နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှု ခံစားနေရ


အမေရိကန်ပြည်ထောင်စုတွင် ဆယ်ကျော်သက်များကိုသာမ ကလေးသူငယ်များကိုပါ ဆရာဝန်များက မှားယွင်းစွာဖြင့် ဘိန်းပါသောအကိုက်အခဲပျောက်ဆေးများကို ပေးမိသည့်အတွက် နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှုကိုခံစားနေရကြောင်း အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာသည်။ ဆရာဝန်များက အသက်ငယ်ရွယ်လွန်းသူများကို buprenorphine ကဲ့သို့ ဆေးဝါးများကို သတိမမူမိဘဲ ပေးမိနေခြင်းဖြစ်ကြောင်း ၊ ၄င်းဆေးဝါးသည် ဘိန်းစွဲခြင်းကိုဖြတ်ရာတွင်အသုံးပြုသည့်ဆေးဝါးများအုပ်စု တွင်ပါဝင်ကြောင်း၊ ဆယ်ကျော်သက်များကမူ အဆိုပါဆေးဝါးများကို မလိုအပ်ဘဲ အလွဲသုံးနေကြသည်ကို လေ့လာတွေ့ ရှိရကြောင်း CDC မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အကိုက်အခဲပျောက်ဆေးအပြင်းစားတွေမှာ ဘိန်းအာနိသင်ပါဝင်ပါတယ်။ လူကြီးတွေမှာတောင် ဒီဆေး တွေကို စွဲလန်းတဲ့ရောဂါကြောင့် ဘိန်းအဆိပ်သင့်မှုဖြစ်ပွားသေဆုံးတာကို မကြာခဏကြားသိနေရပါတယ်။ အဲဒီလိုဆေးအပြင်းစားမျိုးကို ဆယ်ကျော်သက်တွေကိုပေးမိရာကနေ အခုဆိုရင် လူမမည်အရွယ် ကလေး ငယ်တွေကိုတောင် မှားယွင်းတိုက်ကျွေးမိတာတွေဖြစ်ပွားနေပါတယ်။ နှစ်စဉ် ကလေးပေါင်းသောင်းနဲ့ ချီ ဆေးရုံကိုတက်ရောက်ကုသမှုခံယူနေရပါတယ်။ ဒီလိုဖြစ်နေတာကို ထိရောက်စွာဟန့် တားဖို့  အချိန်တန် နေပါပြီ ဟု ၄င်းက ဆက်လက်ပြောပြသည်။ အမေရိကန်ပြည်ထောင်စုသည် ဘိန်း အာနိသင် ပါသော အပြင်းစားအကိုက်အခဲပျောက်ဆေးများ၏ လွှမ်းမိုး ချယ်လှယ်မှုကို တဖြည်းဖြည်းခံနေရပြီဖြစ်ကြောင်း၊ ၄င်းဆေးဝါးများကို မူးယစ်ဆေးဝါးသဖွယ်သုံးစွဲလာကြ ပြီး ဆေးလွန်ကဲသေဆုံးမှုသည်လည်း စံချိန်တင် များပြားလာပြီဖြစ်ကြောင်း ၊ ၂၀၁၄ တစ်နှစ်ထဲတွင် ဘိန်းပါ သည့် အကိုက်အခဲပျောက်ဆေး လွန်ကဲစွာ သုံးစွဲမှုကြောင့် သေဆုံးသူ ၄၇၀၀၀ ဦးရှိခဲ့ကြောင်း၊ ၄င်းနှစ်တွင် ပင် ယာဉ်/လမ်း အန္တရာယ်ကြောင့် သေဆုံးသူ ၃၂၀၀၀ ဦးသာရှိခဲ့ရာ ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများ ဆုံးကိုဖြစ်စေသည့် ယာဉ်တိုက်မှုကြောင့်သေဆုံးသူဦးရေကိုပင် ဘိန်းပါသည့်ဆေးလွန်ကဲမှုကြောင့် သေဆုံးသူ ဦးရေက ကျော်လွန်သွားခြင်းပင်ဖြစ်ကြောင်း သိရသည်။ ဘိန်းဖြူအာနိသင်ပါရှိပြီး ကလေးငယ်များကိုပင် တိုက်ကျွေးမိနေသောဆေးဝါးများမှာ hydrocodone, codeine, oxycodone, propoxyphene, tramadol, morphine, methadone, buprenorphine, meperidine, hydromorphone, fentanyl, အစရှိသည့်ဆေးဝါးများဖြစ်ကြောင်း၊ ကလေးငယ်များ ဖြစ်သည့်အလျောက် ၄င်းဆေးဝါးများကို အလိုအလျောက်ရရှိလာခြင်းမဟုတ်ဘဲ ဆရာဝန်က ဆေးညွှန်း ပေး၍သာ စတင်ရရှိခြင်းဖြစ်သည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် ၄င်းကိစ္စကို ကြပ်မတ်ဆောင် ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ