မိမိသန္ဓေသားရဲ့အခြေအနေကိုအချိန်မရွေး စစ်ဆေးနိုင်မည့်စက်သစ်


ပိုလန်နိုင်ငံသား သုတေသန ပညာရှင်တွေက အလွယ်တကူသယ်ဆောင်သွားလို့ရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမိမိရဲ့သန္ဓေသားအခြေအနေကိုစောင့်ကြည့်လို့ရနိုင်မယ့်စက်ကိုတီထွင်ခဲ့ကြပါတယ်။ ယင်း စက်ကိုအသုံးပြုခြင်းအားဖြင့်သန္ဓေ သားရဲ့ နှလုံးခုန်နှုန်း၊ အချင်းကြိုးကွာကျမှု၊ သန္ဓေသားရဲ့ အောက်ဆီဂျင်အခြေအနေနဲ့ချက်ကြိုးရစ်ပတ်နေမှု ရှိ၊မရှိ တို့ကို သိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းကိရိယာကို Pregnabit လို့အမည်ပေးထားပြီး၊ အဓိကရည်ရွယ်ချက်ကတော့ သန္ဓေ သားအပေါ်မှာဖြစ်ပေါ်လာနိုင်မယ့်အန္တရာယ်တွေကိုစောစောစီးစီး ကြို တင်သိရှိနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ သန္ဓေသားအပေါ်မှာကျလာနိုင်မယ့်အန္တရာယ်တွေကိုကြိုတင် သိရှိခြင်းအားဖြင့် သင့်လျော်တဲ့ဆေး ၀ါးကုသမှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ခြင်းအားဖြင့်ကလေးရဲ့ အသက်ကိုအချိန်မီကယ်တင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ယခုထုတ်လုပ်ထားသော Pregnabit ကိုလက် ရှိသုံးစွဲလျက်ရှိတဲ့ cardiotocography technology device (CTG) နေရာမှာ အစားထိုးသုံးစွဲနိုင် မှာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမဲ့ Pregnabit က CTG စက်ထက်အဆများစွာသေးငယ်ပြီး အလွယ်တကူ သယ်ယူသွားလို့ရတဲ့ အပြင်အမျိုးသမီးအနေနဲ့မိမိနှစ်သက်ရာဘယ်နေရာမှာမဆိုမိမိဖာသာစမ်းသပ်စစ်ဆေးနိုင်မယ်လို့သိရပါတယ်။ အသုံးပြုပုံမှာစက်ကိုအမျိုးသမီးရဲ့ ၀မ်းဗိုက်ပေါ် အထူးပြုလုပ်ထားတဲ့ခါးစည်းကြိုးနဲ့စည်းပေး ရုံသာဖြစ်ပြီး၊ စမ်းသပ်ရန်အတွက်ကြာမြင့်ချိန်မှာမိနစ် ၃၀ ခန့်သာကြာမြင့်မှာဖြစ်ပါတယ်။ အဲဒီနောက်ရလဒ်ကို ကျွမ်းကျင်သူတွေရှိတဲ့ စောင့်ကြည့်ဌာနကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ယင်း ကိရိယာအသစ် မှာဈေးကွက်သို့ ၂၀၁၆ မှာ ၀င်ရောက်မှာဖြစ်ပြီး၊ အဓိကအားဖြင့် ဆရာဝန်၊ သူနာပြုဆရာမ၊ သားဖွားဆရာမများအတွက်ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ