Blackberry အသီးစားသုံးခြင်းကရမယ့်အကျိုးကျေးဇူးများ


Blackberry စားသုံးခြင်းကအစာခြေစနစ်ပိုမိုကောင်းမွန်ခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း၊ နှလုံးကျန်းမာရေး ကောင်းခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ သွေးကြောတွေပိုမိုကျန်းမာခြင်း၊ မှတ်ဥာဏ်တိုးတက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း၊ အရိုးအဆစ်သန်မာခြင်း၊ အရေပြား ကောင်းမွန်ခြင်း၊ အမြင်အာရုံချို့တဲ့ ခြင်းကိုကာကွယ်ပေးပြီး ကိုယ်ဝန် ဆောင်စဉ်မှာစားသုံးသင့်ဆုံး အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ သွေးခဲခြင်းကိုလည်း အထောက်အပံ့ပေးပါတယ်။
Blackberry က အရသာရှိတဲ့ အသီးတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓာတ်တွေလည်း အလွန်ကိုဘဲကြွယ်ဝပါ တယ်။ ဗီတာမင် A၊ B1၊ B2၊ B3၊ B6၊ folate၊ ဗီတာမင် C၊ ဗီတာမင်E နဲ့ဗီတာမင် K တို့ပါဝင်ပြီး calcium၊ iron၊ magnesium၊ phosphorous၊ potassium နဲ့ zinc ဓာတ်တွေ ပါဝင်ပါတယ်။ Amino acid ဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်အတွက်မကောင်းတဲ့ကိုလက်စထရောဓာတ်တွေလဲမပါ ၀င်ပါဘူး။

၎င်း၏အကျိုးကျေးဇူးများ
၁။ Antioxidant ဓာတ်တွေဖြစ်တဲ့ phenolic acid၊ flavonoids နဲ့ flavonols တွေကကင်ဆာဖြစ်စေတဲ့ ဓာတ်သတ္တိတွေကို ဖယ်ရှားပေးပြီး အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့၊ အစာရေမြို>ပန်ကင်ဆာတွေကိုပါကာကွယ်ပေးပါတယ်။ ကင်ဆာဆဲလ်တွေပေါက်ဖွားခြင်းကို ကာ ကွယ်ပေးနိုင်တဲ့အစွမ်းတွေလည်း ရှိပါတယ်။
၂။ Anthocyanin နဲ့အခြား phytochemicals တွေဖြစ်တဲ့ Ellagic acid နဲ့cyaniding-3-glucoside တွေကကင်ဆာအကြိတ်ကြီးထွားခြင်းနဲ့ဆက်လက်ပြန့်ပွား ခြင်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။

၃။ သွေးကြောတွေရဲ့အတွင်း နံရံတွေပျက်စီးခြင်းကိုကာကွယ်ပေး နိုင်သလို
၎။ polyphenolic ဓာတ်တွေ ပါဝင်ခြင်းကြောင့် မှတ်ဥာဏ်စွမ်း အားတွေပိုမိုအားကောင်းလာသလို အာရုံကြောတွေကိုလည်း ပိုမိုကျန်းမာလာစေနိုင်ပါတယ်။
၅။ Blackberry မှာအမျှင် ဓာတ်တွေလည်း ပါဝင်တာကြောင့် အစာအိမ်နဲ့အစာခြေစနစ်ကိုပုံမှန်အနေအထားအတိုင်း ကောင်းမွန်နေစေပြီး အူတွေမှ ရေဓာတ်ကိုစုပ်ယူနိုင်စွမ်း ပိုမိုကောင်းမွန်လာစေပြီး ၀မ်းချုပ်ခြင်း ကင်းဝေးစေကာ ၀မ်း မှန်စေပါတယ်။
၆။ Flavonols ဓာတ်တွေဖြစ်တဲ့ anthocyanins ပါဝင်တဲ့Blackberry က နှလုံးကျန်းမာဖို့အတွက်သင့်လျော်တဲ့အသီးတစ်မျိုးပါဘဲ။ magnesium နဲ့အမျှင်ဓာတ်တွေ ပါဝင်ခြင်းကြောင့် နှလုံးသွေးကြောတွေထဲမှာအဆီခဲ၊ သွေးခဲလေးတွေပိတ်ခြင်းကိုကာကွယ်ပေးပြီး သွေး ကြောတွေထဲမှာသွေးစီးဆင်းမှုကိုပုံမှန်ဖြစ်စေပါတယ်။ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းတွေကိုကာကွယ်ပေးသလို magnesium ဓာတ်ကြောင့်သွေးတိုးခြင်းနဲ့နှလုံး ခုန်မမှန်ခြင်း၊ နှလုံးကသွေးညှစ်အား မမှန်ခြင်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။
၇။ Phytoestrogens ၊ဗီတာမင်မျိုးစုံနဲ့သတ္တူဓာတ်တွေကြောင့်ခန္ဓာကိုယ်ကိုရောဂါပိုးမွှားတွေရန်မှ ကာ ကွယ်ပေးပြီး ဖျားနာခြင်း ကင်းဝေး စေပါတယ်။
၈။ အချိုဓာတ်နည်းပါးသလို ပါဝင်တဲ့ အမျှင်ဓာတ်တွေကြောင့်အဆီကျပြီး ကိုယ်အလေးချိန်ကိုပုံမှန်ဖြစ်စေပါတယ်။
၉။ Blackberry မှာပါတဲ့သတ္တု ဓာတ်တွေဖြစ်တဲ့ magnesium၊ calcium တွေကခန္ဓာကိုယ်က အရိုး အဆစ်တွေကိုလည်း သန်မာစေပါတယ်။Calcium က အရိုးကသန်မာ စေပြီး magnesium ကတော့ခန္ဓာကိုယ်မှ calcium ဓာတ်ကိုစုပ်ယူမှုအားကောင်းစေပါတယ်။
၁၀။ Blackberryစားသုံးခြင်းကအရေပြားလှပမှုကိုလည်း အားပေးပါတယ်။ အရေပြားကိုကျန်းမာစေတဲ့ဗီတာမင်C၊ ဗီတာမင် E နဲ့အခြားလိုအပ်တဲ့ ဓာတ်တွေလည်းပါပါတယ်။ ဗီတာမင်E က အရေပြားမှာ အရေးအကြောင်းဖြစ်ခြင်းကို ဟန့်တားပေးပြီး အရေပြားမှာရှိတဲ့ အဆီ ဓာတ်တွေကိုထိန်းပေးပြီး အသား အရေကိုလှပစေပါတယ်။ ဗီတာမင်C ကလည်း အရေပြားကိုတင်းတင်း ရင်းရင်း ရှိစေပါတယ်။
၁၁။ Blackberry ကိုပုံမှန်စားပေးခြင်းကနေရောင်ခြည်ကလာတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုမျက်လုံးမှ ခံနိုင်ရည်ရှိစေပြီး အမြင် အာရုံကို ပိုကောင်းစေပါတယ်။
၁၃။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် Blackberry အသီးကအလွန်ပဲစားသုံးသင့်တဲ့အသီး ဖြစ်ပါတယ်။ မွေးရာပါချို့ယွင်းတဲ့ရောဂါတွေကိုကာကွယ်ပေးပြီး သန္ဓေသားရဲ့ အရိုးတွေကို သန်မာစေခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်းတွေဖြစ်စေပါတယ်။
၁၄။ နောက်ဆုံးတစ်မျိုးက Blackberry အရွက်ရဲ့အသုံးဝင်ပုံပါ။ ၀မ်းပျက် ၀မ်းလျှောရောဂါတွေအတွက် အသုံးဝင်ပါတယ်။ အနာ ကျက်မြန်ဖို့ အရွက်တွေကိုထောင်းပြီး အုံပေးရင်လည်း ရပါတယ်။ လိပ်ခေါင်းရောဂါနဲ့လည်ချောင်းနာနေရင်လည်း Blackberry အရွက်ကို ဆေးဝါးအဖြစ် အသုံးပြုပြီး ကုသပေး နိုင်ပါတယ်။

DMW
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ