မနက်ပိုင်းတွင်တုပ်ကွေးကာကွယ်ဆေးထိုးခြင်း ပိုမိုထိရောက်မှုရှိ


တုပ်ကွေးရောဂါသည်ကမ္ဘာ့ကျန်းမာရေးကိုခြိမ်းခြောက်နေသောရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဉ်သေဆုံး မှု ၂သိန်းခွဲမှ ၅ သိန်းအထိရှိမည်ဟု ခန့်မှန်းထားသည်။ ဗြိတိန်နိုင်ငံ ဘာမင်ဂမ် တက္ကသိုလ်မှပြုလုပ်ခဲ့
သောသုတေသနတစ်ခုမှတုပ်ကွေး ရောဂါကာကွယ်ဆေးနှင့် ပတ်သက်ပြီး ကာကွယ်ဆေး ထိုးပေးသော အချိန်သည်ကာကွယ်ဆေးထိရောက်မှုရှိခြင်းအပေါ် သက်ရောက်မှုရှိနေ သည်ဟု ဆိုလိုက်ပါသည်။ အဆိုပါ
တွေ့ရှိချက်သည် အန္တရာယ်ရှိသော လူဦးရေအုပ်စုဖြစ်သည့်အသက် ၆၅ နှစ် အရွယ်နှင့် အထက်ရှိ သူများအတွက် သက်ဆိုင်မှုများ ရှိလာနိုင်ပေ မည်။ ကမ္ဘာတစ်ဝန်းတွင် တုပ်ကွေး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသော်လည်း တုပ်ကွေးသည်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးရုံတက်ရခြင်းနှင့်သေဆုံးမှုအများဆုံးသော ရောဂါတစ်မျိုး ဖြစ်နေဆဲပင်ဖြစ်သည်။

သုတေသနပညာရှင်များကတုပ်ကွေးကာကွယ်ဆေးထိုးပေးခြင်းအား နံနက်ခင်းအချိန်တွင်ပြုလုပ်ပါကပိုမိုထိ ရောက်မှုရှိသည်ကို တွေ့ရှိခဲ့ကြသည်။သုတေသနတွင်တုပ်ကွေးပိုးအမျိုး အစားသုံးမျိုးထဲမှနှစ်မျိုးအား ကာကွယ်ဆေးထိုးပြီးနောက်ကိုယ်ခန္ဓာမှတုံ့ပြန်မှုအပေါ် ခြားနားမှုအား တိုင်းတာခဲ့ရာ နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးမှုခံယူခဲ့သောသူများတွင် သွေးထဲရှိေantibody ပမာဏမှာ ညခင်းပိုင်းတွင် ကာကွယ်ဆေးထိုးမှုခံ ယူသူများထက်အဆပေါင်းများစွာများပြားနေကြောင်းတွေ့ရှိခဲ့ကြပါသည် ။ ကာကွယ်ဆေး ထိုးပြီး နောက်တစ်လခန့်အကြာတွင် ယင်းကဲ့သို့တိုင်းတာခဲ့ခြင်းဖြစ်ပါသည်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ