ITP Blood Disorder သွေးရောဂါတမျိုး


၁။ ကျွန်မသားကြီး အသက် ၃ နှစ်ကလေး။ သွေးနဲ့ပတ်သက်တဲ့ရောဂါ ဖြစ်နေပါတယ်။ စဖြစ်ဖြစ်ချင်း ပလိပ်လက် 6 အထိ ထိုးကျနေပါတယ်။ သွေးပါရဂူက ပထမသတ်မှတ်ပြီးကုသပေးနေတာက ITP ဆိုပြီးကုသရာမှာ သွေး ၂ ကြိမ်သွင်း ပင်နစလုံး ၃ ပတ်သောက်စေပြီး ပလိပ်လက်ကို ပြန်တက်စေ ခဲ့ပါတယ် ။ ထင်သလို မတက်ခဲ့တဲ့အခါ (ivig) ဆေးသွင်းပြီး ထပ်တက်စေခဲ့ရာမှာ လုံးဝတက်မလာပါ။ ခါးရိုးချဉ်ဆီ ဖောက်စစ်ရာမှာ ပို့ထားသေားပုံအတိုင်း အဖြေရလာပါသည်။ ကျွန်မ သိချင်သည်မှာ ခြင်ဆီ မှာ ပြသနာဖြစ်နေတာလားသိချင်ပါသည်။ ဘယ်သို့ ဘယ်ပုံ ကုသနေမှုသည် ပိုမို အရေး ပါ ဆောင်ရွှက်နိုင် မည် ဆိုသည်ကို သိချင်ပါသည်ဆရာရှင့်။ ယခု သွေးထပ်သွင်းပါမယ်လို့ ပြောပါသည်။ ကျွန်မ စိုးရိမ်နေသည်မှာ အနာတခြားဆေးတခြားများ ဖြစ်နေတာလားဆိုတာပါ ပထမအကြိမ် ITPဆိုပြီး ကုသရာမှာ လွဲခဲ့ပြီးပါပြီ ဆရာနေသော နိုင်ငံမှာဆို ကုသမှုပုံစံနှင့် ကုသစရိတ် ဘယ်လို ဘယ်လောက်ခန့် ရှိနိုင်သလဲဆိုတာ အကြမ်းဖျဉ်း ဝေမျှပေးစေလိုပါတယ်ဆရာ။ အကူအညီအပူပေးမိတာ အားနာရပါတယ် မိခင်တယောက်ရဲ့သောကမို့ အတတ်နိုင်ဆုံး ကူညီ အဖြေရှာ ဆောင်ရွှက်ပေး ပါလို့ မေတ္တာ ရပ်ခံပါတယ် ဆရာ ။

၂။ ဆရာရှင့် သွေးဖြူဥ သွေးနီဥ မဟုတ်ဘဲ plat %နဲတဲ့ရောဂါကို ဘယ်လိုကုထုံးမျိုးနဲ့ ကုရနိုင်ပါသလဲ။ အစားသောက် အနေထိုင် ဘယ်လို နေထိုင်စား သောက်ရပါမလဲ။ ပျောက်ကင်းနိုင်တဲ့ ရောဂါလား သိပါရစေ။ သွေးတိုင်းရင်တော့ ၁၁ဝ-၇ဝ ပါတ်ဝန်းကျင် အမြဲလိုရှိတတ်ပါတယ်။ အသားမှာ သွေးခြေဥ တွေလို ဖြစ်လာတိုင်း သတိလစ်သလိုဖြစ်ပြီး ဆေးရုံတက်ရပါတယ်။ အဲဒီလိုဖြစ်တိုင်း plat က ၁ဝကျော်လောက်ဖြစ်သွားပါတယ်။ အသက်က ၃၁ ပါ။ အခု ပင်နီစလုံး သောက်နေရပါတယ်။ လောလောဆယ့့် မှာ အလုပ်လုပ်နေ ရင်းဖြစ်တာ သွေးအထူးကုဆရာဝန်နဲ့ ကုနေပါတယ် ဆရာ။ ဒါပေမဲ့ ဘာသာစကားမှာ ဆေးပညာဝေါဟာရ အားနဲလို့ စားသောက်နေထိုင်မှု ဥပမာ အားဖြည့် ဓါတ်စာပိုင်း လိုအပ်ချက်လေးတွေ ဆရာ့ဆီ အကူညီ တောင်းချင်ပါတယ်။ ဆရာ့ကို online မှာ တွေ့နေပြီး ဆေးပညာ ကြောင်းလေးတွေ ဖြေပေးနေတာ လေးစားပါတယ် ဆရာ။ အမြဲလဲ ဖတ်ဖြစ်ပါတယ်။

• Idiopathic Thrombocytopenic Purpura နာမည်ကတော့ရှည်တယ်။ ဘာလို့ဖြစ်မှန်းမသိရတဲ့ သွေးအားနည်းရောဂါ ဖြစ်တယ်။
• Autoimmune thrombocytopenic purpura လို့လဲခေါ်သေးတယ်။ ခုခံအားစနစ် ကမောက်ကမ ဖြစ်ရာကနေ ဖြစ်တယ်။
• Platelet count (Thrombocytopenia) သွေးမှုံတွေနည်းနေတာပါ။ သွေးမှုတွေထွက်ရာ Bone marrow ရိုးတွင်းခြင်ဆီက ပုံမှန်ဖြစ်နေပေမဲ့ ဘာလို့ဖြစ်သလဲ မသိသေးပါ။
• Purpuric rash သွေးခြည်ဥလေးတွေပေါ်ပြီး သူများထွက် သွေးယိုလွယ်လွန်းတယ်။
• ရက်တိုဖြစ်တာက ပိုးဝင်တာကနေဖြစ်တယ်။ ၂ လလောက်နေရင် ပျောက်ပါတယ်။ နာတာရှည်ဖြစ်တာမျိုးက ၆ လမက ကြာမယ်။
• သွေးမှုံက ပုံမှန် 150,000–450,000 per microlitre (μl) ရှိတယ်။ အခုရောဂါကို သွေမှုံ ဘယ်လောက်နည်းရင် ခေါ်မလဲလို့ သတ်မှတ်ချက်မရှိပါ။
• သွေးမှုံနည်းမယ်၊ သွေးယိုမယ်ဆိုရင်။ နှာခေါင်းသွေး၊ သွားဖုံးသွေးယိုနိုင်တယ်။ မိန်းမဆိုရင် ရာသီဆင်းတာ များမယ်။ ဆိုးနေချိန်မှာ အတွင်းထဲမှာ သွေးထွက်ထားလို့ အစိုင်အခဲဖြစ်နေမယ်။ ကံမကောင်းလို့ သွေးမှုံအရေအတွက်က (<5 br="" hemorrhage="" intracerebral="" l="" or="" per="" subarachnoid="">• 20,000 per μl ထက်မနည်းရင်တော့ အဲလိုနောက်ဆက်တွဲဖြစ်မှာတွေ မဖြစ်ပါ။
• Corticosteroids စတီရွိုက်ဆေးပေးမယ်။ IV immunoglobulin, anti-D immunoglobulin, or immunosuppressive drugs ဆေးတွေလဲ သုံးတယ်။ ဒီလိုဆေးတွေနဲ့ မရရင်တော့ Splenectomy ဘေလုံး ထုတ်ပြစ်လိုက်ရတယ်။
• သွေးယိုတာများလွန်းရင် Platelet transfusions သွေမှုံသွင်းပေးရတတ်တယ်။ လူတိုင်းအတွက်မလိုပါ။
• လူနာ ၆ဝ% မှာ သွေးမှုံကိုဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေစမ်းတွေ့တယ်။
• Steroids စတီရွိုက်ဆေးကို ရေရှည်သုံးရသူတွေမှာ Osteoporosis အရိုးအားနည်းတာ၊ Diabetes ဆီးချိုနဲ့ Cataracts မျက်စိတိမ်ဖြစ်မှာတွေကို သတိထားရမယ်။
• Anti-D ဆေးကိုလဲသုံးနိုင်တယ်။ Rh-positive သမားတွေအတွက်သာသင့်တယ်။
• Immunosuppresants ခုခံအားကိုသက်ရောက်စေတဲ့ဆေးမျိုး ဥပမာ Mycophenolate mofetil နဲ့ Azathioprine တွေကိုလဲ သုံးတယ်။
• Intravenous immunoglobulin (IVIg) သွေးကြောထဲထိုးတဲ့ဆေးကိုလဲ တချို့လူနာတွေအတွက်သုံးတယ်။ ဈေးကြီးတယ်။
• Thrombopoietin receptor agonists ဆေးတွေက ရိုးတွင်းခြင်ဆီကနေ သွေးမှုံတွေ ပိုထွက်အောင် လုပ်ပေးမယ်။
• Romiplostim (Nplate) နဲ့ Eltrombopag (Promacta, Revolade) တွေဖြစ်တယ်။
• H. pylori ဗက်တီးရီးယားကနေ အစာလမ်း လေနာဖြစ်စေတယ်။ ရှိနေရင် ပိုးသေဆေးပေးတာနဲ့ လူနာ ၃ ယောက်မှာ ၁ ယောက်၊ သွေးမှုံအရေအတွက် တိုးလာတယ်။
• Dapsone ခေါ်တဲ့ အနာကြီးရောဂါပိုးအတွက်ဆေးကို အကုရခက်လှတဲ့ lupus (လူးပတ်စ်) ရောဂါနဲ့ rheumatoid arthritis (ရူမတွိုက်) အဆစ်ရောင်ရောဂါတွေအပြင် ITP အတွက်ပါပေးစမ်းနေပါတယ်။
• ကလေးတဝက်။ တနှစ်မှာ လူ ၁ သန်းထဲက လူနာသစ် ၅ဝ-၁ဝဝ တွေ့နေတယ်။ လူကြီးတဝက်ဖြစ်တယ်။ ကလေးမှာဖြစ်ရင် ၇ဝ% က ၆ လနေရင်ပျောက်သွားကြတယ်။ လူကြီးတွေမှာတော့ နာတာရှည်ဖြစ်တတ်တယ်။ ၂ဝ-၄ဝ မှာ ကောင်းကောင်း သက်သာလာတယ်။ မိန်းမတွေက နည်းနည်းလေးပိုဖြစ်တယ်။ ကိုယ်ဝန်ဆောင်ရင် အထူးသတိထားရမယ်။
• အစာအာဟာရ ထူးပြောစရာမရှိပါ။ ထိခိုက်မိမှာမျိုး သတိထားပါ။ ဘာလို့ဖြစ်ရသလဲ မသိတာမို့ ကံတရား အားကိုးပါ။ စိတ်ဓါတ် လုံးဝ မကျပါနဲ့။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ