ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန် စားသုံးသင့်သော အမျှင်ဓာတ်


အမျှင်ဓာတ် များများရအောင် ဘယ်လိုစားမလဲ ?

သင်ရဲ့ နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဆန်လုံးညို စတာတွေ တစ်မျိုးမဟုတ် တစ်မျိုး ပါဝင်အောင် စားပါ။မပါဝင်ခဲ့ဘူး ဆိုရင် သရေစာ စားတဲ့အခါ အစေ့အဆန်၊ ကောက်နှံကွေကာ၊ ဒိန်ချဉ် စတာတွေ စားပေးဖို့ လိုပါတယ်။
ခန္ဓာကိုယ်ကျန်းမာပြီး ရောဂါဘယတွေ ကင်းရှင်းဖို့ အမျှင်ဓာတ်တွေ ပါဝင်အောင် စားသုံးဖို့လိုပါတယ်။ အမျှင်ဓာတ် ရရှိအောင် အောက်ပါ အစားအစာတွေကို စားသုံးသင့်ပါတယ်။

ကောက်နှံတစ်ခုလုံး ပါဝင်စာ

အမေရိကန်နိုင်ငံသား အများစုက အမျှင်ဓာတ်ကို လုံလောက်စွာ စားသောက်မှု မရှိကြပါဘူး။ သွေးတွင်း ကိုလက်စထရောကို လျှော့ချဖို့၊ ၀မ်းချုပ်တာ ကာကွယ်ဖို့၊ အစာချေဖျက်မှု ကောင်းစေဖို့ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏရဲ့ တစ်ဝက်ကိုသာ စားသုံးကြပါတယ်။ ကောက်နှံတစ်ခုလုံး ပါဝင်စာမှာ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ သင့်မနက်စာမှာ ကောက်နှံတစ်ခုလုံး ပါဝင်စာ ဒါမှမဟုတ် အုတ်ဂျုံတစ်ခွက် စားသုံးတာကြောင့် အမျှင်ဓာတ် သုံးဂရမ်ကို ရရှိနိုင်ပါတယ်။ အမျိုးသားတစ်ယောက် အတွက် တစ်နေ့ကို အမျှင်ဓာတ် ၃၈ ဂရမ်နဲ့ အမျိုးသမီး တစ်ယောက်အတွက် ၂၅ ဂရမ် လိုအပ်ပါတယ်။

လတ်ဆတ်သော သစ်သီး

လတ်ဆတ်တဲ့ ဘယ်သစ်သီးမျိုးမဆို သရေစာ စားသုံးဖို့ အသင့်တော်ဆုံးပါ။ သစ်သီးတွေကနေ အမျှင်ဓာတ်ကို ရရှိနိုင်ပေမယ့် သစ်သီး အမျိုးအစားပေါ် မူတည်ပြီး ရရှိနိုင်တဲ့ အမျှင်ဓာတ် ပမာဏတွေ မတူညီနိုင်ပါဘူး။ လေ့လာမှု တွေအရ အမျှင်ဓာတ် စားသုံးတာက နှလုံးနဲ့ အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားနှုန်းတွေကို လျှော့ချနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်

တစ်နေ့ကို ဟင်းသီးဟင်းရွက် ခွက်တစ်ဝက် စားသုံးမယ်ဆိုရင် အမျှင်ဓာတ် ၁-၂ ဂရမ် ရရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက် များများ စားဖြစ်အောင် ကြက်ဥ ကြော်ထဲမှာ ထည့်စားတာ၊ ဆင်းဒ၀ှစ်ထဲမှာ ညှပ်စားတာ၊ စွပ်ပြုတ်ထဲ ထည့်စားတာမျိုးတွေ လုပ်ပေးပါ။

သစ်သီးခြောက် ဆီးသီးခြောက်က အစာချေဖျတ်မှုကို အားပေးပါတယ်။ ဆီးသီးခြောက်ခွက်တစ်ဝက်စာ စားသုံးပါက အမျှင်ဓာတ် ၃ဒသမ ၈ဂရမ်ကို ရရှိနိုင်ပါတယ်။သစ်သီးခြောက် အများစုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ စွန်ပလွံသီးခြောက်၊ စပျစ်သီးခြောက်၊ တရုတ်ဆီးသီးခြောက် စတဲ့ သစ်သီးခြောက်တွေကို သရေစာ အဖြစ် စားပေးပါ။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ အသားဓာတ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်ပြီး အဆီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ သင် ချက်ပြုတ် စားသောက်တဲ့ ဟင်းလျာတွေထဲမှာ တစ်ပတ်ကို နှစ်ကြိမ်လောက် ပဲအမျိုးမျိုးကို ပါဝင်အောင် ချက်ပြုတ် စားသောက်ပါ။ ပဲအမျိုးမျိုး စားပြီးတဲ့အခါ လေပွတာနဲ့ ၀မ်းချုပ်တာ မဖြစ်အောင် ရေများများ သောက်ပေးပါ။

ဒိန်ချဉ် ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားတွေ များစွာပါဝင်ပြီး အမျှင်ဓာတ် ကိုလည်း ရရှိနိုင်ပါတယ်။ ဒိန်ချဉ် တစ်မျိုးတည်း ဖြစ်စေ၊ သစ်သီးနဲ့ အစေ့အဆန်တွေ ရောပြီးဖြစ်စေ စားသုံးနိုင်ပါတယ်။

အစေ့အဆန်

အစေ့အဆန်တွေမှာ ကယ်လိုရီနဲ့ အဆီတွေ များစွာပါဝင်ပြီး အမျှင်ဓာတ် ရရှိနိုင်တဲ့ အဓိက အရင်းမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ နေကြာစေ့ ခွက်တစ်ခွက် လေးပုံတစ်ပုံ စားသုံးပါက အမျှင်ဓာတ် ၃ ဒသမ ၉ ဂရမ် ရရှိနိုင်ပါတယ်။ ဗာဒံစေ့ တစ်အောင်စကနေ ၃ ဒသမ ၅ဂရမ်ကို ရရှိနိုင်ပါတယ်။ အစေ့အဆန်တွေကို သရေစာအဖြစ် စားတာ၊ ဒိန်ချဉ်ထဲ ထည့်စားတာတွေ ပြုလုပ်နိုင်ပါတယ်။

ဆန်လုံးညို

ဆန်လုံးညိုကို စားသုံးတာကြောင့် အမျှင်ဓာတ် များစွာ ရရှိစေပါတယ်။ ဆန်လုံးညို စားတာကြောင့် ကယ်လိုရီ ရရှိနိုင်တယ် ဆိုပေမယ့် အမျှင်ဓာတ် များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန် တက်မှာ မပူရပါဘူး။ အမျှင်ဓာတ်က ဆာလောင်မှု မရှိတာကြောင့် အစာစားသုံးမှုကို လျှော့ချပေးပြီး ကိုယ် အလေးချိန်ကို ထိန်းသိမ်းပေးပါတယ်။

ဂုန်လျှော်စေ့

ဂုန်လျှော်စေ့မှာ အမျှင်ဓာတ် ပါဝင်မှုက အတော်များပါတယ်။ ဂုန်လျှော်စေ့ လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာမှာ အမျှင်ဓာတ် ၂ ဒသမ ၈ ဂရမ် ပါဝင်ပါတယ်။ ဂုန်လျှော်စေ့ကို ၀မ်းနုတ်ဆေး အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ လေ့လာမှု တွေအရ ဂုန်လျှော်စေ့က သွေးတွင်း ကိုလက်စထရောကို လျှော့ချပေးပါတယ်။

Pyimyanmar Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ