ရင်တုန်မူးဝေ နေသူများ သတိရှိပါ


မေး။ ။ဒေါက်တာစွမ်းရှင့်... သမီးမှာ မကြာခဏ ဆိုသလို ရင်တုန်ပြီး မူးဝေတတ် ပါတယ်။ အဲဒီလိုမူးဝေပြီးတိုင်း ပင်ပ်ပန်းမှုကို ခုခံ စံစားရပါတယ်။ ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။

သီတာခင်(စမ်းချောင်း)

ဖြေ။ ။ခန္ဓာကိုယ် ပိန်ပါးပြီး ရောဂါ ကာကွယ်နိုင်စွမ်း အားနည်းတဲ့ ပိုးဟပ်ဖြူလေးလို မိန်းကလေးတွေမှာ ရင်တုန်ပြီး မူးဝေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ သွေးအားနည်းခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ အကြောင်းအချက် များကြောင့်ပါ။ လူတစ်ဦးချင်းရဲ့ ရောဂါ ကာကွယ်နိုင်စွမ်း အားက မတူညီတာ ဖြစ်လို့ သာမန် မိန်းကလေး လုပ်တဲ့ အလုပ်မျိုးဟာ သမီးသီတာခင် အတွက်တော့ အားထုတ်ရတဲ့ အလုပ်ကြီး တစ်ခုဖြစ်ကောင်း ဖြစ်နေ မှာပါ။ ဒါကြောင့် မိမိဟာ မကြာခဏ ဖျားနာတတ်သူ၊ ကျန်းမာရေး ချူချာသူ၊ ခန္ဓာကိုယ် Body resistance အားနည်းသူ ဆိုရင် မိမိရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက် တိုက်တွန်းလိုတာ ကတော့ ကျွမ်းကျင် ပညာရှင် (ဆရာဝန်)နဲ့ တိုင်ပင်ပြီး အားဆေး သောက်သုံးဖို့ပါ။ ဆရာက တော်တန်ရုံ ဆေးမပေး တတ်သူဆိုပေမဲ့ သမီး သီတာခင်တို့လို ရင်တုန်မူးဝေ တတ်တဲ့ ပိုးဟပ်ဖြူလေး တွေကတော့ အစားလည်းကူ၊ ဆေးလည်း ယူရပါတယ်။ အားရှိ ပြီး ဗီတာမင် ပြည့်ဝတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သဘာဝ သစ်သီး စတာတွေ အပြင် သင့်တင့်တဲ့ အိပ်ရေး၊ ကျန်းမာရေး လိုက်စားမှု စတာတွေ ပေါင်းစပ်လိုက်ရင် အလုပ်အနည်းငယ် လုပ်တာနဲ့ ရင်တုန် မူးဝေတတ်တဲ့ ပိုးဟပ်ဖြူလေး မှသည် နိုင်ငံ့အကျိုးဆောင် အုတ်တစ်ချပ် သဲတစ်ပွင့် သယ်ပိုးနိုင်တဲ့ လူငယ်တစ်ဦး ဖြစ်မှာပါလို့ ဆရာယုံကြည် မျှော်လင့်ပါတယ်။

သမီး သီတာခင်ကို အရေးကြီးတဲ့ အချက်အဖြစ် ဆရာမှာကြား လိုတာကတော့ သမီးရဲ့ ဝေဒနာကို သေချာစွာ ဆန်းစစ် နိုင်ရန်အတွက် ဆရာဝန်ပြသ ဖို့ပါ လိုအပ်ပြီး နှလုံးနှင့် ပတ်သက်လို့ သံသယ ရှင်းရန် စမ်းသပ် ထားသင့်ပါတယ်။

....................................................

မေး။ ။ဆရာခင်ဗျာ... ကျွန်တော်ဟာ ဗိုက်မကြာခဏ အောင့်တတ်ပါတယ်။

အောင့်လို့ အယ်လ်ထရာဆောင်း ရိုက်တော့လည်း အားလုံးကောင်းတယ်ပဲ အဖြေ ထွက်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါ တစ်ရံ ပြန်အောင့်ပြန်တာပါပဲ။ ခုတလောတော့ အောင့်တဲ့အကြိမ်ရေ စိပ်လာ ပါတယ် ဆရာ။ အဲဒါ ကျွန်တော် ဘာဆက်လုပ်သင့် ပါလဲ။

မောင်ကိုကို (အမရပူရ)

ဖြေ။ ။ဗိုက်ကိုမကြာခဏအောင့်တတ်တဲ့ မောင်ကိုကို ကိုဖြေကြား လိုတာကတော့ ဗိုက်အောင့်ခြင်း အတွက် ထပ်မံ ဆန်းစစ် ကုသသင့် ကြောင်းပါ။

''ဝမ်းဗိုက်ဟာ မျက်လှည့်သေတ္တာ တစ်လုံးပဲ'' ဆိုတဲ့ ကျွန်တော့် ဆရာကြီးများရဲ့ ဆုံးမစကား အတိုင်း ကျွန်တော်လည်း ဖြေကြား လိုပါတယ်။ ဆေးပညာမှာ ဝမ်းဗိုက်ဟာ မျက်လှည့်ဆန် လှပါတယ်။ ဗိုက်ထဲမှာရှိတဲ့ ရောဂါဝေဒနာကို အပြင်မှ စမ်းသပ် ကိုင်တွယ်၍ ရနိုင်သလို၊ တစ်ခါတစ်ရံကျ စမ်းသပ်ကိုင်တွယ်၍ မရနိုင် ဖြစ်တတ်ပါတယ်။အသည်း၊ ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်ပြွန်၊ သည်းခြေအိတ်စတဲ့ အစိတ်အပိုင်းတွေလောက်ပဲ ပေါ်ပါတယ်။ အတွင်းမှာရှိတဲ့ အူမကြီးနဲ့ အူလေးတွေ တောင်ပေါ်ချင်မှ ပေါ်တာပါ။ အယ်လ်ထရာဆောင်းဟာ ဗိုက်ထဲမှာ အစိုင်အခဲ အဖြစ်ရှိတဲ့ အရာတွေ ကိုသာ သေချာစွာ ပေါ်ပေါက် စေပါတယ်။ ဒါကြောင့် အယ်လ်ထရာဆောင်းနဲ့ မပေါ်တဲ့ ရောဂါဆိုရင် ရောဂါ သေးလျှင် ကိစ္စ မရှိသော်ငြား ရောဂါကြီးရင်တော့ နောက်ကျ သွားနိုင်တာကြောင့် မောင်ကိုကို အနေနဲ့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး အသေးစိတ် စမ်းသပ်မှု ခံယူတာ အကောင်းဆုံးပါ။ ဗိုက်အောင့်တာဟာ တုပ်ကွေး ဖျားနာဖြစ်သလို ဆေးပေး လို့မရ တဲ့ ရောဂါဖြစ် တာကြောင့် နီးစပ်ရာ ဆေးခန်းဆီ အမြန်ဆုံး သွားရောက် သင့်ကြောင်း ဆရာက လော ဆော် လိုက်ရပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ