အမျိုးသမီးဆေးလိပ်ဖြတ်ခြင်းနှင့်ရာသီသွေးဆင်းချိန်
ဆေးလိပ်ဖြတ်ခြင်းဆိုတဲ့အရာမှာအလွန်ပင်ခက်ခဲသောအခြေအနေတစ်ခုလို့ ကာယကံရှင် ကိုယ်တိုင် အသိဆုံးပင်ဖြစ်ပေလိမ့်မည် ။ အမျိုးသားပင်ဖြစ်စေ၊ အမျိုးသမီး ပင်ဖြစ်စေ အခက်အခဲကို ရင်ဆိုင်ရမည်သာဖြစ်သည် ။ ဆေးလိပ်တွင် ပါဝင်သော နီကိုတင်းဓာတ်သည်လူကိုစွဲလမ်းစေပြီး ကျန်းမာရေးဆိုးကျိုးများစွာကိုလည်း ရစေပါသည်။
အမျိုးသမီးများတွင်ရာသီသွေးပေါ် ချိန်နှင့် ကိုက်၍ဆေးလိပ်ဖြတ်ခြင်းကို လုပ်ဆောင်ပါက ပိုမို လွယ်ကူလိမ့်မည် ဟု Biology of sex Differences ဂျာနယ်တွင် ပါဝင် သောသုတေသနတစ်ခုပြောကြား လိုက်ပါသည်။ မျိုးဥမကြွေမီအချိန်တွင် အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်း ပမာဏအချိုးမှာအနည်းဆုံးဖြစ်ပြီး မျိုးဥကြွေပြီးချိန်တွင် ပရိုဂျက်စတီပမာဏ ပိုမိုများပြားသည့်အတွက် စွဲလမ်းမှုကိုလျော့ချပေးသည်ဟု ဆိုပါသည်။ လေ့လာမှုတွင်အသက် ၂၁ နှစ်မှ ၅၁ နှစ်အရွယ်အတွင်းရှိ ကျန်းမာသောအမျိုးသမီး ၃၈ ဦး ပါဝင်ခဲ့ပြီး ဦးနှောက်ဧရိယာအတွင်း လှုပ်ရှားမှုများ သိရှိနိုင်ရန်အတွက် လည်း သံလိုက်ပုံရိပ်ဖော်နည်း ; (MRI) ဖြင့်ပုံရိပ်ဖော်ခြင်းကိုလည်း ခံယူရသည်ဟု သိရှိရပါသည်။
Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin