ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀လွှမ်းခြုံနိုင်ရန် မလွယ်ကူ။


ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။ လူတစ်ယောက် မကျန်းမာတာနဲ့ တပြိုင်နက် မိသားစုတွေ အလုပ် ပျက်ပါတယ်။ ဒါမှမဟုတ် အလုပ်ပိုလုပ်ရပါတယ်။ မိသားစုနဲ့ မနိုင်ရင် ကျန်းမာရေးစောင့်ရှောက်မှုကို အားကိုးရပါတော့မယ်။ သက်ဆိုင်ရာနိုင်ငံက အခမဲ့သော်လည်းကောင်း၊ စရိတ်မျှပေးစနစ်နဲ့ သော်လည်း ကောင်း ကုသပေးရပါတော့မယ်။ အပြည့်အ၀ပြန်သက်သာသွားရင် တော်သေးတာပေါ့။ နာတာရှည်သာ ဖြစ်သွားရင် မိသားစုရော၊ လူ့ ဘောင်လူ့ အသိုင်းအ၀ိုင်းရော၊ ကျန်းမာရေးစောင့်ရှောက်မှုကပါ အဲဒီလူရဲ့  ၀န်ကို နှစ်ရှည်လများ ထမ်းရပါတော့မယ်။ ဒီလိုနဲ့  ကမ္ဘာပေါ်က အင်အားကြီးလှပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပါတ်သက်လာရင် မနိုင်မနင်းဖြစ်နေကြတာကို တွေ့ ရ ပါတယ်။

UK မှာ ကျန်းမာရေးစောင့်ရှောက်မှုဘတ်ဂျက်ငွေတွေက ဆက်မတက်ဘဲ တန့် နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့  GDP တက်မလာတဲ့အတွက်ကြောင့် ထင်ရှားကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေမလုပ်နိုင်ဘဲ မပြောပလောက်တဲ့ အသေးအဖွဲကိစ္စတွေမှာပဲ ငွေကြေးသုံးစွဲမှု နည်းနည်းပိုလာတာကိုတွေ့ ရပါတယ်။

UK ရဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဟာ ခက်ခဲလွန်းလှတဲ့ ၁၀ စုနှစ်တစ်စုကို ထက်ဝက်ခန့် ဖြတ် သန်းခဲ့ပြီး ဖြစ်ပါတယ်။ ခက်ခဲလွန်းလှတဲ့ ၁၀ စုနှစ်ဆိုတာကိုလည်း ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းများက ညွှန်ပြနေပါတယ်။ ၂၀၀၉ မှာ UK ဟာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူ့  GDP ရဲ့  ၉.၈ ရာခိုင်နှုန်း ကိုပဲ သုံးစွဲခဲ့ပါတယ်။ ၂၀၁၄ မှာ ၉.၁ အထိတောင် ကျဆင်းခဲ့ပြန်ပါတယ်။

တစ်ဖက်မှာ ကျန်းမာရေးစောင့်ရှောက်စရိတ်ကိုလျော့ချနေရပေမယ့် တစ်ဖက်မှာတော့ လူဦးရေတိုးလာပါ တယ်။ သက်ကြီးရွယ်အိုတွေအသက်ပိုရှည်လာပါတယ်။ ဆီးချို၊နှလုံး တွေလို နှစ်တွေအကြာကြီး၊ ပိုက်ဆံ တွေ အများကြီး အကုန်အကျခံကုသပေးရတဲ့ရောဂါတွေ များလာပါတယ်။ တစ်ချိန်ထဲမှာ ဆေးရုံတွေမှာ ကုတင်အရေအတွက်တွေ လျော့ကုန်ပါတယ်။ အရေးပေါ်ခန်းကိုရောက်လာတဲ့လူနာဦးရေကျတော့ များလာပါတယ်။ လိုအပ်ချက်များပြီး ပံ့ပိုးနိုင်စွမ်းလျော့သည်ထက်လျော့လာတဲ့နောက် UK ဟာ အခက်ခဲ ဆုံး ၁၀ နှစ်ကို ဖြတ်သန်းနေရတယ်ဆိုတာ မငြင်းနိုင်ဘဲ လက်ခံလိုက်ရပါတယ်။

ပြဿနာက ဒီမှာတင်မပြီးသေးပါဘူး။ ရောဂါပျောက်ကင်းသက်သာသွားပေမယ့် ဆေးရုံကနေမဆင်းနိုင်တဲ့ လူနာတွေ ရှိနေပြန်ပါတယ်။ သူတို့ ကိုကြည့်ရှုစောင့်ရှောက်မယ့်သူတွေ မရှိတဲ့အဆုံး ဆေးရုံကပဲ စောင့် ရှောက်ပေးထားရမလို ဖြစ်နေပါတယ်။ ဆေးရုံတွေကနေ ကုသစောင့်ရှောက်ပေးရတဲ့အခြေအနေ သုံးမျိုး ရှိပါတယ်။ Emergency, Elective နဲ့  Routine Treatment များ ဖြစ်ပါတယ်။

အရေးပေါ်ကုသပေးရမယ့် ကိစ္စ၊ အချိန်နဲ့ ရက်ကို ရွေးချယ်ကုသပေးနိုင်တဲ့ကိစ္စ၊ နှစ်စဉ်၊လစဉ် ပုံမှန် ဆေးစစ်ကုသပေးရမယ့်ကိစ္စဆိုပြီး ရှိပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့စီကနေ emergency လူနာတွေ ရောက်လာသလို တင်ပဆုံအစားထိုးခွဲစိပ် ကုသဖို့  Elective လူနာတွေလည်းရှိနေတတ်ပြီး နှလုံးရောဂါလို Routine စစ်ပေးနေရတဲ့လူနာတွေလည်း ရှိနေလေတော့ UK ကျန်းမာရေးစောင့်ရှောက်မှုကြီးက ငွေကိုပိုမသုံးနိုင်ဘူးဆိုရင် တဖြည်းဖြည်းလည်ပတ် မှု နှေးကွေးလာမယ့်သဘောမှာ ရှိနေပါတယ်။

ဒါဖြင့် ငွေပိုသုံးလိုက်တိုင်း ကျန်းမာရေးစောင့်ရှောက်မှုက ပိုကောင်းလာမလား။ လာမယ့် ၃ နှစ်အတွင်း လူလတ်ပိုင်းအရွယ်တွေကို လူမှုစောင့်ရှောက်ရေးပေးနိုင်ဖို့  စတာလင်ပေါင် ၂ ဘီလီယံ သုံးစွဲသွားမယ်လို့  အမျိုးသားကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လာမယ့် ၃နှစ်မှာပဲ အမျိုးသားကျန်းမာရေး အတွက် စတာလင်ပေါင် ၄၂၅ သန်း ရင်းနှီးမြုပ်နှံပေးဦးမှာပါ။ အဲဒီထဲက စတာလင်ပေါင်သန်း၁၀၀ ကို ထိခိုက်မှုနှင့်အရေးပေါ်ဌာနေတွေမှာ ၂၀၁၇-၁၈ ဘတ်ဂျက်အဖြစ် ချပေးမှာဖြစ်ပါတယ်။ သို့ သော် ဒီလောက် ငွေကျည်ဆံတွေပစ်သွင်းနေတာလည်း လုံလောက်ဦးမှာမဟုတ်ဘူးလို့  ပညာရှင်များက ဆိုပါ တယ်။

ဒီလိုဖြစ်နေတာ UK တစ်နိုင်ငံထဲပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျ စရိတ်ကို အခွန်ပေါ်အခြေခံတဲ့စနစ်အသုံးပြုတဲ့ ဖင်လန်၊ ဆွီဒင်၊ ပေါ်တူဂီ နဲ့  စပိန် နိုင်ငံတို့ လည်း ဒီအခြေ အနေမျိုးကို ကြုံတွေ့ နေရပါတယ်။

ဂျာမနီနဲ့ ပြင်သစ်တို့ က သူတို့  GDP ရဲ့  ၁၁.၃ နဲ့  ၁၁.၅ ရာခိုင်နှုန်းအသီးသီးကို ကျန်းမာရေးစောင့်ရှောက် မှု အတွက် အသုံးပြုခဲ့ကြပါတယ်။ ၂၀၁၄ တုန်းက ဆေးရုံကုတင်က တက်ရောက်မယ့်လူနာတွေထက် များနေခဲ့ပါတယ်။ လူအယောက် ၁၀၀၀ အတွက် လိုအပ်တဲ့ဆရာဝန်အချိုးအစားကလည်း လိုတာထက် ပို နေခဲ့ပါတယ်။ ဒီနှစ်နိုင်ငံမှာ လူတွေက အခမျှပေးကြပါတယ်။ ဂျာမနီမှာ လူနာတစ်ဦးလျင် ၅ ဒေါ်လာကနေ ၁၁ ဒေါ်လာအထိ ထည့်ဝင်ကြပြီး ပြင်သစ်မှာတော့ ပျှမ်းမျှ ၂၅ ဒေါ်လာနှုန်း ထည့်ဝင်ကြပါတယ်။

အနောက်အသိုင်းအ၀ိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကို အများဆုံးသုံးစွဲနေတာကတော့ အမေရိ ကန် ပြည်ထောင်စုပါပဲ။ ၂၀၁၄ တုန်းက ကျန်းမာရေးစောင့်ရှောက်မှုအတွက် GDP ရဲ့  ၁၇.၁ ရာခိုင်နှုန်းကို သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေ၇ိကန်မှာ လူ့ ဘ၀သက်တမ်းက တိုတောင်းနေဆဲဖြစ်ပြီး ကျန်းမာ ရေး စောင့်ရှောက်မှု လွှမ်းမိုးခြင်းကလည်း မမျှတဘူးလို့  သိရပါတယ်။

ဒါဆိုရင် ငွေပိုသုံးစွဲရုံနဲ့  ကျန်းမာရေးစောင့်ရှောက်မှု ပြီးပြည့်စုံအောင် ကောင်းလာမှာမဟုတ်ဘဲ စီမံခန့် ခွဲ နိုင်မှုကလည်း အဓိကကျမယ့်သဘော ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာတောင် ကျန်းမာရေး စောင့်ရှောက်မှုပိုင်းဆိုင်ရာမှာ အပြည့်အ၀မလွှမ်းခြုံနိုင်တာတွေ အများကြီးဖြစ်နေတာကြောင့် လူတစ်ဦး ခြင်း ကျန်းမာရေးကိုဂရုစိုက်ပေးမယ်၊ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်နဲ့  အိပ်စက်ခြင်းကို ဟန်ချက် မျှတနေအောင် ပြုမှုကျင့်ကြံပေးမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု ဆိုတဲ့ ၀န်ထုပ်ဝန်ပိုး ကြီးလည်း သိသိသာသာလျော့လာနိုင်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

မတ် (၁၉) ဆောင်းပါး TMK ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ