အိုမင်းရင့်ရော်မှုနှင့်ဓါတ်ရောင်ခြည်ဖြာသင့်မှုတို့ ကို ဗီဇဆဲလ်ကုထုံးဖြင့် ကုသနိုင်ရန်စမ်းသပ်


အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်ဆေးတက္ကသိုလ်မှသုတေသီများက အိုမင်းရင့်ရော်မှု၏ အဓိကတရားခံ ဖြစ်သည့် DNA ယိုယွင်းပျက်စီးမှုကိုပြုပြင်ပေးနိုင်သည့်ယန္တရား အားနည်းလာရသည့်အကြောင်းရင်းကို ရှာဖွေ တွေ့ ရှိထားပြီး ၄င်းယန္တရားကို ပြန်လည်အားကောင်းအောင်ပြုလုပ်ပေးနိုင်လျင် အိုမင်းရင့်ရော်မှုကို နောက် ကြောင်းပြန်စေနိုင်မည်ဖြစ်သည့်အပြင် ဓါတ်ရောင်ခြည်သင့်မှုကြောင့် ဆဲလ်များပျက်စီးသည် ကိုလည်း ပြန်လည်ကုစားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

 ဇရာကိုလွန်ဆန်လို့ မရဘူးဆိုတဲ့စကားက အခုမမှန်တော့ပါဘူး။ DNA ပျက်စီးလို့  အိုမင်းရင့်ရော်ဆိုရင် DNA မပျက်စီးအောင် ကာကွယ်ပေးရင် မအိုတော့ဘူးပေါ့။ အဲဒီလိုကာကွယ်ပေးဖို့  ဘယ်ယန္တရားကို ထိန်းချုပ်ရမယ် ဆိုတာ ကျွန်တော်တို့  ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကြွက်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ပျက်စီးနေတဲ့ DNA တွေ ပြန် အားကောင်းလာပြီး ဆဲလ်အသစ်တွေလည်း ပြန်လည်ဖြစ်ထွန်းလာတာကိုတွေ့ ရပါတယ်။ ဒီပုံစံအတိုင်းဆိုရင် မအိုဆေးကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ဓါတ်ရောင်ခြည် သင့်ခံထားရတဲ့ လူနာတွေအတွက်လည်း သတင်းကောင်းပါ။ အထူးသဖြင့် အာကာသခရီးသွားနေရသူ တွေ ပေါ့။ ဒါ့အပြင် ကင်ဆာလူနာတွေအတွက်လည်း အသက်ကယ်ဆေးပါပဲ ဟု သုတေသီတစ်ဦးဖြစ်သူ Sinclair က ပြောပြသည်။ ခန္ဓာကိုယ်ထဲတွင် NAD မော်လီကျူး ရှိကြောင်း၊ NAD မော်လီကျူးကိုထုတ်လုပ်ပေးသည့် NMN ဓါတ်ပေါင်း က သွေးချိုဖြစ်ပွားနေသည့်ကြွက်များတွင် သကြားဓါတ်ကိုပုံမှန်ပြန်ဖြစ်အောင် ထိန်းညှိပေးနိုင်ခဲ့သည်ကို စမ်းသပ်တွေ့ ရှိခဲ့ကြောင်း၊ ယခု သုတေသီများ ကလည်း ၄င်း NMN ဓါတ်ပေါင်းကိုပင်အသုံးပြုကာ ဆဲလ် များထဲသို့  ရောက်ရှိမည့် ဓါတုပစ္စည်းများ အချင်းချင်းအချိတ်အဆက်မိစေရန် ထိန်းညှိပေးခြင်းဖြစ်ကြောင်း သိရသည်။

ခန္ဓာကိုယ်ကို အင်ဂျင်စက်တစ်လုံးလို့ ယူဆမယ်ဆိုရင် စက်အစိပ်အပိုင်းတွေချောမွေ့ စွာလည်ပတ်ဖို့  ချောစီလုံလောက်ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ NAD ဆိုတာ ခန္ဓာကိုယ်အတွက် ချောဆီနဲ့ အတူတူပါပဲ။ သို့ သော် အသက်ကြီးလာတာနဲ့ အမျှ ဒီ NAD မော်လီကျူးထွက်ရှိမှုနှုန်း ကျဆင်းသွားပါတယ်။ ချောဆီ မကောင်းတော့တဲ့အင်ဂျင်ဟာ စွမ်းရည်တွေကျလာတဲ့အတိုင်း ခန္ဓာကိုယ်လည်းအိုမင်းရင့်ရော်လာတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့  အဲဒီချောဆီကို အသစ်လဲနိုင်မယ့်နည်းကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်ဟု Sinclair က ဆက်လက်ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ