ဘီပိုးကင်းစင်သွားသော်လည်း ကင်ဆာဖြစ်ပွားနိုင်ချေမှာမပြောင်းလဲ


အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရသူသည်ရောဂါပိုး ပျောက်သွားအောင်ဆေးကုသမှု ခံယူပြီးသော်လည်း အသည်းခြောက်နိုင်သည့်ရာခိုင်နှုန်းမှာလျော့နည်းသွား ခြင်းမရှိကြောင်း ကိုနောက်ဆုံးသုတေသနအသစ်တစ်ခုဧ။် တွေ့ရှိချက်များ အရသိရှိရပါသည်။ အသည်းရောင် အသားဝါဘီပိုးသည် အချို့သောသူများတွင်ကူးစက်ပြီး နောက်အလွယ်တကူပြန်လည်ပျောက်ကင်း သွားနိုင်သော်လည်း အချို့သူများတွင် နာတာရှည်ကူးစက်ကာ အသည်း ခြောက်ခြင်းနှင့် အသည်းကင်ဆာများ ဖြစ်ပွားစေနိုင်ပါသည်။ ကမ္ဘာပေါ်တွင် နာတာရှည် အသည်းရောင်အသားဝါ ဘီပိုးကူး စက်ခံထားရသူပေါင်း သန်း ၂၄၀ခန့် ရှိနေပြီး နှစ်စဉ်ဘီပိုးနှင့် ဆက်စပ်နေသော အသည်းရောဂါ များကြောင့်သေဆုံး သူများ ၇၈၆၀၀၀ ယောက်ခန့်ရှိနေသည်ဟု ခန့်မှန်းထားပါသည်။

သုတေသနတွင် နာတာရှည် ဘီပိုး ကူးစက်ခြင်းခံနေရသောအာလာစကာဒေသခံလူနာယောက် ၁၃၄၆ ယောက်တို့ထဲ မှရောဂါပိုး ပြန်လည်ပျောက်ကင်းသွားသော၂၃၈ယောက်နှင့်ရောဂါပိုး ဆက် လက်ရှိနေသူ ၄၃၅ ယောက်တို့ အား ရွေးချယ်ကာ နှိုင်းယှဉ်လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနအဖွဲ့ဧ။် တွေ့ရှိချက်အရအသည်းရောင် အသားဝါ ဘီပိုး ပြန်လည်ကင်းစင်သွားခြင်းသည် အသည်း ကင်ဆာဖြစ်ပွားနိုင်ချေကို သက်ရောက်မှုမရှိ သည်ကို တွေ့ရှိခဲ့ကြသည်။ သုတေ သနရှင်များမှ ယင်းကဲ့သို့ဖြစ်စေသည့်အကြောင်းအရင်းကိုသေချာမသိရှိသေးသော်လည်း ဘီပိုးဧ။် မျိုးဗီဇများသည် အသည်းဆဲလ်အတွင်းထဲတွင်ဆက်လက်ကျန်ရှိခြင်းကြောင့်ဘီပိုးသွေးထဲတွင်မရှိတော့သော်လည်း အသည်းကင်ဆာဖြစ်ပွားမှုရာခိုင်နှုန်း များနေရသေးခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချထားပါသည်။

DrA.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ