ဆေးစွမ်းထက်သော ပျားသံပုရာရေနွေးချမ်း
ပျားရည်နှင့် သံပုရာသီးတို့ကို ရေနွေးနှင့်အတူ စိမ်ထားပြီး ၄င်းရေကို သောက်သုံးပါက တစ်နေ့လုံး လန်းဆန်းစေပြီး အမောပြေစေနိုင်ပါတယ်။ အားအင်ကိုလည်း ဖြစ်စေနိုင်ပါတယ်။
သံပုရာသီးမှာပါဝင်တဲ့ အက်စစ်ဓါတ်ကြောင့် ခေါင်းမူးခေါင်းကိုက်များကိုလည်း
ပျောက်စေပါတယ်။ အခွံမှာပါဝင်တဲ့ အခါးဓါတ်နဲ့ ပျားရည်တို့ကြောင့် ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီဓါတ်များကို လျှော့ချပေးနိုင်ပါသည်။
သွေးတိုးရောဂါကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အဆိပ်အတောက်များကိုလည်း ပြေပျောက်စေသည့်အတွက် သွေး၊လေ၊ ၀မ်းမှန်စေပြီး အသားအရေကိုလည်း စိုပြေ၀င်းပလာစေပါတယ်။
ပျားသံပုရာရေနွေးကြမ်းလုပ်နည်း
၁။ သံပုရာသီးကို အလုံးလိုက် ဆားနဲ့ပွတ်ပြီး ရေဆေးလိုက်ပါ။
၂။ သံပုရာသီးတစ်လုံးကို ၄ ကွင်းရအောင် ပုံထဲကအတိုင်း လှီးလိုက်ပါ။
၃။ ရေနွေးခွက်တစ်ခုထဲသို့ ထည့်ပါ။
၎။ ပျားရည် လက်ဖက်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။
၅။ ရေနွေးလောင်းထည့်၍ အဖုံး အုပ်ထားပါ။
နာရီဝက်ခန့် နှပ်ထားပြီးလျှင် ၄င်းရေကျက်အေးကို သောက်နိုင်ပါပြီ။ အရသာက ချဉ်ခါးလေးဖြစ်နေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ သကြားမထည့်ရပါ။ ပထမတစ်ရေ ကုန်သွားလျှင် အချဉ်ဓါတ်နှင့် အခါးဓါတ်မကုန်သေးလျှင်
နောက်ထပ်တစ်ရေထပ်ထည့်ပြီး ပြန်နှပ်ထားနိုင်ပါတယ်။
သံပုရာသီးတစ်လုံးကို ရေနွေး ၃ ခါလောက်စိမ်ပြီး သောက်နိုင်ပါတယ်။ သံပုယိုသီးကိုလည်း အလားတူ သုံးနိုင်ပါတယ်။ အနောက်တိုင်းမှာတော့ သံပုယိုသီးကို ပိုမိုသုံးစွဲကြပါတယ်။
လန်းဆန်းအမောပြေ၍ ခွန်အားတိုးကာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။
နေဆန်းနောင် (ချင်းမိုင်)
Credit to သက်ရှည်ကျန်းမာ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin