ကလေးတွေဘာကြောင့် ဓါတ်မတည့်ရောဂါ အဖြစ်များလာရသလဲ


(၁) သန့်ရှင်းလွန်းသော ပတ်ဝန်းကျင်
မွေးကင်းစအရွယ်ကတည်းက အလွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ကလေးတွေဟာ ပဋိလှုံ့ပစ္စည်း (antigen) တွေနှင့်ထိ တွေ့မှု မရှိသလောက်နည်းပါးတာ ကြောင့် အန္တရာယ်ရှိ ပဋိလှုံ့ပစ္စည်း တစ်ခုခုကို ထိတွေ့မိတဲ့အခါ သာမန် ကလေးများထက် တုံ့ပြန်မှုပိုတတ်ကြ ပါတယ်။

(၂) သီးနှံပိုးသတ်ဆေးများ
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး မသန့်စင်တဲ့ သီးနှံတွေစားမိတဲ့အခါ အူတွင်းသဘာဝပိုးမွှားများ ကမောက် ကမဖြစ်ပြီး အချို့အစားအစာတွေကို ကောင်းစွာမချေဖျက်နိုင်ဘဲ ဓါတ်မတည့်ခြင်းဖြင့်တုံ့ပြန်တတ်ပါတယ် ။

(၃) မျိုးဗီဇပြုပြင် အစားအစာများ
ဓါတ်မတည့်ခြင်းဟာ ကိုယ်ခံ အားစနစ်နှင့် ပရိုတင်းတို့ ဓါတ်ပြုတဲ့ ဖြစ်စဉ်ကိုအခြေခံပါတယ်။ သီးနှံအ ထွက်တိုး အောင် မျိုးဗီဇပြုပြင်ထားတဲ့ ဖရဲသီး၊ ငှက်ပျော၊ လိမ္မော်၊ ပဲစတာ တွေစားမိတဲ့အခါ ရင်းနှီးနေကျပရိုတင်းမဟုတ်တော့တဲ့ ပရိုတင်းအသစ် တွေနှင့်ထိတွေ့ပြီး ဓါတ်မတည့်ဖြစ် စဉ် အစပျိုးလာတတ်ပါတယ်။

(၄) နို့ထွက် ပရိုတင်းအသစ်များ
နွားနို့နှင့်နို့ထွက်ပစ္စည်းများမှာ သဘာဝအတိုင်းရာနှုန်းပြည့် ထုတ် လုပ်ရောင်းချရန် တွက်ချေမကိုက် သောကြောင့် အရသာရှိစေရန်၊ အာ ဟာရဖြစ်စေရန် ပရိုတင်းသစ်များ
ဖန်တီးလျက်ရှိပြီး ထိုပရိုတင်းသစ်များ ကြောင့်လည်း ဓါတ်မတည့်ရောဂါဖြစ် တတ်ပါတယ်။

(၅) ခွဲစိတ်မွေးဖွားခြင်း
သဘာဝအတိုင်းမဟုတ်ဘဲခွဲ စိတ်မွေးဖွားမှုတွင်ကျယ်လာသည် နှင့်အမျှ ကလေးသူငယ် ဓါတ်မတည့် ရောဂါလည်း ပိုအဖြစ်များလာပါ တယ်။ခွဲစိတ်မွေးဖွားခံရသည့်က လေးငယ်များဟာ
သဘာဝအတိုင်း မွေးဖွားသူကလေးငယ်များထက် ဓါတ်မတည့်ရောဂါ ဆ ပိုမိုဖြစ်ပွားသည်ကိုတွေ့ရပါတယ် ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ