Vasectomy reversal ယောက်ျား သားကြောပြန်ဆက်ခြင်း


၁။ ဆရာ သားကြောဆက်လို့ရလား။
၂။ ဆရာ ကျွန်တော်က အခု အသက် (၅၁) နှစ်ရှိပါပြီ။ ၂ဝဝဝ ခုနှစ်မှာ သားကြောဖြတ်ထားပြီး ယခုအခါ သားကြောပြန်ဆက်ဖို့ ရနိုင်/မရနိုင်သိချင်လို့ပါခင်ဗျာ။ ရန်ကုန်မှာနေပါတယ်။

ယောက်ျားတွေ သားကြောဖြတ်ပြီးမှ ပြန်ဆက်လိုသူတွေရှိတယ်။ USA မှာ ၅% လောက်ရှိတယ်။ သားကြောဖြတ်တာ ရှင်ခန်းဖြတ်မဟုတ်ပါ။ ပြန်ဆက်လို့မရဘူးတော့ မဟုတ်ပါ။ ဒါပေမယ့် သီအိုရီအရ ဖြစ်နိုင်ပေမဲ့၊ လက်တွေ့မှာ အတော်ကြီး ခက်ပါတယ်။ (မိုက်ခရို-ဆာဂျရီ) အနုစိတ် လုပ်ရလိမ့်မယ်။ ကရိကထများတယ်၊ လက်ဝင်တယ်။ ကုန်ကျတယ်။

အမေရိကားမှာဆိုရင် တနှစ်မှာ လူ ၆ သိန်းဟာ $300 ကနေ $1,000 အကုန်ခံ ဖြတ်နေကြတယ်။ ဖြတ်ထားတဲ့သားကြော ပြန်ဆက်ဘို့ဆိုရင်တော့ $7,000 ကုန်မယ်တဲ့။ အောင်မြင်မှုနှုန်း စောစောပြန်လုပ်သူတွေက ပိုများတယ်။ ဖြတ်ထားပြီး ၃ နှစ်အတွင်း ပြန်ဆက်ချင်သူတွေက ၇၆%၊ ၁၅ နှစ် ကြာမှလုပ်ရင် ၃ဝ% ကလေး ပြန်ရနိုင်တယ်။

မြန်မာပြည်က အခြေအနေတော့ မသိပါ။ ကျွန်တော်က ကြံဖန်ခွဲစိတ်တာဝါသနာပါလို့ စိတ်ထဲမှာ ပြန်ဆက်ပေးဘို့ နည်းလမ်းတွေကို ခဏခဏကြံဆစဉ်းစားနေမိတယ်။ လက်တွေ့တော့ တယောက်ကိုမှ လုပ်မပေးဘူးခဲ့ပါ။

Microsurgical Vasectomy Reversal (Vasovasostomy and Epididymovasostomy) http://malefertility.jhu.edu/VasectomyReversal.php

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ