ဆေးဝါးအကူအညီမပါဘဲ သွေးတိုးရောဂါကိုဘယ်လိုထိန်းချုပ်ကြမလဲ


၁။ ၀ိတ်ချပါ။
သွေးဖိအားကတစ်ခါတစ်ရံမှာကိုယ်အလေးချိန်များလာခြင်းနဲ့ဆက်စပ်လျက် ရှိပါတယ်။ ၀ိတ်များ ခြင်းကအိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတတ်ပြီး အိပ်မပျော်ဖြစ်ကာသွေးကိုတိုးစေပါတယ်။ ၀ိတ် ချခြင်းကသွေးဖိအားကိုပါပုံမှန်ဖြစ်စေပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ခါး ပတ်လည် မည်မျှရှိလဲဆိုတာကို အမြဲတိုင်းတာပါ။ အမြဲထိန်းသိမ်းပေးပါ။ အမျိုးသားတွေကခါးအတိုင်း လက်မ ၄၀ ကျော်သွားရင် ပြဿနာရှိသလို အမျိုးသမီးတွေကလည်း ၃၅ လက်မထက်မပိုသင့်ပါဘူး။ ဒီအတိုင်း အတာတွေကလူမျိုးအပေါ် မူတည်ပြီး ကွဲပြားနိုင်တဲ့အတွက်သင့်ရဲ့ ဆရာဝန်ကိုသာ မေးမြန်းပေးနိုင်ရင်ပိုကောင်းပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
တစ်နေ့ကိုမိနစ်(၃၀)ခန့်နေ့တိုင်းလေ့ကျင့်ခန်း လုပ်ပေးခြင်းကသင့်ရဲ့သွေးဖိအားကို ၄ မှ ၉ မီလီမီတာမာကျုရီအထိကျစေပါတယ်။ ဒါ ပေမယ့်လေ့ကျင့်ခန်းမလုပ်လိုက်တာနဲ့သွေးဖိအားကပြန်တက်လာမှာကိုတော့သတိပြုရပါမယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုရာမှာလမ်းလျှောက်ခြင်း၊ ခပ်ဖွဖွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ကခုန်ခြင်းတွေ ပါဝင် ပါတယ်။

၃။ ကျန်းမာရေးအတွက်သင့်လျော်တဲ့အစားအစာကိုသာစားသုံးပါ။
ကောက်စပါးနဲ့လုပ်ထားတဲ့အစားအစာ၊ အသီးအရွက်နဲ့ အဆီ ဓာတ်ဖယ်ရှားထားတဲ့ နို့ထွက်ပစ္စည်းနဲ့အဆီဓာတ်၊ ကိုလက်စထရောဓာတ်နည်းပါးတဲ့အစားအစာတွေကသွေး ဖိအားကို 14 mmHg အထိလျော့ကျစေနိုင်ပါတယ်။ ပိုတက်ဆီယမ်စားသုံးခြင်းကသွေးထဲကအငံဓာတ်ဖြစ်တဲ့ဆိုဒီယမ်ဓာတ်ကိုလျော့ပါး စေတဲ့အတွက်ပိုတက်ဆီယမ်ကြွယ်ဝ တဲ့ အသီးအရွက်တွေကို စားသုံးပေး ပါ။

၎။ အငံလျော့စားပါ။
ဆိုဒီယမ်ခေါ်တဲ့ဆားဓာတ်ကိုလျော့စားရင် သွေးဖိအား ၂ မှ ၈ မီလီမီတာမာကျုရီ (mmHg) အထိကျစေပါတယ်။ ဒါကြောင့်အငံကိုဆင်ဆင်ခြင်ခြင်စားသုံးပေးပါ။

၅။ အရက်သေစာကိုဆင်ဆင်ခြင်ခြင်သောက်စားပါ။
အရက်ကသွေးဖိအားကို ကျ စေခြင်း၊ တက်စေခြင်း ၂ မျိုးလုံးကိုဖြစ်စေပါတယ်။ ပမာဏအနည်း ငယ်ကသွေးဖိအား ၂ မှ ၄ mmHg အထိကျစေနိုင်ပါတယ်။ အရက်သောက်တာများသွားရင်တော့သွေး တိုးလာပါလိမ့်မယ်။
၆။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်တစ်လိပ်သောက်လိုက်ခြင်းကမိနစ်များစွာကြာတဲ့အထိသင့်ရဲ့သွေးဖိအားကိုတိုးနေစေမှာပါ။ ဆေးလိပ်ဖြတ်လိုက်မှသွေးဖိအားကပုံမှန်အခြေအနေကိုပြန်ရောက်မှာပါ။
၇။ ကဖင်းဓာတ်
ကော်ဖီမှာပါတဲ့ကဖင်းဓာတ်ကြောင့်ကော်ဖီတခါတရံမှသာသောက်တဲ့သူတွေမှာတော့သွေးဖိ အား 10mmHg အထိတက်စေနိုင်ပြီး ပုံမှန်သောက်သုံးနေရသူတွေမှာတော့ သွေးတိုးခြင်းမရှိစေတာကို တွေ့ရပါတယ်။

၈။ စိတ်ဖိစီးမှုတွေကိုလျော့ချပါ။
ကာလကြာရှည်စွာ စိတ်ဖိစီး နေခြင်းကသွေးတိုးခြင်းဆက်တိုက်ဖြစ်နေစေပါတယ်။ ဒီလိုစိတ်ဖိစီးနေချိန်တွေမှာကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာ၊ အရက်သေစာနဲ့ဆေးလိပ်တွေသောက်သုံးရင် ပိုဆိုးသွားမှာပါ။ ဒါကြောင့်စိတ်ဖိစီးမှုကိုလျော့ချဖို့နည်းလမ်းကိုတိုင်တိုင်ပင်ပင်နဲ့ ရှာဖွေသင့်ပါတယ်။

၉။ သွေးပေါင်ချိန်ခြင်းကိုအိမ်မှာပဲပုံမှန်ပြုလုပ်ပေးပြီး ဆရာဝန်နဲ့ ပုံမှန်ပြသပါ။

၁၀။ အကူအညီယူပါ။
မိတ်ဆွေနဲ့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ။

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ