သေးငယ်သောဆူညံသံများကိုမခံနိုင်သည်မှာ ဦးနှောက်နှင့်အာရုံကြောရောဂါတစ်မျိုးဖြစ်


ဦးနှောက်နှင့်အာရုံကြောကျန်းမာရေးလောကတွင် လူတစ်ဦးနှင့်တစ်ဦး ပြုလုပ်လေ့ရှိသည့် နေ့ စဉ်ကြားနေ ကျ အသံများကို မခံနိုင်ဘဲ အလွန်အမင်းစိတ်ဆိုးခြင်း၊ အခန်းထဲမှထွက်ခွာသွားခြင်း၊ ၄င်းအသံပြုလုပ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း အစရှိသည့် Misophonia ဝေဒနာခံစားရပုံကို ပြန်လည်အထူးပြု စူးစမ်း လေ့လာနေပြီဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောသည် ။

အဆိုပါအသံများမှာ အလွန်သေးငယ်သောအသံများဖြစ်သည့် အစာဝါးသည့်အသံ၊ ရေသောက်သည့် အသံ၊ အသက်ရှူသံ အစရှိသည်တို့ ဖြစ်ကြောင်း၊ ၄င်းအသံများကိုကြားရလျင် မည်သူမဆို မသက်မသာ ခံစားရသည်ဖြစ်သော်လည်း အချို့ လူများသည် လွန်ကဲစွာခံစားကြရပြီး ၄င်းအသံများနှင့်ဝေးရာသို့ ထွက် သွားလိုကြကြောင်း၊ ထိုကဲ့သို့ ခံစားရသည့်ပြဿနာ၏အရင်းအမြစ်မှာ ဦးနှောက်ထဲတွင်ရှိကြောင်း သုတေသီတစ်ဦးက ပြောပြသည်။ လူတစ်ယောက်နဲ့ တစ်ယောက် အတိတ်ကကြုံတွေ့ ခဲ့တဲ့ဖြစ်ရပ်တွေ မတူပါဘူး။ အချို့ လူတွေက ဆိုးရွားတဲ့အတွေ့ အကြုံတွေကိုဖြတ်သန်းခဲ့ရပါတယ်။

ဒီလိုအတိတ်ဆိုး၊အိပ်မက်ဆိုးတွေနဲ့ ကြုံတွေ့ ခဲ့သူ တွေက အဲဒီလိုအသံအသေးလေးတွေကို မခံနိုင်ကြပါဘူး။ အသံသေးသေးလေးတွေကိုမခံနိုင်တဲ့ဝေဒနာကို Misophonia လို့ ခေါ်ပါတယ်။ အဲဒါ လူတစ်ယောက်ရဲ့ အကျင့်မဟုတ်ဘဲ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာတစ်ရပ်ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ သုတေသီများသည် သေးငယ်သောဆူညံသံများကို စိတ်တိုလွယ် သူတို့ ၏ဦးနှောက်အား MRI Scan စက်များဖြင့် လေ့လာဆန်းစစ်ခဲ့ကြောင်း၊ မိုးရွာသောအသံမှ လူတစ်ယောက်အစာဝါးနေသံ၊ အော်ဟစ်သံ၊ ကလေးငိုသံ မှသည် အစာစားသံ ၊အသက်ရှူသံ ၊၀ါးစားနေသံ ၊တစ်စုံတစ်ခုသောက်နေ သံ အစရှိသည်တို့ ကို နားထောင်စေကာ ဦးနှောက်အတွင်းပြောင်းလဲမှုများကို စူးစမ်းလေ့လာခဲ့ကြောင်း၊ Misophonia ဝေဒနာ ခံစားရသူဖြစ်လျင် ဦးနှောက်၏အတွင်းပိုင်း စိတ်ခံစားမှုကို ထိန်းချုပ်သောအပိုင်းတွင် လှုပ်ရှားမှုများ ဖြာထွက်လာကြောင်း ၊ ၄င်းအပိုင်းနှင့် ဦးနှောက်၏ မှတ်ဥာဏ် အပိုင်းတို့ ကို ချိတ်ဆက်ပေးမှုတွင်လည်း မူမမှန်သည့်လက္ခဏာများကိုတွေ့ ရှိရကြောင်း သိရသည်။

ယင်းတွေ့ ရှိချက်များအရ Misophonia သည် အတိတ်ကိုပြန်လည်စဉ်းစားအောက်မေ့ချိန်နှင့်များစွာ ဆက် နွယ်နေကြောင်း ၊ ဆူညံသံအသေးလေးများကို မခံနိုင်သူများတွင် အတိတ်တွင် အရိပ်ဆိုးများရှိခဲ့သူ ၊ ဖြတ်သန်းခဲ့ရသူများဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ နှင့်ကြုံတွေ့ လျင် ဒေါသတကြီးအပြစ်မတင်ဘဲ ထိုကဲ့ သို့  ခံစားရသည်မှာ ဦးနှောက်နှင့်အာရုံကြောအားနည်းချက်ဖြစ်သည်ကို သိရှိကာ လိုအပ်သလို အကူအညီ ပေးသင့်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ