အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အမျိုးသမီးများ ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင်



အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။

ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထားသည်။ သုတေသီ များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ရှိသော အမျိုးသမီး ၁၅၂ ဦးနှင့် အမျိုးသား ၄၂၉ ဦးတို့အား ရောဂါရှာဖွေ ဖော်ထုတ် ခဲ့ကြသည်။ ထို့နောက် ကင်ဆာ ရောဂါနှင့် ဆက်နွှယ်သည့် ပြောင်းလဲမှု အမျိုးမျိုးကို ချိန်ကိုက် ထိန်းညှိရာမှ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများဆုံး စားသော အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိ ခဲ့ကြသည်။

အ၀ါ-လိမ္မော်ရောင် ရှိသော ဟင်းသီးဟင်းရွက် အများဆုံး စားသုံးသူ အမျိုးသမီး များသည် အဆိုပါ ဟင်းသီးဟင်းရွက် များအား အနည်းဆုံး စားသုံးသူ အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု ၅၂ ရာခိုင်နှုန်း ပိုနည်းကြောင်း သုတေသီ များက ပြောကြားထားသည်။

ထို့ကြောင့် ဗီတာမင်အေ၊ စီ၊ အီး အများဆုံး စားသုံးသည့် အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု အန္တရာယ် အနည်းဆုံး ဖြစ်ကြောင်း ဖော်ပြပါ လေ့လာ ချက်အား အကြံပြု ထားသည်။
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အမျိုးသမီးများ ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု နှုန်းကို လျှော့ချနိုင် ဟိုနိုလူလူ သြဂုတ် ၂၆ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။ ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထားသည်။ သုတေသီ များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ရှိသော အမျိုးသမီး ၁၅၂ ဦးနှင့် အမျိုးသား ၄၂၉ ဦးတို့အား ရောဂါရှာဖွေ ဖော်ထုတ် ခဲ့ကြသည်။ ထို့နောက် ကင်ဆာ ရောဂါနှင့် ဆက်နွှယ်သည့် ပြောင်းလဲမှု အမျိုးမျိုးကို ချိန်ကိုက် ထိန်းညှိရာမှ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများဆုံး စားသော အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိ ခဲ့ကြသည်။ အ၀ါ-လိမ္မော်ရောင် ရှိသော ဟင်းသီးဟင်းရွက် အများဆုံး စားသုံးသူ အမျိုးသမီး များသည် အဆိုပါ ဟင်းသီးဟင်းရွက် များအား အနည်းဆုံး စားသုံးသူ အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု ၅၂ ရာခိုင်နှုန်း ပိုနည်းကြောင်း သုတေသီ များက ပြောကြားထားသည်။ ထို့ကြောင့် ဗီတာမင်အေ၊ စီ၊ အီး အများဆုံး စားသုံးသည့် အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု အန္တရာယ် အနည်းဆုံး ဖြစ်ကြောင်း ဖော်ပြပါ လေ့လာ ချက်အား အကြံပြု ထားသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ