Excessive or unwanted hair in women အမျိုးသမီး ကိုယ်မွေးများခြင်း


• ဆရာရှင့် သမီး ဟော်မုန်းပြောင်းလဲလို့လားမသိဘူး နှုတ်ခမ်းမွေးတွေ ထွက်လာာပါတယ် ။ မိန်းကလေးတယောက်အနေနဲ့ ရှက်မိပါတယ်။ သမီးအသက်က ၂၃ ပါရှင် ။ အိမ်ထောင်သည်ပါ ။
• ရာသီ မှန်ပါသလား။ တားဆေး သုံးပါသလား ။ ဖြစ်တာ ဘယ်လောက်ကြ။ တခြး ဘာဖြစ်။ ဥပမာ လိင် (ဆောရီး) ။
• တားဆေးမသုံးပါ ဆရာ။ ရာသီမှန်ပါတယ်။ ၃ လလောက်မှ နှုတ်ခမ်းမွေးတွေ ထူလာတာဆရာ။
• မရိတ်ပါနဲ့။ မနုတ်ပါနဲ့။ သိသာရင် ဖယောင်းသုံးနုတ်နည်းသာလုပ်ပါ။ စောင့်ကြည့်ပါ။ ရာသီနဲ့ လိင်စိတ်မူမတူရင်သာ ထပ်မေးပါ။
• လိင်စိတ်က တော့ ပြောင်းတယ်ဆရာ။
• နည်းလာတာလား။
• ဟုတ်ဆရာ။ သားအိမ်ပုံစံပျက်မှာ ကြောက်တာမို့ သိပ်စိတ်မပါဘူးဆရာ။

အမျိုးသမီးတွေမှာ ကိုယ်မွေးအနည်းအများ မတူကြပါ။ အမြင်မှာ ကိုယ်မွေးထူတာမျိုးက ပုံမှန်များ တာဖြစ်နိုင်သလို ယောက်ျားတွေနဲ့တူသလို ဥပမာ နှုတ်ခမ်းမွေးပေါက်တာဆိုရင် တခုခုလွဲနေ သလား ဆေးစစ်ဆေး ရပါမယ် ။ အင်ဒရိုဂျင် ခေါ်တဲ့ ယောက်ျားဟော်မုန်းက မိန်းမတွေမှာ နည်းနည်းလေး သာရှိရတယ် ။ အဲတာများနေရင် ယောက်ျားတွေလို ကိုယ်မွေးပေါက်နိုင်တယ် ။ တခါတလေ ဘာလို့ဖြစ်မှန်း မသိပဲ မိန်းမတွေမှာ အဲလိုဖြစ်နေတတ်တယ် ။ များသောအားဖြင့် အဲလိုဖြစ်ပေမယ့် ဘာမှစိုးရိမ်စရာမရှိပါ။ အမြင်အရမလှသလိုနဲ့ စိတ်မှာ အလိုမကျဖြစ်တာသာရှိမယ်။

Hirsutism ဆိုတာ အမျိုးသမီးနဲ့ ကလေးတွေမှာ ရင်ပတ်နဲ့ ကျောဘက်မှာ အမွေးတွေများတာကို ခေါ်တယ်။ တလွဲဆံပင်ကောင်းသူတွေ။ တချို့မှာ ကင်ဆာရောဂါနဲ့ တွဲနေတတ်တယ်။ Minoxidil ဆိုတဲ့ ဆံပင်ပေါက်ဆေးကြောင့် ကွက်ပြီး အမွေးတွေများလာတတ်တယ်။ မွေးရာပါ Hypertrichosis ရှိသူ ခုထိ အလယ်ခေတ်ကတည်းက ရေတွက်တာ လူပေါင်း ၁ဝဝ တောင် မရှိသေးဘူးတဲ့။ မွေးရာပါဆိုရင် ကုမရပါ။

Polycystic Ovarian Syndrome (PCOS) မျိုးဥအိမ်အကျိတ်များရောဂါဆိုရင်တော့ သတိထားရပါမယ်။ ကိုယ်မွေးများတာအပြင် ဝက်ခြံလည်းပေါက်မယ်။ ရာသီမမှန်လည်းဖြစ်မယ် ။ အိမ်ထောင်ကျရင် ကလေး မရဖြစ်နိုင်တယ် ။ ကိုယ်အလေးချိန်ချလို့ခက်မယ်။ ဆီးချိုပါဝင်လာနိုင်တယ် ။ တကယ်လို့ ရုတ်တရက်သာ ကိုယ်မွေးများလာရင် အကျိတ် (ကင်ဆာ) လားစစ်ဆေးကုသရမယ် ။ ကျောက်ပ် အထက်မှာနေတဲ့ အဒရီနယ် အိတ်ကင်ဆာ ၊ မျိုးဥအိမ် Cushing syndrome ကွတ်ရှင်းဆင်ဒရုမ်း၊ Congenital adrenal hyperplasia မွေးရာပါရောဂါ၊ Hyperthecosis မျိုးဥအိမ်ကနေ ကျားဟော်မုန်း များများထုတ်တဲ့ရောဂါတွေကို စစ်ဆေးကုသရမယ်။ ဒါ့ပြင် testosterone, danazol, anabolic steroids, glucocorticoids, cyclosporine , minoxidil နဲ့ phenytoin ဆေးတွေကနေလည်း အဲလိုဖြစ်စေနိုင်တယ် ။

အမွေးရိတ်လို့ ပိုတော့မပေါက်နိုင်ပေမယ့် ပေါက်တာကပိုကြမ်းလာမယ်။ အမြင်မှာထူနေသလိုထင်ရမယ်။ ဇာကနာနဲ့ နှုတ်နည်းနဲ့ ဖယောင်သုံးနုတ်နည်းတွေက သက်သာစေမယ်။ နာတဲ့နည်းဆိုရင် ရောင်ရမ်းဖြစ်စဉ်အရ အမာရွတ် ထင်နိုင်တာ သတိထားပါ။ Electrolysis နည်ဆိုတာ လျှပ်စစ်သုံးနည်းဖြစ်တယ်။ အမွေးလုံးလုံးရှင်းသွားစေနိုင်ပေမယ့် ကုန်ကျစရိတ်ကြီးတယ်။ တခါတည်းတော့မရတတ်ပါ။ ဒီနည်းကနေလည်း အမာရွတ်ဖြစ်စဉ်ရှိနိုင်တယ်။ လေဆာနည်းက အမွေးမည်းနက်တာအတွက်သာသုံးတယ်။ နေရာကျယ်တာအတွက်သင့်တယ်။

- Polycystic Ovarian Syndrome (PCOS) မျိုးဥအိမ်အကျိတ်များရောဂါ http://doctortintswe.blogspot.com/…/polycystic-ovarian-synd
- Body hair တလွဲဆံပင်ကောင်းသူများ http://doctortintswe.blogspot.com/2014/11/body-hair.html
- Waxing ဖယောင်းသုံးပြီး အမွေးတုံးစေမယ် http://doctortintswe.blogspot.com/2015/03/waxing.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ