ဆီးချိုအမျိုးအစား (၁) သည် ဘက်တီးရီးယားပိုးကြောင့်လည်း ဖြစ်ပွားနိုင်


ဆီးချိုအမျိုးအစား (၁) ဖြစ်ပွားခြင်းမှာဘက်တီးရီး ယားပိုးကူးစက်ခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်ဟူ သောအချက်ကိုဗြိတိန်နိုင်ငံကာဒစ်တက္ကသိုလ်မှသုတေ သနပညာရှင်များပြုလုပ်ခဲ့သောလေ့လာမှုတွင် ဖော်ပြထား ပါသည်။ လေ့လာမှုမှာ ကိုယ်ခန္ဓာအတွင်းရှိသွေးဖြူဥမ အမျိုးအစားတစ်ခုဖြစ်သော "killer T cells" အား ကူး စက်သည့် ဘက်တီးရီးယားမှ လှုံ့ဆော်မှုပေးကာ မိမိကိုယ်မှ အင်ဆူလင်ဟော်မုန်း ထုတ်ပေးသော ဆဲလ်များအား ဖျက်ဆီးစေခြင်းဖြစ်စဉ်ကိုဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကာဒစ်တက္ကသိုလ်ဆေးပညာဌာန ဒေါက်တာဒေးဗစ် ကိုးလ်နှင့် လုပ်ဖော် ကိုင်ဖက်များ ပြုလုပ် ခဲ့သောလေ့လာ မှုကို The Journal of Clinical Investigation ဂျာနယ်တွင် မကြာသေးမီကမှ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည် ။ ဆီးချိုအမျိုးအစား(၁)သည်ဆီးချိုရောဂါများအား လုံး၏ ၅ ရာခိုင်နှုန်းခန့်ရှိနေပြီး ကလေးငယ်များနှင့် လူငယ်လူရွယ်များတွင် ဖြစ်ပွားမှုအများဆုံးတွေ့ရှိရပါ သည်။ ဘက်တီးရီးယား၏ အစိတ်အပိုင်း လေးတစ်ခုသည် killer T cells ဆဲလ်များကိုလှုံ့ဆော်ကာ killer T cells ဆဲလ်များအား အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ပေးသည့်ဘီတာဆဲလ်(beta cells)နှင့် သွားရောက်ပေါင်းစည်း စေပြီး ပျက်စီးသေဆုံးခြင်းကိုဖြစ်စေခြင်းဖြစ်သည်။

လေ့လာမှုခေါင်းဆောင် ဒေါက်တာဒေးဗစ်ကိုးလ်မှဆီးချိုအမျိုးအစား (၁) ဖြစ်ပွားရခြင်း အကြောင်းအရင်းကို သေချာသိရှိအောင် ထပ်မံလေ့လာမှုများပြုလုပ်ဖို့လိုအပ်ဆဲဖြစ်ပြီး အခြားသောဖြစ်ပွားစေသည့် အကြောင်း အရင်း များ ထဲတွင် မျိုးဗီဇဆိုင်ရာအချက်အလက်များနှင့် ပတ်ဝန်း ကျင်အခြေအနေများကြောင့်လည်း ရှိနေသေးသည်ကို လည်း ပြောကြားခဲ့ပါသည်။

Dr AZ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ