လူတစ်ယောက်တွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းရှိ

 ကင်ဆာရောဂါ ကင်းစေရန် ရည်ရွယ်၍ Wellness မဂ္ဂဇင်းမှ ကြီးမှူးကျင်းပသည့် ကင်ဆာရောဂါ ကင်းဝေးစေရေး အသိပညာဖြင့် ကာကွယ်ပေး ဟောပြောပွဲတွင်

ကင်ဆာရောဂါ အထူးကု ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်က လူတစ်ယောက်တွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းရှိကြောင်း ဟောပြောခဲ့သည်။

''လူတစ်ယောက်အဖို့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းရှိပြီး မဖြစ်နိုင်ခြေကတော့ ၇၅ ရာခိုင်နှုန်းရှိပါတယ်။ အဲဒါကြောင့် ရောဂါမဖြစ်ခင် အနေအထိုင်၊ အစားအသောက် ဆင်ခြင်သင့်တယ်''ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့ သည်။ အဆိုပါ ကင်ဆာရောဂါသည် အစားအသောက်ကြောင့် ၃၅ ရာခိုင်နှုန်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ၃ဝ ရာခိုင်နှုန်း၊ ဗိုင်းရပ်စ်ပိုးကြောင့် ၁ဝ ရာခိုင်နှုန်း၊ လိင်ဆက်ဆံမှုကြောင့် ၂ ရာခိုင်နှုန်း၊ လုပ်ငန်းခွင် အန္တရာယ်ကြောင့် ၄ ရာခိုင်နှုန်း၊ အရက်ကြောင့် ၃ ရာခိုင်နှုန်း၊ နေရာဒေသကြောင့် ၃ ရာခိုင်နှုန်း၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု ကြောင့် ၂ ရာခိုင်နှုန်း၊ စက်ရုံစွန့်ပစ် ပစ္စည်းကြောင့် ၁ ရာခိုင်နှုန်း၊ ဆေးဝါးများကြောင့် ၁ ရာခိုင်နှုန်း၊ မျိုးရိုးကြောင့်၁ ရာခိုင်နှုန်း ထက်မနည်း စသည့်အချက်များကြောင့် ဖြစ်နိုင်ကြောင်း ဆရာကြီးက ရှင်းပြခဲ့သည်။

''လူတွေက ကင်ဆာရောဂါဖြစ်ရင် သေမှာပဲလို့တွေးကြတယ်။ တကယ်တော့ ကင်ဆာရောဂါ ဖြစ်တာကို စောစော သိရင် ကုလို့ရပါတယ်။ ကိုယ်ခံအား နည်းခြင်းကြောင့်လည်း ဖြစ်နိုင်တယ်'' ဟု ၎င်းကထပ်မံ ရှင်းပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ကင်ဆာရောဂါနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ ပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင်က ပြန်လည်ဖြေကြားပြီးနောက် ဆက်လက်၍ ဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ ကိုယ်စား Wellness မဂ္ဂဇင်းစီစဉ်သူ ဦးရဲမြင့်က ဆရာကြီးအား ဂုဏ်ပြုဂါဝရ လက်ဆောင်ပေးအပ်ပြီး Wellness မဂ္ဂဇင်း အယ်ဒီတာ ဒေါ်ခင်ချိုချိုဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ