Chlorine ကြောင့် ပျက်စီးသွားတဲ့ ဆံကေသာတွေအတွက်

ပျိုမေတို့ရဲ့ ဆံနွယ်တွေကို ဓာတုဗေဒပါတဲ့ ရေကန်ထဲက ရေတွေနဲ့ လွတ်ကင်းစေဖို့ နည်းလမ်းလေးတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့နော်.. အကြောင်းအရာလေးတွေကတော့........

* ရေကူးကန်ထဲမဆင်းခင်မှာ ဆံပင်ကို Silicone များစွာပါဝင်တဲ့ ပစ္စည်းတစ်မျိုးမျိုးနဲ့ Treatment လုပ်ရပါမယ်.. ဒါမှသာ ဆံကေသာတွေက Chlorine စုပ်ယူမှုတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်..

* နောက်ထပ်အကြံပြုချင်တာကတော့ ရေမကူးခင်မှာ Chlorine မပါတဲ့ ရေထဲမှာ ဆံပင်ကိုစိမ်ထားပါ.. အဲဒီလိုပြုလုပ်ခြင်းက ဆံသားတွေထဲကို ရေကူးကန်ထဲက Chlorine ပါတဲ့ ရေပမာဏ စိမ့်ဝင်မှုကို လျှော့ချပေးပါလိမ့်မယ်..

* ဒီထက်ပိုပြီး ကာကွယ်ချင်တယ်ဆိုရင်တော့ ဆံပင်ကို ရေကူးသမားတွေ လျှော်တဲ့ Shampoo မျိုးနဲ့ ခေါင်းလျှော်ရပါမယ်..

* Chlorine ကြောင့် ပျက်စီးနေတဲ့ ဆံကေသာတွေကို အိမ်မှာပဲ ကုသနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်.. ရေကူးပြီးတဲ့ အခါမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပျော်ဝင်နေတဲ့ ရေနဲ့ ဆေးကြောခြင်းက Chlorine ကြောင့် ဆံပင်ပျက်စီးမှုတွေကို ရပ်တန့်ပေးစေနိုင်ပါတယ်.. ခရမ်းချဉ်သီးရည်.. ရှောက်ရည်.. ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် တို့က Chlorine ကြောင့် ဆံပင်တွေ အစိမ်းရောင်သန်းပြီး ကျန်ခဲ့တာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်..။

ဝင်းရံထက် (အင်တာနက်)
M Plaza Shopping Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ