ကျွန်တော်တို့အနေနှင့် ယခုကဲ့သို့ အကြံပေးစကားမျိုးကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ကြပါသည်။ တစ်နေ့ လျှင် ရေ ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်ခန့် သောက်သုံးသင့်ပါသည်။ ကျွမ်းကျင်ပညာရှင်များက ကိုယ်အလေးချိန် များလွန်းသူများ၊ ပြုပြင်ထားသော အစားအသောက်များနှင့် အငန်ကဲလွန်းသော အစားအစာများကို စားသုံးခြင်း မှ ကယ်လိုရီဓာတ် အများဆုံး ရနေသူများ အနေဖြင့် ရေ ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိ သောက်ခြင်း ဖြင့် အမှန်တစ်ကယ် ကိုယ်အလေးချိန် ကျစေနိုင်ကြောင်း အကြံပြု ပြောဆိုထားပါသည်။
ရေသောက်သုံးခြင်းသည် ကိုယ်အလေးချိန် အညွှန်းကိန်းကို ကျဆင်းစေနိုင် ပါ သည်။ အကယ်၍ တစ်နေ့လျှင် ရေ ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်ကို သောက်သုံး ပါက အစာစားသုံးမှု လျော့နည်းလာမည်ဖြစ်ပြီး ကယ်လိုရီ များပြား စွာပါ ဝင်သော ဖျော်ရည် စသည်တို့ကို သောက်သုံးမှုနည်းပါးသွားမည်ဖြစ်ပါသည်။
အစာမစားသုံးမီ အကြမ်းဖျင်း ရေတစ်ဖန်ခွက်ခန့်အား သောက်သုံးခြင်းဖြင့် ကယ်လိုရီများ ကို ချေဖျက်ပေးနိုင်ပြီး ကိုယ်အလေးချိန် ကျဆင်း စေနိုင်ပါ သည်။ ရေသည် ကိုယ်တွင်းအဆီများကို လောင်ကျွမ်းစေနိုင်ပါသည်။
ကယ်လိုရီမြင့်မားသော အဖျော် ယမကာများနှင့် နှိုင်းယှဉ်သည့်အခါ ရေသည် အဆီကို ၅၀ ရာခိုင်နှုန်းခန့် ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း တွေ့ရပါသည်။
ရေသည် အားကစားကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်ရန် အကူအညီပေးပါသည်။ ခန္ဓာကိုယ်တွင်း ရေဓာတ် ပါဝင်မှုများမှ ၂ရာခိုင်နှုန်းက ချွေးအဖြစ် ထွက်ရှိ သွားခြင်းသည် အားကစားပြုလုပ်သူတစ်ဦး၏ ဆောင်ရွက်မှု များ ကို ကြီးမား သည့် အတိုင်းအတာတစ်ခုထိ သက်ရောက်မှု ရှိစေပါသည်။
လုံလောက်စွာ ရေသောက်သုံးခြင်း သည် အားကစားပြုလုပ်မှုကို တိုးတက်စေပြီး ရေဓာတ်ဆုံးရှုံးရမှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
Reference - Times of India
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf
တစ်နေ့လျှင် ရေ ဖန်ခွက် ၁၀ ခွက် သောက်သုံးခြင်းသည် အဆီကို သိသိ သာသာ လျော့ကျစေနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin