စိတ်ကျဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရနိုင်ခြေပိုနည်း


ဘော်စတွန်တက္ကသိုလ်ပြည်သူ့ကျန်းမာရေးနဲ့ဆေးပညာဌာနကသုတေသီတွေရဲ့လေ့လာမှုအရစိတ် ကျဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အမျိုးသမီးတွေမှာသောက်နေရတဲ့ဆေးတွေကြောင့် မဟုတ်သော်လည်း ကိုယ်ဝန်ရနိုင်ခြေ နည်းပါးနေကြောင်း သိရပါတယ်။ ယင်းတွေ့ရှိ ချက်ကို American Journal of Obstetrics and Gynecology မှာဖော်ပြခဲ့ပါတယ်။ စိတ်ကျဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အမျိုး သမီးတွေကိုသာမန်သူတွေနဲ့နှိုင်း ယှဉ်ကြည့်တဲ့အခါပုံမှန်ရာသီစက် ၀ိုင်းရဲ့ ကိုယ်ဝန်ဆောင်နိုင်လောက် တဲ့ကာလအတွင်းမှာပင် ကိုယ်ဝန်ရနိုင်ခြေ ၃၈% ပိုနည်းနေ တာတွေ့ ရပါတယ်။

ရလဒ်ကတော့ဆေး သောက်နေတဲ့သူမှာဖြစ်စေ၊ မသောက်တဲ့သူမှာဖြစ်စေတူတူပါပဲ။ သုတေသနမှာ ဘာလို့စိတ်ကျဝေဒနာ လက္ခဏာပိုများတဲ့အမျိုးသမီးတွေက ကိုယ်ဝန်ရဖို့ ပိုကြာလဲဆိုတာ ရှင်းမ ပြပေမယ့်ဖြစ်နိုင်တာကတော့စိတ် ကျဝေဒနာက hypothalamic-pituitary-adrenal axis ကိုထိခိုက်စေပြီး ရာသီစက်ဝန်း မမှန်ကန်မှုဖြစ်ပွားကာ ကိုယ်ဝန်ရနိုင်ခြေ နည်း တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ သုတေသနအတွက်အသက် ၂၁ မှ ၄၅ ကြား ကိုယ်ဝန်ဆောင်ဖို့ ကြိုးစား နေတဲ့အမျိုးသမီး ၂၁၀၀ ပါဝင်ခဲ့ ပါတယ်။ အဲဒီနောက် ပါဝင်သူတွေရဲ့ လက်ရှိစိတ်ကျ လက္ခဏာတွေ သုံးစွဲနေတဲ့ဆေးတွေနဲ့ အခြားအချက်တွေမေးမြန်းခဲ့ပါတယ်။

 ပျမ်းမျှ ၂၂% ခန့်က စိတ်ကျဝေဒနာ ခံစားဖူးတာတွေ့ခဲ့ရပြီး ၁၇.၂% ကတော့ ယခင်က စိတ်ကျဝေဒနာ ပျောက်ဆေးတွေသုံးစွဲခဲ့ရကာ ၁၀.၃%က တော့ လက်ရှိသုံးစွဲလျက် ရှိတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့သုတေသနရလဒ်တွေအရ benzodiazepines က ကိုယ်ဝန်ရနိုင်ချေ လျော့နည်းနေတာနဲ့ ဆက်စပ်နေတာတွေ့ခဲ့ရပါတယ်။ ပြီးတော့ SSRIs အမျိုး အစား စိတ်ကျဝေဒနာ သက်သာဆေး သုံးစွဲခဲ့တဲ့သူတွေမှာတော့ ကိုယ်ဝန်ရနိုင်ခြေ ပိုများတာတွေ့ရပါတယ်။ ဒါပေမယ့်ရရှိနိုင်တဲ့ ဆေး အရေအတွက်ကအလွန်နည်းပါးပြီး ထပ်မံလေ့လာမှုတွေလိုပါသေးတယ်လို့ဆိုခဲ့ပါတယ်။ အမေရိကန်အတွဲတွေရဲ့ ၁၀% မှ ၁၅% က သန္ဓေ မအောင်မှုပြဿနာကြုံတွေ့နေရပြီး အရွယ်ရောက်လာတဲ့ အချိန်တွေမှာအခြား အသက်အရွယ်တွေထက် ပိုပြီး စိတ်ကျနိုင်ခြေ၊ စိုးရိမ်ပူပန်မှုများတဲ့စိတ်ကျန်းမာရေး အခြေအနေတွေနဲ့ကြုံရနိုင်ခြေပိုများပါတယ်လို့ပြီးခဲ့တဲ့လေ့လာမှုတွေမှာ တွေ့ရှိခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ