အချိုစားသုံးခြင်းကဲ့သို့ပင် အသားစားသုံးခြင်းကြောင့် အ၀လွန်နိုင်ပါသလား


သြစတြေးလျနိုင်ငံအဒယ်လိတ်တက္ကသိုလ်မှသုတေသနပညာ ရှင်များသည် အ၀လွန်ခြင်းကို ဖြစ်စေနိုင်သည့် ပရိုတင်းတစ်မျိုးကို ]]အသား}}များထဲမှ တွေ့ရှိခဲ့ပြီး ယင်း ပရိုတင်း၏ အ၀လွန်ခြင်းကို ဖြစ်စေနိုင်သောအာနိသင်သည် ]]သကြား}}ကဲ့သို့ပင်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ သတ်မှတ်ကိုယ်အလေးချိန်ထက်များနေသောသူအရေအတွက် ၁.၉ ဘီလီယံခန့်ရှိပြီး ယင်းတို့ထဲမှခြောက်ရာမီလီယံခန့်သည် အ၀ လွန်နေသူများ ဖြစ်ကြသည်။

 နိုင်ငံပေါင်း ၁၇၀ ကျော်မှာ အ၀လွန်ခြင်း ဖြစ်ပွားမှုများအား ဆန်းစစ်လေ့လာခဲ့ပြီးနောက်နိုင်ငံတစ်နိုင်ငံတွင် သကြားရရှိနိုင်မှုသည် အ၀လွန်ခြင်း ကိုဖြစ်စေသည့်ရာခိုင်နှုန်းအားဖြင့် ၃၃ ရာခိုင်နှုန်းအထိ ရှိနေပြီး အသားရရှိနိုင်မှု သည်လည်း ၁၃ ရာခိုင်နှုန်းပင် ဖြစ်ကြောင်းတွေ့ရှိ ရသည်။ BMC Nutrition နှင့် Journal of Nutrition & Food Science တို့တွင် ထည့်သွင်းဖော်ပြထားခဲ့သော သုတေသနတွင် မျက်မှောက်ခေတ်အစားအသောက်များ ၌ပါဝင်သည့် အဆီများနှင့်ကာဗို ဟိုက်ဒရိတ် များသည်နေ့စဉ်လိုအပ်သည့် ကယ်လိုရီပမာဏလုံလောက်စွာဖြည့်ဆည်းပေးနိုင်သည်ဟု ဆိုထားပါသည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ