် ပျောက်ကင်းတာအမှန်ပါပဲ။ ဆက်လက်စမ်းသပ်မှုတွေပြုလုပ်ပြီး ဆီးချို အမျိုးအစား(၂)ကို အမှန် တစ်ကယ်ပျောက်ကင်း သက်သာ သွားအောင် ပြုလုပ်နိုင်ဖို့  ကြိုးပမ်းနေပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

အမေရိကန်ပြည်ထောင်စုတွင် ဆီးချိုအမျိုးအစား(၂)ဖြစ်ပွားနေသူ ၂၉ သန်းထက်မနည်းရှိပြီး ၂၀၂၁ ရောက် လျင် နှစ်စဉ်ဆီးချိုကုသမှုကုန်ကျစရိတ်မှာလည်း တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၅၁၂ ဘီလီယံ ဖြစ်သွား နိုင်သည့် အတွက် ကနေဒါနိုင်ငံ၏ စမ်းသပ်တွေ့ ရှိမှုကို ကြိုဆိုထားကြောင်းနှင့် စမ်းသပ်မှု အ၀၀ ကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ