နားကိုက်ခြင်းအတွက် သဘာဝဆေးကောင်းများ
Earache လို့ခေါ်တဲ့ နားကိုက်ခြင်းဟာ နားထဲမှာ အကောင်တစ်ကောင်ဝင်ပြီး ကိုက်နေသလို ခံစားရပြီး အလွန်ဆိုးရွားပါတယ်။ နားကိုက်ခြင်းဝေဒနာကို ခံစားရဖူးသူတိုင်း နားလည်သဘောပေါက်ကြမှာပါ။
နားကိုက်ခြင်းဖြစ်ရတဲ့အကြောင်းရင်းများကတော့ နားထိခိုက်မှုရှိခြင်း၊ နားဖာချေးပိတ်ဆို့ခြင်း၊ နားပြွန်ပိတ်ဆို့ခြင်း၊ သွားဖုံးပိုးဝင်ခြင်း၊ သွားပိုးစားခြင်း၊ အဆစ်ရောင်ခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါတယ်။
နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် သဘာဝဆေးနည်းများကို မျှဝေပေးလိုက်ပါတယ်။
(၁) ပင်စိမ်းရွက်၏ သတ္ထုရည်ကို နားထဲကို ၂ စက်ခန့် ထည့်ပေးပါ။
(၂) ကြက်သွန်ဖြူကို ရေနွေးပူပူထဲထည့်ပြုတ်ပြီး ကျက်လာလျှင် ပုဝါသန့်သန့်ဖြင့်ထုပ်ကာ နားပေါ်တွင် အုံထားပေးပါ။ ချက်ချင်း သက်သာစေပါတယ်။
(၃) နားရောင်ရမ်းကိုက်ခဲမှုအတွက် မုန်ညင်းဆီ ၂စက်၊ ၃စက်ခန့် နားထဲကို ခတ်ပေးလျှင် သက်သာပျောက်ကင်းစေပါတယ်။
(၄) ဂျင်းတက်ကို ထုထောင်း၍ အ၀တ်သန့်သန့်ဖြင့် အရည်ညစ်ယူကာ နားထဲကို ၂ စက်ခန့် ခတ်ပေးလျှင် နားကိုက်ခြင်း သက်သာပျောက်ကင်းစေပါတယ်။
(၅) နားကိုက်နေလျှင် လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုသီး စသည့်အသီးများကို စားပေးသင့်ပါတယ်။ ၄င်းအသီးတို့မှာ ပါဝင်တဲ့အချဉ်ဓါတ်ဟာ နာကျင်ကိုက်ခဲမှုတို့ကို အမြန်သက်သာစေပါတယ်။
နားကိုက်ခြင်းကို ကိုယ်တိုင်လွယ်ကူစွာ ကုသနိုင်ပြီး အကျိုးထိရောက်သလို ဘေးထွက်ဆိုးကျိုးလည်းမရှိသေည့် သဘာဝနည်းများကို မျှဝေပေးခြင်း ဖြစ်ပါတယ်။
နားကိုက်ခြင်းဝေဒနာကို ခံစားနေရတဲ့ ဝေဒနာရှင်များအတွက် ဆေးနည်းများကို ဒါနပြု၍ မျှဝေပေးနိုင်ကြပါတယ်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Health Updates Journal
ကျန်းမာရေးသတင်းများ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin