ခန္ဓာကိုယ်တွင်း အဆီလောင်မြိုက်စေမည့်အစားအစာ(၁ဝ)မျိုး


ဗိုက်ခေါက်အဆီတွေချဖို့အတွက် Gym ဆော့ကြသော်လည်း အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းကတော့ အဆီဆဲလ်တွေ ကိုဖြိုခွင်းပေးနိုင်သော ကျန်းမာရေးနှင့်ညီ ညွတ်တဲ့ အစားအစာများကို စားသောက် ခြင်းပဲဖြစ်ပါတယ်။ (၁) ကွေကာအုတ်(အကြမ်း) ကွေကာအုတ်(အကြမ်း)တွေက အရ သာမရှိသော်လဲဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေတဲ့အပြင် ကျန်းမာရေးနှင့် ညီညွတ်စေတာကြောင့် နံနက်စာအာဟာရ အဖြစ်မှီဝဲသင့်ပါတယ်။ ၄င်းထဲမှာပါရှိတဲ့ အမျှင်ဓာတ်များက ခန္ဓာကိုယ်ကို ဆိုးကျိုး ပေးတဲီူ့ ကိုလက်စထရောကိုထိရောက် စွာထိန်းညှိပေးပါတယ်။ ကွေကာအုတ် (အကြမ်း)များကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

(၂) ကြက်ဥ ကြက်ဥဟာ ပရိုတင်းစုဝေးရာ အရင်း အမြစ်ဖြစ်တဲ့အပြင် ကယ်လိုရီပါဝင်မှုနည်း ပါးတာကြောင့် ကျန်းမာရေးကိုလွန်စွာ ကောင်းကျိုးပြုပါတယ်။ကြွက်သားများကို ကျစ်လျစ်စွာတည်ဆောက်စေပြီး ခန္ဓာကိုယ် ကိုကောင်းကျိုးပြုတဲ့ HDL ကိုလက်စ ထရောကိုပွားများစေပါတယ်။

(၃) ပန်းသီး ပန်းသီးထဲမှာခန္ဓာကိုယ်အကျိုးပြုဓာတ် တိုးဆန့်ကျင်ပစ္စည်းများအပြင် အခြားအား ဖြည့်ပစ္စည်းများလည်းကြွယ်ဝစွာပါရှိနေပါ တယ်။ အထူးသဖြင့် ပန်းသီးထဲရှိ Pectin ဓာတ်က မလိုလားအပ်တဲ့အဆီတွေကို လျှော့ချပေးပါတယ်။

(၄) ငရုတ်သီးစိမ်း ငရုတ်သီးစိမ်းထဲမှာပါရှိတဲ့ Capsaicin ဓာတ်က ခန္ဓာကိုယ်တွင်းရှိ အကျိုးပြုဆဲလ် များကိုဖွံ့ဖြိုးတိုးတက်စေနိုင်သလိုမလိုလား အပ်တဲ့ကယ်လိုရီများကိုတော့ အချိန်တို အတွင်းမှာ လောင်မြိုက်ပေးနိုင်ပါတယ်။

(၅) ကြက်သွန်ဖြူ ကြက်သွန်ဖြူထဲမှာကူးစက်ရောဂါဗက် တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ Allicin (ခေါ်)အစွမ်းထက်ပိုးသတ်ဆေးပါရှိနေပါ တယ်။ကြက်သွန်ဖြူကအဆီပိုတွေကိုလျော့ ကျစေတဲ့အပြင်မကောင်းသော ကိုလက်စ ထရောများကိုပါဖယ်ရှားပေးနိုင်ပါတယ်။

(၆) ပျားရည် ပျားရည်အဟောင်း(တစ်နှစ်ကျော်ပျား ရည်)က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးဆေးစွမ်းတစ်ခွက်ဖြစ်ပါတယ်။ နံနက် အိပ်ရာထတိုင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာပမာဏရှိတဲ့ပျားရည်ကို ရေနွေး ဖြူဖြင့်သောက်ပေးသင့်ပါတယ်။

(၇) ရေနွေးကြမ်း လက်ဖက်ခြောက်ရေနွေးကြမ်းကကိုယ် အလေးချိန်ကျစေတဲ့အကောင်းဆုံး ဖျော်ရည် တစ်မျိုးပါ။ကျန်းမာနုပျိုစေသောခန္ဓာကိုယ် အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိ တဲ့အပြင်ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိ ပေးနိုင်တာကြောင့်ရေနွေးကြမ်းကို အနည်း ဆုံးတစ်နေ့နှစ်ခွက်သောက်ပေးသင့်ပါတယ်။

(၈) ဂျုံမြက် Wheat Grass(ခေါ်) ဂျုံမြက်များဟာ ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေ တဲ့အပြင် အဆီပိုတွေကိုပါလျှော့ချပေးနိုင် ပါတယ်။ အသင့်သောက် Wheat Grass ဖျော်ရည်ဘူးများကို City Mart ဆိုင်တွေ မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

(၉) ခရမ်းချဉ်သီး အဆီပိုတွေကိုအချိန်တိုတွင်းမှာ လောင် မြိုက်စေဖို့အတွက် ခရမ်းချဉ်သီးကိုဓာတ်စာ အဖြစ် မှီဝဲအားကိုးထိုက်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးကကင်ဆာရောဂါတော်တော် များကိုကာကွယ်ပေးနိုင်တာကြောင့် ဟင်း ချက်၍တစ်မျိုး၊ဖျော်ရည်လိုတစ်ဖုံ သောက် သုံးသင့်ပါတယ်။ (ဂေါက်ရောဂါရှိသူများက ခရမ်းချဉ်သီးအစေ့ကို ဖယ်၍စားပေးပါ)

(၁ဝ) အနက်ရောင် ချောကလက် ချောကလက်(အနက်ရောင်)ထဲမှာပါ တဲ့ Flavonoids ဓာတ်ပေါင်းစုကသွေးထဲရှိ ကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ အနက်ရောင်ချောကလက်က ဦးနှောက်ပင် ပန်းနွမ်းနယ်မှုတွေကို သက်သာစေကာစိတ် ကိုကြည်လင်လန်းဆန်းသွားစေတဲ့အပြင် အဆီပိုတွေကိုပါလောင်မြိုက်စေပါတယ်။

ပေါက်ပေါက်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?ref=br_tf

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ