အသားအရေလှစေတဲ့ သဘာဝ အသီးအရွက်များ

ငှက်ပျောသီး။ ။ ငှက်ပျော သီးထဲမှာ ဗီတာမင် A နှင့် ပိုတက် ဆီယမ် သတ္တုဓါတ် ကြွယ်ဝစွာ ပါဝင် တယ်။ ခြေနယ်ထားတဲ့ ငှက်ပျောသီး နှစ်က အရေပြားအပေါ် အသုံးပြုရင် နူးညံတဲ့ အသားအရေရရှိစေတယ်။ မျက်နှာပေါ်မှာ ချေးညှော်ကင်းရှင်း စေဖို့ မျက်နှာဖုံးလုပ်ရာမှာ ကောင်း တယ်။

အုန်းသီး။ ။ အခြားပစ္စည်း များနှင့် ရောနှောသုံးစွဲမယ်ဆိုရင် အုန်းသီးက ဆံပင်ကို သန်စွမ်း စေတယ်။ Hair Conditioning မလုပ်မီ အကြို ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင် တယ်။ အုန်းသီးကို အရေပြားမခြောက် အောင်၊ အသားအရေစိုနေအောင် လုပ်ပေးတဲ့ပစ္စည်း (Skin Moisturiser) အဖြစ်လည်း အသုံးပြုနိုင်တယ်။

ပင်လယ်ရေမှော် (Kelp)။ ။ ယင်းထဲမှာ ဗီတာမင်များနှင့် သတ္တုဓာတ်(Minerals) ကြွယ်ဝစွာ ပါဝင် တယ်။ ဒါ့ကြောင့် မျက်နှာဖုံးများ လုပ်ရာမှာ အသုံးဝင်တဲ့ ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တယ်။ အရေပြား ပြဿနာ များအတွက် အရေပြား ပြုစုစောင့် ရှောက်တဲ့ ဆေးပစ္စည်းများမှာလည်း အသုံးပြုတယ်။ အခြောက်ခံထားတာ ဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်အသုံးပြုနိုင်ပါ တယ်။

ဖရဲသီး ။ ။ ဖရဲသီးမှာ ဗီတာမင် B နှင့် C ကြွယ်ဝစွာပါ ဝင်နေတာကြောင့် ဖရဲသီးအသားကို မျက်နှာကို အေးစေတဲ့ မျက်နှာဖုံး များ ပြုလုပ်ရာမှာနှင့် အသားအရေ စိုပြည် ကျန်းမာအောင် ကုသရာမှာအသုံးဝင် တယ်။

တရုတ်နံနံ ။ တရုတ်နံနံအား ကြိတ်ခြေထားတဲ့ အနှစ်ကို အသား အရေ အတွက် အားဆေးများ၊ တုံနာ များ (အသားကြည်လင်ချောမွတ်စေတဲ့ ဆေးများ) နှင့် အသားအရေ သန့်စင်ဆေးများမှာ ထည့်သုံးတယ်။ ယင်းမှရရှိတဲ့ လက်ဖက်ရည်ကြမ်း ကတော့ အလွန်ကောင်းတဲ့ မှဲ့ခြောက်၊ တင်းတိပ်ပျောက် ဆေးပဲဖြစ်တယ်။

အာလူး ။ ။ ကြိတ်ခြေပြီး အအေးခံထားတဲ့ အာလူးအနှစ်က ခြောက်သွေ့တဲ့ အသားအရေအတွက် အစိုဓာတ်ရရှိစေတဲ့ Moisturizer နှင့် မျက်နှာဖုံးအတွက် အထူးသင့်လျော် တယ်။ မျက်ခွံများရောင်ခြင်းနှင့် နေပူလောင်ခြင်းကိုသက်သာအောင် လုပ်ရာမှာလည်း အသုံးပြုနိုင်တယ်။

နှမ်း ။ ။ နှမ်းဆီကို အရေ ပြားအာဟာရဖြစ်စေမယ့် ကုသနည်း အမျိုးမျိုးမှာ အသုံးပြုနိုင်တယ်။ ဆီက ကျဲပြီးပေါ့ပါးတဲ့အတွက် အလွန် ကောင်းမွန်တဲ့ ချောဆီဂုဏ်သတ္တိ မျိုးရှိပြီး ခန္ဓာကိုယ်နှိပ်နယ်ရာမှာ အသုံးပြုတယ်။

စတော်ဘယ်ရီသီး ။ ။ ယင်း အသီးမှာ အရေပြားကို စေ့ပြီး သွေး တိတ်စေနိုင်တဲ့ ဂုဏ်သတ္တိအနည်းငယ် ရှိတဲ့အတွက် စတော်ဘယ်ရီသီးက အရေပြား သန့်ရှင်းရာနှင့် တင်းတင်း ရင်းရင်းရှိစေတဲ့ သဘာဝကော့စမက် တစ်ပစ္စည်းများပဲဖြစ်တယ်။ လတ် ဆတ်တဲ့ စတော်ဘယ်ရီသီးများမှာ သွားကို ဖြူစင်စေတဲ့ အက်စစ်တစ် မျိုးပါတယ်။

Credit to ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ