ဗီတာမင်စီအုပ်ထားသော သွေးကြောချဲ့ကိရိယာငယ်က သွေးတွင်းအဆီခဲများကို သိသိသာသာ လျော့ကျစေနိုင်

ထိပ်ပိုင်းမှာ စကာငယ်လေးများ ပါဝင်တဲ့ သွေးကြောချဲ့ကိရိယာငယ် (stent)လေးတွေ ထည့်သွင်းထားရသူ စုစုပေါင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တစ်သန်းကျော်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ လူသားများရဲ့ အသက် ဆုံးရှုံးနိုင်ချေကို လျှော့ချပေးနိုင်တဲ့ အဆိုပါ ကိရိယာငယ်ကို ပိုပြီးအစွမ်းထက်စွာနဲ့  ကယ်ဆယ်စေနိုင်ဖို့  သိပ္ပံ ပညာရှင်များကတီထွင်နိုင်ခဲ့ပါတယ်။
ဗီတာမင်စီအပေါ်က အုပ်ထားတဲ့ သွေးကြောချဲ့  ကိရိယာတွေဟာ တပ်ဆင်အပြီးမှာ  ပြန်လည်သွေးခဲ ပိတ်ဆို့နိုင်ချေကို   နည်းပါးစေမှာ ဖြစ်ပြီး အဲဒီလို ပြန်ပြီး သွေးခဲဖြစ်ပေါ် မှုဟာ တပ်ဆင်ပြီး  လူနာ တစ်သောင်း ကျော် ကနေ ၅ သောင်းကျော်လောက်ထိ ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဗီတာမင် စီအုပ် ထားခြင်းဟာ  သွေးခဲပိတ်ဆို့ စေနိုင်တဲ့ နှလုံးရဲ့သွေးကြော နံရံက ကြွက်သားတွေရဲ့လှုပ်ရှားမှုကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးခဲပိတ်ဆို့မှုကို တားဆီးပေးနိုင်တဲ့ epithelial  ဆဲလ်တွေကို လည်းပိုပြီး ကြီးထွားလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် တပ်ဆင်အပြီးမှာလည်း ဗီတာမင်စီနဲ့ အခြားဆေးဝါး အာနိသင်တွေကို   အချိန်ကာလတစ်ခုအထိ   ထုတ်လွှတ်ပေးနိုင်မှာဖြစ်ကြောင်း ဦးဆောင်တီထွင်ခဲ့တဲ့ သုတေသီ Eagappanath Thiruppathi  နဲ့ Gopinath Mani  က ပြောကြားထားပါတယ်။
ဒီတွေ့ရှိမှုကို ACS Journal  မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သန့်စင်
Health Updates Journal
Ref; ANI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ