အဆီပြည့်ဝသည့်နို့ ထွက်ပစ္စည်းစားသုံးမှုနှင့် ပိန်ပါးသွယ်လျကာ ကိုလက်စထရောနည်းပါးမှု ဆက်နွယ်နေ


နွားနို့ နှင့်နို့ ထွက်ပစ္စည်းများကို အဆီထုတ်ယူပြီးမှမှီဝဲခြင်းထက် အဆီအပြည့်အ၀ပါရှိသည့်အတိုင်း စားသုံး ခြင်းက ပိန်ပါးသွယ်လျခြင်းကိုအားပေးပြီး သွေးတွင်းကိုလက်စထရောပါဝင်မှုကိုလည်း နည်းပါးစေနိုင်မည် ဖြစ်ကြောင်း အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်တက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ကြေညာသည်။

တစ်ချိန်က နို့ နှင့်နို့ ထွက်ပစ္စည်းများမှ အဆီဓါတ်ကိုထုတ်ယူပြီးမှသာ မှီဝဲခြင်းဖြင့် ကျန်းမာရေးနှင့်ပို၍ ညီညွှတ်စေနိုင်ကြောင်း ထုတ်ပြန်ခြင်းများရှိခဲ့သည့်အတွက် နောက်ပိုင်းထုတ်လုပ်သည့်နွားနို့ နှင့်နို့ ထွက် ပစ္စည်းများတွင် အဆီကိုထုတ်ပြီး ထုတ်ကုန်များကိုသာ ရောင်းချခဲ့ကြောင်း၊ သို့ သော် အဆီပြည့်ဝသည် တို့ ကို စားသုံးသူများအား လေ့လာစမ်းသပ်ကြည့်ရာဝယ် ၄င်းတို့ ၏ခန္ဓာကိုယ်တွင် အဆီပါဝင်မှုနည်းပါးပြီး အရပ်နှင့်ခန္ဓာကိုယ်အချိုးအစား BMI သည်လည်း ကျန်းမာရေးနှင့်ညီညွှတ်သည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အိုင်ယာလန်တွေ့ ရှိချက်က အများသိထားတဲ့အသိတွေနဲ့  ဆန့် ကျင်နေပါတယ်။

နို့ ထွက်ပစ္စည်းတွေမှာ အဆီပါဝင်မှုများရင် မပျော်ဝင်နိုင်တော့တဲ့အဆီလည်း များလာတာပဲဖြစ်ပါတယ်။ မပျော်ဝင်နိုင်တဲ့အဆီ တွေဟာ သွေးထဲမှာပျော်ဝင်နိုင်မှာမဟုတ်တဲ့အတွက် လူကိုဝစေပါတယ်။ ဒါ ကျွန်တော်တို့ သိထားတဲ့ အသိပါ။ အဲဒီမပျော်ဝင်နိုင်တဲ့အဆီတွေကြောင့် LDL ကိုလက်စထရောလည်း များပြားလာနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့  နှလုံရောဂါမျိုးစုံနဲ့ နှလုံးခုန်ရုတ်တရက်ရပ်တန့် မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ ပေါ်က အခြားနိုင်ငံတွေလိုပဲ အိုင်ယာလန်နိုင်ငံမှာလည်း နှလုံးရောဂါနဲ့ သေဆုံးသူက နှစ်စဉ် ၁၀၀၀၀ ထက်မနည်း ရှိပါတယ်ဟု သုတေသီတစ်ဦးက ဝေဖန်သုံးသပ်သည်။

 သို့ သော် ဒပ်ဘလင်သုတေသီများက မပျော်ဝင်နိုင်သည့်အဆီတို့ သည် နှလံးရောဂါကိုဖြစ်စေနိုင်သည့် အဓိကတရားခံများမဟုတ်ကြောင်း၊ ပြည့်ဝအဆီပါရှိသည့် ဒိန်ခဲကိုစားသူနှင့်မစားသူတို့ တွင် သွေးတွင်း ကိုလက်စထရောပါဝင်မှုနှုန်းမှာ အထွေအထူးကွာခြားမှုမရှိကြောင်း၊ သို့ သော် ဒိန်ခဲကဲ့သို့  ပြည့်ဝအဆီ ပါဝင်သည့်အစားအစာများကိုစားသူများသည် ပိုပိန်ပြီး နှလုံးအားလည်း ပိုကောင်းသည်ကို အသက် ၁၈ နှစ်မှ ၁၉ နှစ်အရွယ် လူ ၁၅၀၀ ဦးထက်မနည်းကို စူးစမ်းလေ့လာသိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ ဖြစ်၍ ပြည့်ဝအဆီ သို့ မဟုတ် မပျော်ဝင်နိုင်တော့သည့်အဆီပါရှိသည့် နို့ ထွက်ပစ္စည်းများကို စားသုံးရန် သင့်မသင့်အား ပညာရှင်များအကြား ဆက်လက်ငြင်းခုန်ဆွေးနွေးနေကြကြောင်း သိရ သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ