ခါးနာ လက်တွေ့ ပျောက်တဲ့ သဘာဝဆေးနည်း


အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊ အလေးအပင်မ၍ ခါးနာသွားသည်ဖြစ်စေ၊ ကွန်ပျူတာရှေ့ အထိုင်များပြီး ခါးနား၍ ဖြစ်စေ အောက်ပါလက်တွေ့ ပျောက်ကင်းစေနိုင်သည့် သဘာဝဆေးနည်းလေးကို စမ်းသပ်နိုင်ကြပါတယ်။

(၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးလိုက်ပါ။

(၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အ၀တ်သန့်သန့်ဖြင့် အာလူးများ ခွါမသွားအောင် စည်းပေးထားပါ)။

မနက်အိပ်ယာထတဲ့အချိန် ၄င်းအာလူးများကို ခွါလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။

လက်တွေ့ ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့  ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။

ခါးနာဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း

ကျန်းမာရေးသတင်းများ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ