အစေ့စားသီးများကို လုံလောက်စွာစားသုံးခြင်းမရှိသည့်အတွက် နှလုံးရောဂါဖြစ်ပွားမှု မြင့်တက်လာ


ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှုအများဆုံးဖြစ်စေသည့်ရောဂါတစ်မျိုးဖြစ်သည့် နှလုံးရောဂါဖြစ်ပွား မှုနှုန်း မြင့်မားနေရခြင်းမှာ အစေ့စားသီးနှင့်အခွံမာသီးများကို လုံလောက်စွာ စားသုံးခြင်း မရှိသည့် အတွက် ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ထုတ်ပြန်ကြေညာသည်။ နှလုံးရောဂါအမျိုးမျိုးဖြစ်သည့် နှလုံးခုန်ရုတ်တရက်ရပ်တန့် ခြင်း၊ နှလုံးသွေးညှစ်အားနည်းခြင်း၊ လေဖြတ် ခြင်း အစရှိသည်တို့ ကြောင့် လူသေဆုံးမှုနှုန်းမှာ နှစ်စဉ်သန်းနှင့်ချီပြီး ၂၀၁၂ တစ်နှစ်တည်းတွင်ပင် နှလုံး ရောဂါဖြစ်ပွားသေဆုံးသူ ဦးရေမှာ ကမ္ဘာတစ်ဝန်းတွင် ၁၇.၅ သန်းထက်မနည်း ရှိခဲ့ရာ တစ်ကမ္ဘာလုံး အကြောင်းအမျိုးမျိုးကြောင့် လူသေဆုံးမှု၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

အစားအစာကို ကျန်းမာရေးနဲ့ ညီညွှတ်မျှတစွာ မစားကြတဲ့အတွက် နှလုံးရောဂါ အပါ အ၀င် ရောဂါ မျိုးစုံ ဖြစ်ပွားရတာပါ ။ ကျန်းမာတဲ့အစားအစာကို အစားနည်းသလောက် မကျန်းမာစေတဲ့ အစားအစာတွေ ကို တော့ လွန်ကျူးစွာစားသောက်နေကြပြန်တဲ့အတွက် ၂၀၁၅ တစ်နှစ်ထဲမှာ အမေရိကန်က နှလုံးရောဂါ
ဖြစ်ပွားနေသူ ၄၁၅၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသားတွေက ပိုများ ပါတယ်။ အမျိုးသား ၂၂၂၀၀၀ နဲ့  အမျိုးသမီး ၁၉၃၀၀၀ တို့ ဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြ သည်။

အစေ့စားသီးများ၊ အခွံမာသီးများနှင့် ဟင်းသီးဟင်းရွက်များကို လုံလောက်အောင်မစားပေးခြင်း၊ ဆားကဲ့ သို့ အငန်ဓာတ်ကိုမူ လွန်ကဲစွာစားသုံးခြင်း၊ အဆီအဆိမ့်များကို မရှောင်နိုင်ခြင်း၊ နေထိုင်မှုပုံစံမှားယွင်းခြင်း
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ ကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားရသည့်အပြင် အမျိုးသား တို့ သည် ယောက်ျားတို့ သဘာဝ ဆေးလိပ်၊အရက်၊မူးယစ်ဆေးဝါးတို့ ကို မှီဝဲကြလေးရှိပြီး ညစဉ်အိပ်စက် ချိန်သည်လည်း အမျိုးသမီးများနှင့်နှိုင်းယှဉ်လျင် ပို၍နည်းသောကြောင့် ဖော်ပြပါအတိုင်း အမျိုးသားများ တွင် နှလုံးရောဂါဖြစ်ပွားမှုပို၍များခြင်းဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် အသက်ရှည်၍ အနာမဲ့ကာ နှလုံးရောဂါကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ရေးအတွက် သစ်ကြား သီး၊ ဗာဒံစေ့၊ ဖယုံစေ့၊ နေကြာစေ့နှင့် ပဲအမျိုးမျိုးတို့ ကို လုံလောက်စွာစားသောက်ပေးရန် လိုအပ်ကြောင်း၊ လူနေမှုပုံစံကိုပြောင်းကာ ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့ လျင် အချိန်တို ၅ ကြိမ်ထက်မနည်း ပြုလုပ်ပေး သင့်ကြောင်း ပညာရှင်များက အကြံပြုထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ