Green Tea သောက်ခြင်းဖြင့် ဦးနှောက်ကို ပိုမိုအားကောင်းစေနိုင်

ဘေဆယ်လ် ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခခရစ်တိုဘက်လင်ဂျာနှင့် စိတ်ရောဂါဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခ စတီဖန်ဘော့ဂ်ဝက်တို့ ဦးဆောင်သော သုတေသီအဖွဲ့ များ၏ လေ့လာမှုအသစ်တစ်ခုအရ ဂရင်းတီးအဆီသည် ဦးနှောက်၏ အရေးပါသော ဆက်သွယ်မှုကို တိုးတက်စေပြီး ဦးနှောက်အစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်းတစ်ခုကို အသုံးချသည့် အမြဲတမ်းမဟုတ်သော လွှမ်းမိုးမှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ အကျိုးသက်ရောက်မှုကြောင့် ဦးနှောက်၏ ဆက်သွယ်မှုအပေါ် အမှန်တကယ်သိမြင်တတ်သော စွမ်းဆောင်မှုများကိုလည်း တိုးတက်စေနိုင်သည်။ ယင်းလေ့လာမှုတွင် ပါဝင်သူများကို ဂရင်းတီးအဆီတိုက်ကျွေးပြီးနောက် ၎င်းတို့၏လက်တွေ့ အသုံးချမှတ်ဉာဏ်များ သိသိသာသာ ပိုကောင်းလာကြောင်းတွေ့ရသည်။

၎င်းတို့၏ဦးနှောက်လုပ်ဆောင်မှုများကို သိပ္ပံပညာရှင်များက သံလိုက်လှိုင်းဖြင့် ပုံဖော်ခြင်းစနစ် (MRI)စက်အသုံးပြုပြီး လေ့လာခဲ့ရာ ဦးနှောက်အလယ်ပိုင်းအခန်းနှင့် ရှေ့ပိုင်းကြား ဆက်သွယ်မှု တိုးတက်လာကြောင်း တွေ့ရှိရသည်။

ယင်းအာရုံကြောဆိုင်ရာ လေ့လာတွေ့ရှိချက်များမှာ GreenTea သောက်ထားသူ၏ အလုပ်တာဝန်စွမ်းဆောင်ရည်တိုးတက်မှု နှင့် အပြုသဘော ဆက်စပ်မှုရှိကြောင်းဖော်ပြနိုင်သည်။

Green Tea ကို အပူ၊ အအေး မိမိကြိုက်နှစ်သက်ရာ သောက်သုံးနိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူများအပြင် အခြားသူများလည်း ဦးနှောက်အားကောင်းရန် သောက်သုံးသင့်ကြောင်း အကြံပြုထားသည်။ သုတေသီများက ၎င်းတို့၏ တွေ့ရှိချက်များကို Psy-chophar macology ဂျာနယ်တွင် ဖော်ပြထားသည်။

Ref: Internet

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ