Dementia ဒီမန်းရှားရောဂါ


ဒီမန်းရှားရောဂါဆိုတာ နေ့စဉ်အလုပ်တွေအတွက် ထိခိုက်စေအောင်အထိ မှတ်ဥာဏ် ၊ စဉ်းစားမှုစွမ်းရည် ကျဆင်းခြင်းကို ခေါ်တယ် ။ ဒီမန်းရှားရောဂါဖြစ်သူတွေထဲမှာ Alzheimer's disease က ၆ဝ-၈ဝ% ပါဝင်။ ဆထုပ်ခေါ် ဦးနှောက်သွေးကြော မတော်တဆ ဖြစ်ပြီးသူတွေမှာဖြစ်တဲ့ Vascular dementia က ဒုတိယအများဆုံးဖြစ်။ အသက်ကြီးလိုဖြစ်တာ မဟုတ်။ Senile dementia လို့ခေါ်တာ မမှန်။

ခံစားရာတွေအမျိုးမျိုးရှိတဲ့အထဲမှာ အောက်ကအချက် အနည်းဆုံး ၂ မျိုးပါနေမယ်။ Memory မှတ်ဥာဏ်နည်း၊ Communication and language ဆက်သွယ်ရေးနဲ့ ဘာသာစကား၊ Ability to focus and pay attention အာရုံစိုက်နိုင်မှုကျဆင်း၊ Reasoning and judgment ဆင်ခြတုံတရားနဲ့ ဆုံးဖြတ်ချက် အားနည်းခြင်းနဲ့ Visual perception အမြင်အားနည်းခြင်း။

အတော်များများက ကာလတိုမှတ်ဥာဏ်နည်းကြတယ်။ မကြာသေးခင်ကလုပ်ထားတာကို မေ့နေတယ်။ အတော်များများက ကြာလေ ဆိုးလာလေဖြစ်တယ်။ ဖြစ်ရတာက ဦးနှောက်ဆဲလ်တွေ ချို့ယွင်းလာလို့ဖြစ်တယ် ။ တွေးတာ၊ အမူအယာနဲ့ ခံစားချက်တွေမှာ အရင်လို မဟုတ်တော့ပါ။

စိတ်ကျခြင်း၊ ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှု၊ အရက်နဲ့ မူးယစ်ဆေးဝါး၊ လည်ပင်းကြီးရောဂါနဲ့ ဗီတာမင် အားနည်းလို့ကနေ ဆက်ဖြစ်တာဆိုရင် အဲတာတွေကို ကုသရှောင်ရှားတာနဲ့ သက်သာစေမယ်။

မဖြစ်အောင်ကာကွယ်သင့်တယ်။ နှလုံးသွေးကြောရောဂါကို ကာကွယ်ပါ။ ကိုလက်စထောများခြင်း၊ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်များခြင်း ကာကွယ်ပါ။ ကုသပါ။ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ အစားအသောက် ကျန်းမာရေးနဲ့ညီညွတ်တာကိုသာ စားပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ