ကမ္ဘာ့နှလုံးကျန်းမာရေးအကောင်းဆုံး ချိုင်မိန်းမျိုးနွယ်စုကို အမေဇုံမြစ်ဝှမ်းတွင် တွေ့ ရှိ။


တောင်အမေရိကား၊ အနောက်အလယ်ပိုင်း၊ အမေဇုံမြစ်ဝှမ်းတလျှောက်မှာ ချိုင်မိန်းမျိုးနွယ်စု နေထိုင်ကြ ပါတယ်။ တစ်နေရာကနေတစ်နေရာကိုသွားလာဖို့  ကုန်းပေါ်မှာ အဆင့်အမြင့်ဆုံးဆိုလို့  စက်ဘီးစီးတတ် ကြပြီး ရေပေါ်မှာ ကနူးလှေလေးနဲ့ သွားတဲ့၊ ဆန်နဲ့ ပြောင်းကို စိုက်ပျိုးစားသောက်တတ်ကြတဲ့၊ အသားစား ချင်ရင် အမဲထွက်လိုက်ပြီး တီဗီတောင်မကြည့်ဘူးတဲ့ ချိုင်မိန်းမျိုးနွယ်စုတွေဟာ နေ့ ခြင်းညခြင်း ကမ္ဘာ ကျော်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ စီမှာ ကမ္ဘာ့ကျန်းမာရေးအကောင်းဆုံးနှလုံးတွေ ရှိလို့  ပါပဲ။

အသက် ၈၀ အရွယ် ချိုင်မိန်းလူမျိုးတစ်ယောက်ရဲ့ နှလုံးဟာ အသက် ၅၀ အရွယ် အမေရိကန်လူမျိုး တစ်ယောက်ရဲ့ နှလုံးနဲ့  ကျန်းမာရေးခြင်း တူညီနေပါတယ်။ ဘိုလီးဗီးယားက အမေဇုံချိုင့်ဝှမ်းဒေသက ရှေးခေတ်မျိုးနွယ်စုရဲ့ နှလုံးက ဘာဖြစ်လို့ ဒီလောက်ကျန်းမာနေတာလဲဆိုတာကို သုတေသီတွေက စူးစမ်း လေ့လာခဲ့ပါတယ်။

အဲဒီလေ့လာမှုတွေမှာ ချိုင်မိန်းလူမျိုးအများစုဟာ အသက်သေဆုံးတဲ့အချိန်အထိ နှလုံးသွေးကြောကျဉ်း ရောဂါကို ခံစားရခြင်း မရှိခဲ့တာ တွေ့ ရှိခဲ့ကြပါတယ်။ လူဦးရေအားဖြင့် ၁၆၀၀၀ ဦးလောက်ပဲကျန်တော့တဲ့၊ လျှပ်စစ်မီးမရှိ၊ ရေပိုက်သွယ်တန်းခြင်းမရှိ၊ စားချင်ရင်အမဲထွက်လိုက်ပြီး စားသောက်နေတဲ့ လူရိုင်းသာသာ ဒီလူတွေရဲ့ နှလုံးကျန်းမာရေး ကောင်းနေရပုံဟာ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါတယ်။

ချိုင်မိန်းလူမျိုး ၇၀၀ ထက်မနည်းရဲ့  နှလုံးသွေးကြောတွေကို စစ်ဆေး၊ သွေးတွင်း ကိုလက်စထရောပါဝင် မှုနဲ့  ဂလူးကို့ စ်ပမာဏတို့ ကို တိုင်းတာ၊ သွေးတိုးရှိမရှိ တိုင်းရင်း အဆစ်အမြက်ရောင်နာဝေဒနာတွေကို ခံစားရခြင်း ရှိ၊မရှိ ဆက်လက်စမ်းသပ်စစ်ဆေးခဲ့ကြရာမှာ ၈၅ ရာခိုင်နှုန်းသော ချိုင်မိန်းလူမျိုးတွေရဲ့  နှလုံး သွေးကြောက အရှင်းကြီးဖြစ်နေပြီး သွေးကြောကျဉ်းတဲ့လက္ခဏာ၊ သွေးတွင်းကိုလက်စထရောမြင့်တက် နေတဲ့လက္ခဏာ၊ အစရှိတာတွေ မရှိသလောက် နည်းနေတာကို မြင်တွေ့ ခဲ့ကြပါတယ်။ ချိုင်မိန်းလူမျိုးတွေ ရဲ့ နှလုံးသွေးကြောတွေထဲမှာ သွေးကြောနံရံမှာအနည်ထိုင်နေတာတွေဟာ မရှိဘူး မဟုတ်၊ ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အနည်းဆုံးပဲလို့ ဆိုနိုင်တဲ့အထိကို သန့် စင်နေတာတွေ့ ရပါ တယ်။

ကဲ။ ဘာကြောင့်များ သူတို့ ရဲ့ နှလုံးက ဒီလောက်ကျန်းမာနေရတာပါလိမ့်။ အဆင့်ဆင့်ပြုပြင်ချက်ပြုတ် ထားတဲ့အစားအစာတွေမစားဘဲ သဘာဝနဲ့ အနီးစပ်ဆုံးအစာတွေကိုပဲစားကြပြီး တစ်နေကုန်တစ်နေခမ်း သွားလာလှုပ်ရှားနေကြတဲ့အတွက် နှလုံးကျန်းမာရေးအလွန်ကောင်းနေခြင်းဖြစ်တယ်လို့  ကနဦးသတ်မှတ် လိုက်ရပါတယ်။ တစ်ခုထူးခြားတာက ချိုင်မိန်းတွေမှာ CRP ပရိုတိန်းပါဝင်မှု များနေတာကိုတွေ့ ရပါတယ်။ ဒီပရိုတိန်းများရင် အဆစ်အမြက်တွေကို နာကျင်ကိုက်ခဲစေပါတယ်။ ဒါ့မပြင် CRP ပရိုတိန်းပါဝင်မှုများတာ နဲ့  နှလုံးရောဂါဖြစ်ပွားတာနဲ့  ဆက်နွယ်နေပါတယ်။ သို့ သော် ချိုင်မိန်းတွေမှာ CRP များရဲ့ သားနဲ့  နှလုံး ကျန်းမာရေးအလွန်ကောင်းနေတာဟာလည်း စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။

ဒီမှာတင် အဆစ်အမြက်ရောင်လွယ်တာနဲ့  နှလုံးရောဂါနဲ့  ဆက်စပ်တယ်ဆိုတာ မှန်ရဲ့ လားဆိုတဲ့သံသယ ထွက်ပေါ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူတွေ CRP များတယ်ဆိုတာ အ၀လွန်လို့ ၊ ဆေးလိပ်သောက်လို့  ဖြစ်ပါတယ်။ ချိုင်မိန်းတွေကတော့ ကပ်ပါးကောင်းတွေ၊ ဗက်တီးရီးယားကူးစက် တာတွေကြောင့် CRP မြင့်တာမျိုး ဖြစ်နေနိုင်ပါတယ်။

ဒီတော့ ချိုင်မိန်းတွေ၇ဲ့ နှလုံးက ကမ္ဘာပေါ်မှာ ကျန်းမာရေးအကောင်းဆုံးဖြစ်နေတယ်ဆိုတာ အကြောင်း ရင်း တစ်ခုထဲအပေါ် မူတည်တာတော့ မဖြစ်နိုင်ပါဘူး။ အကြောင်းအရာနဲ့ အချက်အလက်တွေ စုံသွားလို့  ဖြစ်ပါလိမ့်မယ်။ ဥပမာ ချိုင်မိန်းတစ်ယောက် အစာစားဖို့ အမဲလိုက်တာက ၈ နာ၇ီကနေ ၁၁ နာရီလောက် ထိ ကြာမြင့်တတ်ပါတယ်။ ဒါဟာ နိုးထနေတဲ့အချိန်ရဲ့  ၉၀ ရာခိုင်နှုန်းလောက်ကို လှုပ်ရှားသွားလာခြင်းနဲ့  ကုန်ဆုံးစေတဲ့ ချိုင်မိန်းမျိုးနွယ်စုတွေရဲ့  ယှဉ်ပြိုင်လို့ မရနိုင်တဲ့ နေထိုင်မှုပုံစံတစ်ခု ဖြစ်ပါတယ်။

ဒါဖြစ်ရင် ခေတ်မီလှပါတယ်၊ တိုးတက်လှပါတယ်၊ ကောင်းလှပါတယ် ဆိုတဲ့ နောက်ဆုံးပေါ်ဆေးဝါးတွေကို အသုံးပြုနေတဲ့ မြို့ ပေါ်ကလူတွေကျတော့ ဘာဖြစ်လို့ နှလုံးကျန်းမာရေး ချိုင်မိန်းတွေလောက် မကောင်း တာလဲ ဆိုရင် ဆေးတော့ကောင်းပါတယ်၊ အစားအစာတွေက ဖျက်နေတာလို့  ဖြေရပါလိမ့်မယ်။
မြို့ ပေါ်ကလူတွေဟာ သဘာဝနဲ့ နီးစပ်တဲ့အစားအစာတွေကိုမစားကြပါဘဲ သဘာဝနဲ့ တစ်ဆင့်ပြီးတစ် ဆင့် ဝေးအောင် ကြော်၊လှော်၊ချက်၊ပြုတ်၊ရော၊စပ်၊အစာသွပ်၊ အစရှိသည်ဖြင့်ပြုလုပ်ထားတဲ့၊ အမြင်လှ အောင် အဆင့်ဆင့်ပြုပြင်ထားတဲ့၊ အနံ့ အရသာနဲ့ ပြည့်စုံအောင် အမျိုးမျိုးထည့်ထားတဲ့ အစားအစာတွေ ကိုပဲ စားနေကြလေတော့ ရောဂါပေါင်းစုံရဲ့ အစဟာ အစားအစာတွေပဲလို့  ဆိုရတော့မလို ဖြစ်လာပါတယ်။

ဒီတော့ ကမ္ဘာ့နှလုံးကျန်းမာရေးအကောင်းဆုံး ချိုင်မိန်းလူမျိုးတွေကနေ ရလာတဲ့အသိပညာကတော့ အစာ စားရင်း သဘာဝနဲ့ နီးစပ်နိုင်သမျှ နီးစပ်အောင် ပြင်ဆင်စားသောက်ဖို့ ၊ နိုးကြားနေတဲ့အချိန်တွေရဲ့  ၉၀ ရာ ခိုင်နှုန်းထက်မနည်းကို လှုပ်ရှားသွားလာပေးနေဖို့ ဆိုတဲ့ အဓိကနေထိုင်မှုပုံစံတွေကို တွေ့ ရှိရပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

မတ် (၂၀) ဆောင်းပါး TMK ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ