မျိုးပွားနိုင်ခြင်းမရှိဘဲမြုံနေသည့်အမျိုးသားများကို ပင်စည်ဆဲလ်ထည့်သွင်းကုသမှု၏ရလာဒ် ရောထွေးနေသေး


အဖိုသုက်ရည်ဂလင်းကင်ဆာဖြစ်ပွားသည့်အတွက် မျိုးမပွားနိုင်တော့ဘဲ မြုံနေသည့်အမျိုးသားများကို ပင်စည်ဆဲလ်ထည့်သွင်းကုသခဲ့ရာဝယ် ရလာဒ်များမှာ အကောင်း၊အဆိုး ရောထွေးနေသေးကြောင်း ၄င်း စမ်းသပ်မှုကိုပြုလုပ်ခဲ့သည့် ဒိန်းမတ်နိုင်ငံ Odense တက္ကသိုလ်ဆေးရုံမှ သုတေသီ ဒေါက်တာ Martha Haar က ပြောပြသည်။

ဖော်ပြပါစမ်းသပ်ကုသမှုတွင် ပါဝင်ခဲ့သူလူနာများအားလုံး၌ ထူးခြားမှုမပြခဲ့ဘဲ အချို့ တွင်သာ ကျားလိင် အင်္ဂါ ပြန်လည်သန်စွမ်းလာပြီး အိမ်ထောင်ရေးသုခကို ခံစားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပန်းသေ၊ပန်း ညိုးရောဂါများကို ပင်စည်ဆဲလ်အစားထိုးကုသမှုဖြင့် သက်သာပျောက်ကင်းစေနိုင် သည် ဟူသည့်သတင်း မှာ ရေပန်းစားနေကြောင်း၊ သို့ သော် စမ်းသပ်မှုအပြည့် အ၀မအောင်မြင်သေးသည့် အတွက် မြုံနေသည့် အမျိုးသားထုသည် အလျင်မလိုဘဲ သေချာသည့်အချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း Haar က ဆက် လက် ပြောပြသည်။

ပင်စည်ဆဲလ်ထည့်သွင်းကုမှုခံယူထားသူအမျိုးသား ၂၁ ဦး အနက် (၈) ဦးတွင် ပန်းသေပန်းညိုးရောဂါ တဖြည်းဖြည်းသက်သာလာပြီး ၆-လခန့် ကြာမြင့်သည့်အခါ သဘာဝအတိုင်း ယောက်ျားပီသလာပြီ ဖြစ်ကြောင်း၊ အခြားသော ဟိုမုန်းဆေးဝါးများအကူအညီကို ရယူရန် မလိုတော့ကြောင်း ၊ ပုရိသလောက တွင် ပန်းသေ၊ပန်းညိုးခြင်းမှာ အဖြစ်များပြီး Viagra, Cialis ကဲ့သို့  လိင်အားပေးသည့်ဆေးများကို အရမ်း ကာရော မှီဝဲနေကြကြောင်း ၊ ကျားလိင်တံအစားထိုးတပ်ဆင်မှုခံယူသူများပင် ရှိကြောင်း သိရသည်။

ပန်းသေ၊ပန်းညိုးရသည့်အကြောင်းရင်း အမျိုးမျိုးရှိနိုင်ကြောင်း၊ နှလုံးရောဂါနှင့်ဆီးချိုရောဂါတို့ ကြောင့် လည်း ကျားလိင်အင်္ဂါသွေးကြောများ ပျက်စီးနိုင်ကြောင်း၊ သုက်ရည်ဂလင်းကင်ဆာကြောင့်လည်း သွေး ကြောများအပြင် အာရုံကြောများပါ ပျက်စီးသွားနိုင်ကြောင်း၊ သုက်ရည်ဂလင်းကင်ဆာဖြစ်ပွားသူများသည် ခွဲစိပ်ကုသမှုခံယူရကြောင်း၊ သို့ သော် ရာနှုန်းပြည့်ပြန်လည်၍ ယောက်ျားပီသလာခြင်း မရှိတော့ကြောင်း၊ ထက်ဝက်ကျော်ခန့် မှာ မြုံသွားလေ့ရှိကြောင်း၊ ထို့ ကြောင့် ပင်စည်ဆဲလ်အစားထိုးကုသခြင်းကို အမျိုးသား များ အလွန်စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။သုတေသီများသည် လူနာ၏အဆီကိုထုတ်ယူကာ ဓါတ်ခွဲခန်းထဲတွင် ပင်စည်ဆဲလ်များကိုထုတ်ယူခြင်း ဖြစ်ကြောင်း၊ ထို့ နောက် ၄င်းပင်စည်ဆဲလ်များကို လိင်အင်္ဂါထဲသို့  ထိုးသွင်းပေးခြင်းဖြစ်ကြောင်း၊ ပင်စည် ဆဲလ်များသည် ရောက်လေရာ ခန္ဓာကိုယ် အင်္ဂါ အစိပ်အပိုင်း၌ ဆဲလ်အသစ်ကို ပွားစေနိုင်ကြောင်း၊ ထို့ ကြောင့် ယခုနောက်ပိုင်းတွင် ပင်စည် ဆဲလ် ထည့်သွင်းကုသမှုကို ဦးစားပေးဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ